NEWS

အပူလွန်ကဲမှုတွေကြောင့် စက်ရုံအလုပ်ရုံကအလုပ်သမားတွေ မူးဝေတာတွေရှိနေ

CoverLogo
957 Views

ရန်ကုန်မြို့အတွင်းက စက်ရုံအလုပ်ရုံတွေက  အခြေခံအလုပ်သမားအများစုဟာ  အပူချိန်လွန်ကဲတဲ့အပူဒဏ်တွေကြောင့် ရေဓါတ်ခမ်းခြောက်ပြီး  မူးဝေနေတာတွေဖြစ်နေသလို  အခက်အခဲများစွာရှိနေတယ်လို့ အလုပ်သမားများထံမှ သိရပါတယ်။

“ ကျွန်မတို့စက်ရုံမှာဆိုရင် ပြောရရင် တကယ့်အခြေခံ၀န်ထမ်းတွေရှိနေတဲ့နေရာတွေကအများဆုံးဖြစ်တယ်။ ကျွန်မတို့ဆီမှာအေ၀မ်း အေတူး အေ၀မ်းအောက်ထပ် အေတူးအောက်ထပ်ဆိုတာတွေရှိကြတယ်။  ဂိုထောင်တွေထဲကအလုပ်သမားဆိုရင်ပိုဆိုးပါတယ်။ ဂိုထောင်တွေကအပူလွှတ်ထားရတယ်။ မိုးတွင်းမှာတောင်စက္ကူပါးတွေမှိုတက်မှာစိုးလို့ အပူလိုင်းလွှတ်ပေးထားရတယ်။ အခုလိုနွေရာသီဆိုရင် ပိုဆိုးတယ်။ ယောကျားလေးတွေဆိုရင်အင်္ကျီချွတ်ပြီးလုပ်ရတယ်။ မလုပ်နိုင်တော့လို့အိမ်သာသွားရတာတွေ  အပြင်ခဏထွက်နေရတာတွေ တစ်ချို့ဆိုရင်မူးမောတာတွေတောင်ဖြစ်ကြတယ်။ ညီမဆိုရင်မူးလို့ဆေးခန်းသွားဆေးထိုးလိုက်ရတယ်။  ကျွန်မတို့ကတော့ဒီအပူဒဏ်ကြောင့် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာ တောင်းဆိုထားတယ်ညှိနှိုင်းဆောင်ရွက်ပေးဖို့ပေါ့” လို့အလုပ်သမားတစ်ဦးကဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မှာ မေလ ၁ ရက်နေ့ထိကို 
အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်နိုင်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားပါတယ်။

အပူချိန်ပြင်းထန်လို့  အလုပ်မလုပ်နိုင်တဲ့အထိဖြစ်နေရလို့ စံချိန်တွေမမီ အလုပ်မလုပ်နိုင်ဘဲမူးမောတာ တွေပါရှိနေလို့   စက်ရုံမှာအခက်အခဲဖြစ်နေတယ်လို့ သမဂ္ဂတွေဆီမှာအကြံဥာဏ်တောင်းခံတာတွေ ဆွေးနွေးတိုင်ပင်တာတွေ ထုတ်ဖော်ပြောဆိုလာတဲ့စက်ရုံတွေအများအပြားရှိနေပြီး အဲ့ဒီစက်ရုံတွေက  မင်္ဂလာဒုံ၊လှိုင်သာယာနဲ့ရွှေပြည်သာစတဲ့ စက်မှုဇုန်တွေထဲကစက်ရုံတွေက အလုပ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။

“ မင်္ဂလာဒုံစက်ရုံတွေရော ရွှေပြည်သာထဲမှာတင်လာအကူညီတောင်းခံတာ ၄ရုံရှိတယ်။ အခြားစက်ရုံတွေရောများပါတယ်။ သူတို့လာပြောတာတွေကို သူတို့စိတ်ပူတယ်စိုးရိမ်ကြတယ်  ဘယ်စက်ရုံကလဲ ဘယ်ဌာနကလဲဆိုတာနဲ့ မပြောရဲတာတွေရှိတယ်။  သူတို့ကိုငြိုးတေးထားခံရမှာတွေကိုကြောက်နေတယ်။ လျို့ဝှက် ထားပေးပါဆိုတာတွေလည်းရှိတယ်။ ပြန်မသိစေချင်လို့ပါဆိုတာမျိုးတွေလည်းများတယ်။ ဒါကအခြားစက်ရုံတွေပေါ့” လို့ ဆိုပါတယ်။

အချို့သောစက် ရုံတွေကတော့ အပူချိန်ပြင်းထန်နေတဲ့အတွက်  ပထမပိုင်းမှာ စက်ရုံရဲ့အပေါ်ခေါင်မိုးပေါ်ကနေရေဖြန်းပေးထားတာတွေေကြာင့် အဆင်ပြေသလိုရှိခဲ့ပေမဲ့  ခုနောက်ပိုင်းလုံး၀မဖြန်းပေးတော့ဘဲ 
အပူချိန်မြင့်မားလာကာ  အလုပ်ကောင်းကောင်းမလုပ်နိုင်ကြဘူးလို့လည်း သိရပါတယ်။

လက်ရှိမှာအပူချိန်ပြင်းထန်မှုကြောင့်  လူအချို့မူးလဲတာနဲ့သေဆုံးတာတွေပါဖြစ်ပေါ်နေလို့ ပရဟိတအသင်း၀င်များကိုယ်တိုင်ပင်လျှင်  မူးလဲတာတွေမဖြစ်ဖို့ကိုယ့်ကိုကိုယ့်ကရုစိုက်နေရတဲ့ကာလဖြစ်နေတာကြောင့် စက်ရုံအလုပ်ရုံကလုပ်ငန်းရှင်တွေအနေနဲ့ကလည်း  မိမိတို့အလုပ်သမားများအပေါ် အပူဒဏ်ကိုအံတုနိုင်ဖို့ လေအေးပေးစက်နဲ့ပန်ကာများ တပ်ဆင်ပေးဖို့လိုအပ်သလို ကျန်းမာရေးနဲ့ညီညွတ်စေမဲ့အကြံဥာဏ်ပေးတာတွေ အလုပ်သမားတွေအတွက်ရံဖန်ရံခါဖြစ်သော်လည်းကောင်း ဓာတ်ဆားထုပ်ဖြန့်ဝေပေးတာတွေနဲ့ စက်ရုံတွင်းမှာလိုအပ်တဲ့ဆေးတွေဆောင်ထားတာတွေကို  စက်ရုံဘက်ကဆောင်ရွက်ပေးထားသင့်တယ်လို့ ပရဟိတသမားတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025
Cover
New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ
Sep 12, 2025
Cover
ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ
Sep 12, 2025
Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025