NEWS

အပိုထောက်ပံ့ကြေး ၃ ကြိမ်မြောက်တိုးမြှင့်မှု အပေါ် ဝေဖန်မှုတွေရှိနေ

CoverLogo
402 Views
 
စစ်ကော်မရှင် ဦးဆောင်တဲ့ ဘဏ္ဍာရေး နဲ့ အခွန်၀န်ကြီး ဌာနက နိုင်ငံ့ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်း‌တွေကို ယခုအောက်တိုဘာလကုန်ကစလို့ (၃)ကြိမ်မြောက်အဖြစ် အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း ခံစားခွင့်ပြုမယ်ဆိုတဲ့သတင်းထုတ်ပြန်လိုက်ပါတယ်။
 
အဲ့ဒီလို အပိုထောက်ပံ့ကြေး တိုးမြှင့်မယ့် အမိန့်အပေါ် ပြည်တွင်းနေ လုပ်သားပြည်သူ နဲ့ ဝန်ထမ်းအချို့က လက်ရှိကုန်ဈေးနှုန်းအတွက် သက်ရောက်မှုတွေရှိလာနိုင်ကြောင်းဝေဖန်မှုတွေလည်းရှိနေပါတယ်။
 
"အပိုထောက်ပံ့ကြေး ပေးတာက ၃သောင်းတိုးတယ်ဆိုတော့တစ်ပြားမှပိုမရတာထက်တော့ ဝမ်းသာစရာဖြစ်ပေမယ့် ဒါကအခုခေတ်ကုန်ဈေးနှုန်းနဲ့လည်း လောက်ငှမသွားပါဘူး။ဖြစ်နိုင်ရင်တော့ ထောက်ပံ့ကြေးပိုပေးတာထက် ကုန်ဈေးနှုန်းတွေထိန်းချုပ်ပြီး ဈေးကျလာမယ်၊ ကုန်ဈေးနှုန်းကျလာမယ်ဆိုရင်တော့ပိုပြီးဝမ်းသာမိမှာပါပဲ ၊အခုကတော့ ထောက်ပံ့ကြေးက သိပ်မထူးဘူးလို့မြင်မိတယ်၊ နောက်တစ်ခုက အဲ့ထောက်ပံ့ကြေးလက်ထဲမရောက်သေးခင်မှာပဲ ကုန်ဈေးနှုန်းကပိုကြီးလာမှာစိုးရိမ်တယ်။အစိုးရဘက်က လစာကိစ္စ ၊ငွေကိစ္စ တစ်ခုခု ထုတ်ပြန်တိုင်း ပိုက်ဆံကလက်ထဲမရောက်လာသေးပဲ ကုန်ဈေးနှုန်းကအရင်တက်နေတော့ အခုလည်း အသံပဲကြားသေးတာနဲ့ပဲ ကုန်ဈေးနှုန်းတက်လာမှာ
စိုးရိမ်မိပါတယ်"လို့ စစ်ကော်မရှင်ရဲ့ အစိုးရဌာနက ဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
နိုင်ငံ့ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်း‌တွေကို လစာတိုးမြှင့်ပေးမှုအစား အပိုဆောင်းထောက်ပံ့ကြေး ငွေကျပ် ၃၀၀၀၀ ပေးတာဟာ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပထမအကြိမ်၊ ၂၀၂၄ ခုနှစ် ဩဂုတ်လ က ဒုတိယအကြိမ်နဲ့ အခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ မှာ တတိယအကြိမ်အဖြစ် ပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
 
"ဝန်ထမ်းတွေ ထောက်ပံ့ကြေးရတာကတော့ ဟုတ်တယ်၊ ဒါပေမယ့် ကုန်ဈေးနှုန်းကလည်း တက်ဖို့ချောင်းနေတာ အပြင်က အလုပ်တွေ လုပ်နေရတဲ့ နေ့စား လုပ်သားတွေ ကိုလည်း အလုပ်ရှင်တွေ ဘက်က လစာတိုးပေးတာ၊ အခြားခံစားခွင့်တစ်ခုခုတိုးပေးတာတွေရှိသင့်တာပေါ့၊ အခုကရတဲ့လခနဲ့ မမျှတဲ့ကုန်ဈေးနှုန်းဖြစ်နေတော့ ဝန်ထမ်းတွေလစာတိုးတာနဲ့ အခြေခံစားသောက်ကုန်တွေ ဈေးမတက်ဖို့ ဆုတောင်းရမှာပဲ၊အပြင်ကနေ့စား ဝန်ထမ်းတွေဘဝက အပိုကြေးဆိုတာလည်းမရှိလာဘဲ ကုန်ဈေးနှုန်းတက်လာရင် ပိုခက်ခဲလာတော့မှာပါ"လို့ ဖိနပ်စက်ရုံ တစ်ခုက နေ့စားလုပ်သားတယောက်ကပြောပါတယ်။
 
လက်ရှိ ပင်စင်ခံစားနေတဲ့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျင် တစ်လ ကျပ် ၃၀၀၀၀ ကို လစဉ်ခံစား ခွင့်ပြုမယ်လို့ ပြောထားပြီး အောက်တိုဘာလကုန်မှသာ ပင်စင်သမားတွေကိုလည်း ထောက်ပံ့ကြေးအပိုဆောင်းငွေ ပေးအပ်မယ်လို့ သိရပါတယ်။
 
နိုင်ငံ့ဝန်ထမ်းများနဲ့ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား အပို​ထောက်ပံ့​ကြေးလစာ ခံစားခွင့်ပြုပြီး​နောက် ပုဂ္ဂလိကနဲ့အခြား​နေ့စားလုပ်သားတွေက တိုးမြင့်လာမယ့် ကုန်​စျေးနှုန်းကို အန်တုကာ ရုန်းကန်​ဖြေရှင်းဖို့ ခက်ခဲကြောင်း ​နေ့စားလုပ်သားများကြား ​ပြောဆို​ဝေဖန်မှုများ ထွက်ရှိလာနေပါတယ်။
 

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026