NEWS

အမျိုးသမီးစစ်မှုထမ်းဂယက်ကြောင့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ဖြစ်ပေါ်နိုင်

CoverLogo
447 Views
 
စစ်မှုထမ်းဖို့အတွက်အမျိုးသားရောအမျိုးသမီးပါဖိအားပေးပြီးစာရင်းကောက်လာချိန်မှာနေရပ်ပြန်လိုတဲ့အလုပ်သမားတွေများလာပါတယ်။
 
အဲ့ဒီအတွက်ကြောင့် ပြည်တွင်းက စက်မှု လက်မှု စက်ရုံ အလုပ်ရုံ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အရွယ်ရောက် ကျွမ်းကျင်လုပ်သားတွေ ရှားပါးလာနိုင်တယ်လို့ အလုပ်သမား အရေး လုပ်ဆောင်သူတွေက သတိပေးမှုတွေရှိနေပါတယ်။
 
ရန်ကုန်မြို့ရဲ့စက်မှုဇုန်တွေဟာ ရွှေ့ပြောင်းလုပ်သားအများအပြားဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပြီးလက်ရှိမှာတော့အလုပ်သမားတွေရဲ့စိုးရိမ်သောကတွေပိုများလာပြီး‌ နေရပ်ပြန်လိုကြတာပဲဖြစ်ပါတယ်။
 
"စိတ်ပင်ပန်းတယ်။အဆောင်မှာဧည့်စာရင်းနဲ့နေတဲ့စာရင်းတွေလာကောက်တယ်။ဘာအတွက်ရယ်တော့မပြောပါဘူး။ဒါပေမယ့်စိတ်ပူတယ်။အခုကအမျိုးသမီးတွေလည်းစစ်မှုထမ်းဖို့ခေါ်မယ်ဆိုတော့ညီမတို့ညီအမတွေကအကုန်ပါမှာပဲ။အမေကတော့ပြန်လာခဲ့ပြောတယ်။ခက်တာကနယ်ပြန်တော့လည်းဘာလုပ်စားမလဲ။ဒီမှာလည်းချောင်လည်တယ်တော့မဟုတ်ပေမယ့်ညီအမတွေစုစားတော့အိမ်ကိုပို့နိုင်သေးတယ်။နယ်ပြန်ရောက်ရင်ဝင်ငွေမရှိမှာလည်းစိတ်ပူတယ်။ဒီမှာနေရတာလည်းစိုးရိမ်သောကများရတယ် အမှန်ပြောရရင်တော့ပြန်ချင်တယ်"လို့စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။
 
စစ်မှုထမ်းဖို့ရာအိမ်မှူးတွေကတစ်ဆင့်စာရင်းကောက်ယူနေတာဖြစ်ပြီးအမျိုးသမီးတွေပါစတင်ခေါ်ယူမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်အမျိုးသမီးတွေပါစိုးရိမ်သောကရောက်နေတာပဲဖြစ်ပါတယ်။
 
ဒါ့အပြင် အမျိုးသမီး စစ်မှုထမ်း အတွက်ဆိုပြီး အိမ်ထောင်စုရင်း ပုံစံ ၆၆ နဲ့နေထိုင်တဲ့ မိသားစုတွေ ထံက လစဥ် ကျပ် တသောင်းကောက်ယူဖို့ စီစဥ်နေတာတွေလည်းရှိနေတယ်လို့ အရှေ့ဒဂုံမြို့နယ် ရပ်ကွက်တခုမှာ နေထိုင်သူတွေထံကသိရပါတယ်။
 
"အမအမျိုးသားကဘေးတွဲဆိုင်ကယ်မောင်းတယ်။အမကစက်ရုံဝင်တယ်။ကလေးကိုအမေတို့နဲ့ထားခဲ့ပြီးလင်မယားနှစ်ယောက်ရှာနေတာ။အခုအမအမျိုးသားကအသက်ကမီတယ်‌ဆိုတော့သူလည်းဂါလီရောင်း၊ အမလည်းစက်ရုံကထွက်ပြီးနယ်ပြန်တော့မယ်။အမတို့အသိတွေထဲမှာလည်းစိတ်ပူတယ်ပြောတော့ပြောပေမယ့်အလုပ်ကချက်ချင်းမထွက်နိုင်ကြတော့သောကရောက်နေကြတယ်"လို့စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာစစ်ကောင်စီဘက်ကအမျိုးသမီးတွေစစ်မှုထမ်းဖို့မခေါ်သေးဘူးလို့အသိပေးပြောဆိုတာတွေရှိနေပေမယ့် မိသားစုတွေကတော့စိုးရိမ်သောကတွေရောက်နေကြပါတယ်။
 
ရွှေ့ပြောင်းအလုပ်သမားအများအပြားနေရပ်ပြန်ပါကလည်းကျွမ်းကျင်လုပ်သားလိုအပ်ချက်ပြဿနာပြန်လည်ဖြစ်ပေါ်နိုင်တယ်လို့ စက်ရုံမှာလုပ်ကိုင်သူတစ်ချို့ဆီကသိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026