NEWS

အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ

CoverLogo
333 Views
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ True Green City Co.,Ltd (ကော်စေ့စက်ရုံ) ဟာ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော အပိုထောက်ပံကြေး ၁၀၀၀ ကျပ် မပေးတဲ့ အတွက် တိုင်ကြားခံခဲ့ရကာ နိုဝင်ဘာ ၂၀ရက်မှာတော့ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် ပြန်လည်ပေးတဲ့ အတွက် အလုပ်ရှင်၊ အလုပ်သမားပြေလည်မှု ရရှိခဲ့တယ်လို့ သွေးစည်ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ထုတ်ပြန်ထားပါတယ်။
 
၎င်း True Green City စက်ရုံမှာ ၂၀၂၅ခုနှစ် အောက်တိုဘာ ၁ရက် နေ့မှစတင် သတ်မှတ်ထားတဲ့ အပိုထောက်ပံ့ကြေး (၁,၀၀၀)ကျပ် ပေးချေခြင်းမရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားများမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို တိုင်ကြားတဲ့ အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် နိုဝင်ဘာ ၁၃ရက်၊ ၁၈ရက်နဲ့ ၂၀ရက် တို့မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက်အားခေါ်ယူ တွေ့ဆုံဖြေရှင်းပေးရာ ပြေလည်မှု ရရှိပြီး နှစ်ဘက်သဘောတူညီစာချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။
 
သဘောတူစာချုပ်တွင် အောက်တိုဘာလ က ပေးချေရမည့် အပိုထောက်ပံကြေး ၁၀၀၀ ကျပ်ကို ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်ပိတ်ရက် ဥပဒေနှင့်အညီ တွက်ချက်၍ နိုဝင်ဘာလ ရဲ့ လုပ်ခလစာထဲတွင် ထည့်သွင်းပေးရမှာဖြစ်သလို အခြေခံလစာ ၄၈၀ဝ ကျပ် နဲ့အစိုးရထောက်ပံ့ကြေး ၃၀၀ဝ ကျပ် ကို နိုဝင်ဘာ လမှစကာ ခံစားခွင့်ရရှိမယ်လို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026