NEWS

အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်

CoverLogo
256 Views
 
စစ်ကော်မရှင်က အခန်း၈ခန်းပါဝင်ကာ ‌အများဆုံးထောင်ဒဏ်၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိချမှတ်နိုင်တဲ့မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို မတ်လ၁၇ရက် ညပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။
 
အဆိုပါမြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရပြဋ္ဌာန်းခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီဥပဒေအမှတ် ၁၉ /၂ဝ၂၆ ဖြင့် ထုတ်ပြန်ထားတာဖြစ်ပြီး ယင်းဥပဒေအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ အသုံးပြုခြင်း၊ သက်တမ်းတိုးခြင်း၊ ငြင်းပယ်ခြင်း(သို့)ပယ်ဖျက်ခြင်းတို့ကို ဥပဒေနှင့်အညီဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံကူးလက်မှတ် စနစ်တကျထုတ်ပေးခြင်းဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကိုကာကွယ်ရန်၊ မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံသို့ခရီးသွားလာခြင်းကို စနစ်တကျစီမံခန့်ခွဲရန်၊ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း(သို့) ပျ-က်စီးခြင်းဖြစ်ပါက ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံကူးလက်မှတ်အတုပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျ-က်ဆီးခြင်း(သို့)တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့ကို ဥပဒေနဲ့အညီကာကွယ်နိုင်ရန်တို့အတွက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။
 
မည်သူမဆို မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရမှာ အချက်အလက် အထောက်အထားတွေကို မရိုးမဖြောင့်တဲ့ သဘောနဲ့ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုတဲ့ အကြံနဲ့ဖြစ်စေ မမှန်မကန် ဖော်ပြမယ်ဆိုရင် အဲဒီသူကို ထောင်ဒဏ်သုံးလကနေ တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ငါးသိန်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်အ‌ရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီအပြင် တရားဝင် ကိုင်ဆောင်ခွင့်ရရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို အခြားသူတစ်ယောက်ယောက်ကို ရောင်းချတာ၊ ဌားရမ်းတာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ လွှဲပြောင်းပေးမယ်ဆိုရင် အဲဒီသူကို ထောင်ဒဏ် သုံးလကနေ တစ်နှစ်အထိ ချမှတ်ရမဲ့အပြင် ငွေဒဏ် သုံးသိန်းကျပ်ကနေ ငါးသိန်းကျပ်အထိ ချမှတ်နိုင်တယ် လို့လည်း ပြဋ္ဌာန်းချက်အရသိရပါတယ်။
 
ဆက်လက်ပြီး မိမိကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို မရိုးမဖြောင့်တဲ့သဘောနဲ့ လက်ဝယ်ထားတာ၊ အသုံးပြုတာ၊ တစ်ဆင့်ဌားရမ်းတာ၊ ပေါင်နှံတာ၊ ရောင်းချတာ၊ ဖျက်ဆီးတာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ လွှဲပြောင်းတာ၊ မြန်မာနိုင်ငံကူးလက်မှတ်ကို အတုလုပ်တာ၊ ဆင်တူယိုးမှားပြုလုပ်တာ ဒါမှမဟုတ် အတု ဒါမှမဟုတ် ဆင်တူယိုးမှား ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို ရောင်းချတာတွေ ပြုလုပ်မယ်ဆိုရင်လည်း အဲဒီသူကို ထောင်ဒဏ် တစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ရမဲ့ပြင် ငွေဒဏ် ၁၀ သိန်းကျပ်ကနေ ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းချက်မှာ ဖော်ပြပါရှိပါတယ်။
 
ဒါ့အပြင် သက်တမ်းရှိနေတဲ့ သာမန်နိုင်ငံကူးလက်မှတ်ကို တစ်ခုထက်ပိုပြီး လက်ဝယ်ထားတာ ဒါမှမဟုတ် အသုံးပြုတာ၊ ပယ်ဖျက်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို အသုံးပြုမယ်ဆိုရင်လည်း အဲဒီသူကို ထောင်ဒဏ် ခြောက်လကနေ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမဲ့အပြင် ငွေဒဏ် ငါးသိန်းကျပ်ကနေ ၁၀ သိန်းကျပ်အထိ ချမှတ်နိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
 
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဥပ‌ေဒမှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာအတွင်းရေးမှူးနံ့ အဖွဲ့ဝင်(၁၀)ဦးတို့ဖြင့်ဖွဲ့ စည်းမှာဖြစ်ကြောင်းကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။
 

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026