NEWS

အဖွဲ့ချုပ်အမည်ကိုခွင့်ပြုချက်မရှိဘဲ သုံးစွဲမှုသည် CTUM ကို ကိုယ်စားမပြုကြောင်းထုတ်ပြန်

CoverLogo
402 Views
 
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ရဲ့အမည်ကိုအသုံးပြုကာတုပလုပ်ဆောင်နေတာဟာအဖွဲ့ချုပ်ကိုကိုယ်စားမပြုသလိုသက်ဆိုင်မှုလည်းမရှိတာကိုဩဂုတ်လ(၃‌၀) ရက်မှာထုတ်ပြန်ကြေညာပါတယ်။
 
ကြေညာချက်မှာ CTUM အဖွဲ့ချုပ်ရဲ့အဖွဲ့အစည်းအမည်၊ ကိုယ်ပိုင်အမှတ်တံဆိပ်၊ စည်းတံဆိပ်၊ အလံတို့ကိုခွင့်ပြုချက်မရှိဘဲအလွဲသုံးစားအသုံးပြုတာကိုတားမြစ်ကန့်ကွက်သလိုအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ယုံကြည်မှုကိုကာကွယ်ဖို့ဥပဒေနဲ့အညီအရေးယူဆောင်ရွက်မယ်လို့ဖော်ပြထားပါတယ်။
 
လက်ရှိမှာ CTUM အဖွဲ့ချုပ်ရုံးခန်းအသစ်ကိုရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)၊ ကျန်စစ်မင်းအိမ်ယာမှာသြဂုတ်လ(၃၁)ရက်ကစတင်ပြီးပြောင်း‌ရွှေ့ဖွင့်လှစ်ထားမယ်လို့ထုတ်ပြန်ကြေညာတာတွေလည်းပြန့်နှံ့နေပါတယ်။
 
"အခုကအလွဲသုံးစားလုပ်နေတာလည်းအဖွဲ့ချုပ်မှာလုပ်ဖူးတဲ့သူတွေဆိုတော့စိတ်ထဲတော်တော်အံဩတယ်။ဒီချိန်မှာကိုယ်ကျိုးစီးပွားအတွက်အဖွဲ့နာမည်သုံးတာကိုကမလုပ်သင့်တဲ့လုပ်ရပ်ပဲလေ။သူတို့တကယ်အလုပ်သမားအရေးလုပ်ချင်တယ် ကူညီချင်တယ်ဆိုတောင်သူတို့ဘာသာအသစ်စလုပ်ကြလေ။ဒါဆိုနားလည်ပေးလို့ရသေးတယ် အခုကျပြန်တွေ့တောင်အခေါ်အပြောလုပ်ဖြစ်မယ်မထင်ဘူး"လို့အဖွဲ့ဝင်ဟောင်းတစ်ဦးကပြောပါတယ်။
 
CTUM အဖွဲ့ချုပ်ဟာ စစ်အာဏာသိမ်းပြီးကတည်းကအာဏာရှင်ကိုဆန့်ကျင်တာတွေကိုလုပ်ဆောင်ခဲ့ပြီးလက်ရှိမှာလည်း စစ်ကောင်စီကို အရေးယူပိတ်ဆို့တာတွေလုပ်ဆောင်နိုင်ဖို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026