NEWS

အနည်းဆုံးအခကြေးငွေတိုးမြင့်ပေးရန်ညှိနှိုင်းမှုလက်မခံတာကြောင့် စက်ရုံလုပ်သားများ ဆန္ဒပြ

CoverLogo
1.8K Views

ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ် မှာရှိတဲ့   မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ  စက်ရုံလုပ်သားတွေဟာ ကုန်ဈေးနှုန်းမြင့်တက်လာမှုတာကြောင့်   တစ်နေ့လုပ်ခအနည်းဆုံးအခကြေးငွေကို  သင့်တင့်မျှတတဲ့လစာအဖြစ် တိုးပေးရန်ညှိနှိုင်းမှုလက်မခံတာကြောင့် စက်ရုံလုပ်သားအားလုံးစုပေါင်းဆန္ဒပြခဲ့တယ်လို့  သိရပါတယ်။

"ကျွန်မတို့အဓိကတောင်းဆိုတာက တစ်နေ့လုပ်အားခကျပ်ရှစ်ထောင်ပေးဖို့တောင်းဆိုတာပါ။ စက်ရုံထဲကဝန်ထမ်းအများစုပါပါတယ်။ သမဂ္ဂကဝန်ထမ်းတွေလည်းပါတယ်။ ဒါပေမဲ့ သမဂ္ဂအပြင် အခြားဝန်ထမ်းတွေကပိုများတယ်ရှင့်။ တောင်းဆိုနေတာကလည်း ကျွန်မတို့စက်ရုံကအလုပ်သမားတွေအတွက်ပါ'' လို့ ယင်းစက်ရုံမှ အလုပ်သမားတစ်ဦး​က ဆိုပါတယ်။

အောက်တိုဘာ ၂၅ရက်နေ့ အနည်းဆုံး အခကြေးငွေတိုး မြှင့်ပေးရေးတောင်းဆိုနေသည့် ပေါင်ချိန် စက်ရု အလုပ်သမားများ

ယနေ့အောက်တိုဘာ ၂၅ရက်နေ့မှာတော့ 
အဆိုပါအလုပ်သမားတွေဟာ တစ်နေ့လုပ်ခကျပ်ရှစ်ထောင်သို့တိုးမြင့်ပေးရန် ညှိနှိုင်းမှုတောင်းဆိုတာဘာမှမထူးခြားတဲ့အတွက် စက်ရုံတွင်းသပိတ်မှောက်တောင်းဆိုမှုပြုလုပ်ရတာဖြစ်ပြီး ၎င်းတို့တောင်းဆိုချက်တွေကို ကြွေးကြော်သံများဖြင့်စက်ရုံတွင်းတောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်  အဆိုပါအလုပ်သမားတွ
အနေနဲ့ တောင်းဆိုချက်မရမချင်း တောင်းဆိုနေမှာဖြစ်ပြီး ခေါင်းပုံဖြတ်ခံထားရတဲ့ မိမိလုပ်အားခကို ပြန်လည်တောင်းဆိုခြင်းဟာ အလုပ်သမားတိုင်း မှာပါရှိပြီး အခွင့်အရေးတခုဖြစ်တာကြောင့်   မိမိ၏ လုပ်အားခနဲ့ကိုက်ညီတဲ့ လုပ်ခ လစာပေးရန်အတွက် ဆွေးနွေးညှိနှိုင််းဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခြင်းဖြင့် တုံ့ပြန်ခဲ့တာလို့လည်း မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂ ကဆိုထားပါတယ်။

၂၀၁၃ ခုနှစ် မှာ ပြဌာန်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ကျပ်၄၈၀၀ဟာ  အနိမ့်ဆုံးပေးရမဲ့နှုန်းထားကိုသာ  သတ်မှတ်ပေးထားတာဖြစ်ကာ  ၄၈၀၀ထက် ပိုပေးခြင်းကြောင့် ဥပေဒ ချိုးဖောက်တာ မဟုတ်တဲ့အတွက်  အဆိုပါစက်ရုံအလုပ်သမားတွေက တစ်နေ့လုပ်ခကျပ်၄၈၀၀အစား ကျပ်၈၀၀၀သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုရရှိရန် ညှိနှိုင််းမှုတဆင့်အဖြစ်ဆောင်ရွက်ပေးရန်နဲ့  ညှိနှိုင်းမှုကို အလည ကကြား၀င်ဆောင်ရွက်ပေးရန် စာဖြင့်တင်ပြတောင်းဆိုထားတာလည်း ထူးခြားမှုမရှိတာကြောင့် အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေက ခွင့်ပြု ပေးထားတဲ့ စုပေါင်းတောင်းဆိုမှု ကို စက်ရုံအလုပ်သမားတွေက  စုပေါင်းလုပ်ဆောင်ကြတာပါ။

အဆိုပါစက်ရုံမှအလုပ်သမားတွေဟာ  လက်ရှိမှာအနည်းဆုံးအခကြေးငွေတစ်နေ့၄၈၀၀ကျပ်ရရှိနေပေမဲ့  ရက်မှန်ကြေးလည်းကျပ်တစ်သောင်းသာရရှိတဲ့အပြင် အလုပ်ရှင်ဘက်က စံချ်ိန်တွေကိုသတ်မှတ်နှုန်းထက် တိုးတိုးပြီးတောင်း လာခဲ့ပေမဲ့  လုပ်ခလစာတ်ိုးပေးတာမျိုးမရှိတာကြောင့်  စက်ရုံလုပ်သားတွေဟာ  လက်ရှ်ိရနေတဲ့တစ်နေ့ လုပ်ခ ၄၈၀၀ အစား  ကုန်ဈေးနှုန်းမြင့်တက်မှုအရ သင့်တင့်မျှတတဲ့ နှုန်းထားတစ်အဖြစ်သို့ တိုးမြှင့်ပေးဖို့  စက်ရုံတွင်းတောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။  

စက်ရုံအလုပ်သမားတွေဟာ  ပြီးခဲ့တဲ့စက်တင်ဘာလကလည်း တစ်နေ့လုပ်ခလစာကို ကျပ်၈၀၀၀ အဖြစ်တိုးမြှင့်ပေးဖို့  စက်ရုံတွင်းတောင်းဆိုမှုပြုလုပ်ခဲ့ပြီး  ယခင်ကတောင်းဆိုမှုတွေပြုလုပ်ရာမှာ သမဂ္ဂအဖွဲ့၀င်နှစ်ရာကျော်ပဲရှိခဲ့ပေမဲ့  ယခုအချိန်မှာပူးပေါင်းတောင်းဆိုလိုတဲ့ အလုပ်သမားတွေဟာ ပူးပေါင်းပါ၀င်လာမှုအရ  တစ်ထောင်ကျော်ထိရှိလာတယ်လို့လည်း သိရပါတယ်။

MyanmarLabourNews 
minimumwage


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026