ထိုင်းနိုင်ငံ အတွင်း အမျိုးသမီးလုပ်သားတွေ ကို ဓမ္မတာလာတဲ့ ရက်များ မှာ လုပ်ခလစာ မဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ဓမ္မတာလာချိန် အသုံးပြုရတဲ့ ပစ္စည်းတွေကို လုပ်ငန်းခွင် အတွင်းအခမဲ့စီစဉ်ပေးထားဖို့ ကိုလည်း ကြေညာထားပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့ (နှစ်စဉ် ဒီဇင်ဘာလ ၂၈ ရက်) တွင် အစိုးရနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ မြောက်ပိုင်းကွန်ရက်၏ အဆိုပြုချက် (၄) ခုကို ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများအတွက် တိကျသေချာသော အဖြေတစ်ခု ဖန်တီးနိုင်ရန် အဆိုပြုချက် နံပါတ် ၈ တွင် အမျိုးသမီး အလုပ်သမားများ၏ ဘဝအရည်အသွေး မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အဆိုပြုထားသည်အတိုင်း ဓမ္မတာရက်များ ကို ခွင့်ရက် အဖြစ် သတ်မှတ်ခြင်း ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ကြေညာချက်မှာပါရှိပါတယ်။
ဒါကြောင့် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဦးစီးဌာနမှ လူနေမှုဘဝ ကောင်းမွန်ရေး မြှင့်တင်ရန်အတွက် အမျိုးသမီး ဝန်ထမ်းများရဲ့ သန့်ရှင်းရေး pads များ လက်လှမ်းမီမှု မညီမျှမှုကို လျှော့ချရန် နှင့် အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေး မြှင့်တင်ရန်အတွက် ပြည်နယ်လူမှုဖူလုံရေးရုံးနဲ့ အလုပ်သမား ကာကွယ်ရေးရုံး တို့ကို အလုပ်ရှင်များအား ဖိတ်ကြား ပြီး ထုတ်ပြန်ချက်ကို လိုက်နာရန် ပြောကြားဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
NEWS
အမျိုးသမီးလုပ်သားတွေ ဓမ္မတာလာတဲ့ရက်ကို လုပ်ခလစာမဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အတည်ပြုပေး

623 Views
Related posts

ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026

မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026

အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026

Plan B လမ်းကြောင်းဖြင့် ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026

အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026

ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026

မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
