NEWS

အဖမ်းအဆီးတွေကြောင့် အလုပ်သွားလာရေးအတွက် စိုးရိမ်သောကများနေရ

CoverLogo
565 Views

လူငယ်တွေပျောက်ဆုံးတဲ့သတင်းတွေဟာသတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာဆက်တိုက်ဆိုသလိုထွက်ပေါ်နေတာပါ။ 

ဒီလိုအခြေအနေ တွေကြောင့် အလုပ်သွားလာရေးအတွက်စိုးရိမ်သောကတွေများနေတယ်လို့ရန်ကုန်မြို့ရဲ့အစွန်အဖျားမြို့နယ်တွေမှာနေထိုင်တဲ့ အလုပ်သမားတွေကပြောပါတယ်။ 

လက်ရှိမှာအလုပ်အကိုင်အခွင့်အလမ်းအတွက်ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့မြို့နယ်တွေမှာသွားရောက်လုပ်ကိုင်သူတွေများပြားနေတာဖြစ်ပြီးသွားလာရေးအတွက် YBS ယာဉ်လိုင်းတွေကိုပဲအသုံးပြုနေရတာဖြစ်ပါတယ်။ 

“အသွားကတော့ပုံမှန်ပါပဲ။အပြန်ခရီးကျရင်စိတ်ထဲဘေးမကင်းသလိုခံစားရတယ်။ကားပိတ်တာတို့၊ ကားကကြပ်ပြီးတက်မရတာတို့ဆို စိုးရိမ်တယ်။နောက်အိမ်ကလည်းကားပေါ်ရောက်ပြီးလား။ပြန်နေပြီလားဖုန်းတွေဆက်တယ်။ အိမ်မရောက်မချင်းမိဘတွေကလည်းစိတ်ပူတယ်။အရင်ကဆိုလကုန်ရက်လေးတွေဆိုအပေါင်းအသင်းတွေစုံတယ်။ဆိုင်ထိုင်ဖြစ်တယ်။အခုကကုန်ဈေးနှုန်းတက်တာကော၊ ပေါ်တာဆွဲတယ်။ဘာညာသတင်းတွေထွက်နေတော့ဆိုင်မထိုင်ဖြစ်တာတောင်ကြာပြီ”လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာပေါ်တာဆွဲတဲ့သတင်းတွေကြောင့်ည(၇)နာရီကျော်ပါကလူအသွားအလာနည်းပါးလာပြီးညပိုင်းထိဖွင့် လှစ်တဲ့ဆိုင်တွေလည်းအရောင်းအဝယ်တွေကျဆင်းလာတယ်လို့ဈေးရောင်းချသူတွေဆီကသိရပါတယ်။ 

“စက်ရုံကအပြန်ကျတော့လည်းကားပေါ်မှာတော့အုပ်စုလိုက်ပါသေးတော့အထွေအထူးတော့မခံစားရဘူး။ဒါပေ မယ့်ကားမှတ်တိုင်နဲ့အိမ်လမ်းလျှောက်တဲ့အချိန်လေးကိုတော့ကြောက်တယ်။စစ်ကားတွေပတ်တာလည်းတွေ့ တယ်လေ။အိမ်ရောက်ရင်လည်းတော်ရုံပြန်မထွက်ဖြစ်တော့ဘူး။ည(၈)နာရီကျော်တာနဲ့ခြံတံခါးလည်းသော့ခတ် လိုက်တာပါပဲ”လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာမြို့လယ်ခေါင်အချက်အချာကျတဲ့မြို့နယ်တွေကနေမြို့စွန်ဘက်တွေကိုတက္ကစီကားငှားရတာလည်းခက်ခဲနေပြီးကားခတွေလည်းဈေးတက်နေပါတယ်။ဒါ့အပြင်YBS ယာဉ်တွေကလည်းည(၇)နာရီကျော် ရင်အသွားအလာ ကျဲ လာတယ်လို့လည်းသိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026