ထိုင်းနိုင်ငံ အတွင်း အမျိုးသမီးလုပ်သားတွေ ကို ဓမ္မတာလာတဲ့ ရက်များ မှာ လုပ်ခလစာ မဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ဓမ္မတာလာချိန် အသုံးပြုရတဲ့ ပစ္စည်းတွေကို လုပ်ငန်းခွင် အတွင်းအခမဲ့စီစဉ်ပေးထားဖို့ ကိုလည်း ကြေညာထားပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့ (နှစ်စဉ် ဒီဇင်ဘာလ ၂၈ ရက်) တွင် အစိုးရနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ မြောက်ပိုင်းကွန်ရက်၏ အဆိုပြုချက် (၄) ခုကို ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများအတွက် တိကျသေချာသော အဖြေတစ်ခု ဖန်တီးနိုင်ရန် အဆိုပြုချက် နံပါတ် ၈ တွင် အမျိုးသမီး အလုပ်သမားများ၏ ဘဝအရည်အသွေး မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အဆိုပြုထားသည်အတိုင်း ဓမ္မတာရက်များ ကို ခွင့်ရက် အဖြစ် သတ်မှတ်ခြင်း ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ကြေညာချက်မှာပါရှိပါတယ်။
ဒါကြောင့် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဦးစီးဌာနမှ လူနေမှုဘဝ ကောင်းမွန်ရေး မြှင့်တင်ရန်အတွက် အမျိုးသမီး ဝန်ထမ်းများရဲ့ သန့်ရှင်းရေး pads များ လက်လှမ်းမီမှု မညီမျှမှုကို လျှော့ချရန် နှင့် အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေး မြှင့်တင်ရန်အတွက် ပြည်နယ်လူမှုဖူလုံရေးရုံးနဲ့ အလုပ်သမား ကာကွယ်ရေးရုံး တို့ကို အလုပ်ရှင်များအား ဖိတ်ကြား ပြီး ထုတ်ပြန်ချက်ကို လိုက်နာရန် ပြောကြားဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
NEWS
အမျိုးသမီးလုပ်သားတွေ ဓမ္မတာလာတဲ့ရက်ကို လုပ်ခလစာမဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အတည်ပြုပေး


375 Views
Related posts

မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025

နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025

မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025

နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025

အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025

ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025

မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025

ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025