NEWS

အမျိုးသမီးတဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ

CoverLogo
524 Views
 
ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ၊ အမှတ် (၄)၊ ဘလောက် (၂၃)က မုတီ (ကာလာခွဲ ဆေးခြယ် လုပ်ငန်း)က အမျိုးသမီး အလုပ်သမားတဦး အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရတယ်လို့ ကူညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
“အဲစက်ရုံမှာ မမိုးမိုးဦးဆိုတဲ့ အမျိုးသမီးလေး ၊ သူက ဇန်နဝါရီ ၆ ရက်မှာ စက်ရုံကနေ အလုပ်ပြီးလို့ အဆောင် ပြန်လာတယ်။ ၅ နာရီခွဲလောက် သူငယ်ချင်းတွေဆီသွားတယ်။ ည ၉ နာရီလောက်မှာမုတီ စက်ရုံပိုင်ရှင် က အဆောင်ကို ပြန်လာဖို့ ဖုန်းဆက်တယ်။ ညနက်အချိန်ကြီးကို သူ အဆောင်ကို ပြန်လာခဲ့ရတယ်။ အဆောင် ရောက်တော့ သူဌေးက အလုပ် ထုတ်တယ်၊ နောက်ရက်လည်း အလုပ်လာစရာ မလိုဘူးဆိုပြီး အကြောင်းအရင်း မရှိ အလုပ် ထုတ်လိုက်တယ်" လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ပြောပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မမိုးမိုးဦးဟာ ၂၀၂၃ ခုနှစ် မေလကတည်းက မုတီ (ကာလာခွဲ ဆေးခြယ်လုပ်ငန်း) ခေါင်းဆောင်အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့တာဖြစ်ပြီး လုပ်သက် ၈ လကျော်မှာ အကြောင့်မဲ့ အလုပ်ထုတ် ခံ ခဲ့ရတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ပြန်ရောက်ခွင့်ရဖို့နဲ့ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ခံစားခွင့် ရရှိရေး ဆောင်ရွက်မှာဖြစ်တယ်လို့ STUM အဖွဲ့က ပြောပါတယ်။
“ဒီနေ့ (ဇန်နဝါရီ ၁၅)တော့ အလဆ( အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန)မှာ စရှင်းတော့မယ် ”လို့ STUM အဖွဲ့က ပြောပါတယ်။
 
မုတိ စက်ရုံမှာ အမျိုးသမီးအလုပ်သမား ၁၁ဦးနဲ့ အမျိုးသား နှစ်ဦး စုစုပေါင်း ၁၃ ဦးရှိပြီး EC ချုပ် ဆိုပေးတာ မရှိဘဲ အလုပ်သမားအားလုံး ပုတ်ပြတ်လစာနဲ့ လုပ်ကိုင်နေသူတွေလို့ သိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026