NEWS

အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ်မယ်လို့ဆို

CoverLogo
1.3K Views

အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခဖြစ်တဲ့  အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့  စကစရဲ့ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

"ဒါကသူတို့ပြင်ဆင်သတ်မှတ်လိုက်တဲ့အပေါ်ကြည့်ရမှာပဲ။ ဒါကအမျိုးသားအဆင့်လား ဘယ်လိုလူတွေနဲ့  ဘယ်လိုပုံစံမျိုးနဲ့လဲပေါ့  အလုပ်သမားတွေအပေါ် တကယ်စေတနာထားပြီးလုပ်တာလားဆိုတာရော  ဘယ်လောက်နှုန်းထားလဲပေါ့  စောင့်ကြည့်ရအုံးမယ်"လို့ အလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့  တတိယမြောက်အနည်းဆုံးအခကြေးငွေကို သတ်မှတ်ဖို့စီမံနေတယ်ဆိုပြီး နိုဝင်ဘာ ၂၅ရက်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ခြောက်လပတ်အစည်းအဝေးမှာ အသိပေးခဲ့တာဖြစ်ပြီး ဘယ်နေ့ဘယ်အချိန်မှာ နှုန်းထားဘယ်လောက်အဖြစ်  သတ်မှတ်မယ်ဆိုတဲ့  အသေးစိတ်ရှင်းလင်းတာမျိုးတော့ဖော်ပြထားတာမရှိပါဘူး။

အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂နှစ်မှာတစ်ကြိမ်ပြင်ဆင်ရမှာဖြစ်ပြီး   အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ကို  ၂၀၂၀မှာပြင်ဆင်သတ်မှတ်ဖို့ သုံးပွင့်ဆိုင်အမျိုးသားကော်မတီမှာ   ဆွေးနွေးဆုံးဖြတ်ထားပေမဲ့  ကိုဗစ်နဲ့  စစ်အာဏာသိမ်းခြင်းကြောင့် လက်ရှိအချ်ိန်အထိ ၅နှစ်နီးပါးကြာ နှုန်းထားအသစ်ပြင်ဆင်   မသတ်မှတ်နိူင်တာကြောင့် ၂၀၁၇ကအတည်ပြုသတ်မှတ်ထားတဲ့    တစ်ရက်လုပ်ခ ကျပ်  ၄၈၀၀ နှုန်းနဲ့သာအလုပ်သမားတွေက  လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

လက်ရှိမှာ  ပြည်တွင်းအလုပ်သမားတွေဟာ   ၅နှစ်ကြာအထိ အနည်းဆုံးအခကြေးငွေပြင်ဆင်မှုမရှိခဲ့တာကြောင့်  ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတဲ့  လက်ရှိကာလမှာပင်  တစ်နေ့လုပ်အားခကို ၄၈၀၀ကျပ်နဲ့သာ လုပ်ကိုင်နေရတာကြောင့်   စား၀တ်နေရေးခက်ခဲလာသလို  လက်ရှိကုန်ဈေးနှုန်းနဲ့မကိုက်ညီတာကြောင့်     သင့်တင့်မျှတတဲ့  လုပ်အားခတွေရရှိဖို့   အလုပ်သမားတွေကတစ်ရက်လုပ်ခ ၈၀၀၀ ကျပ်ပေးဖို့တောင်းဆိုမှုတွေရှိနေပါတယ်။

အဲ့ဒီလိုတောင်းဆိုမှုတွေကြောင့်  အလုပ်ထုတ်ခံရတဲ့  အလုပ်သမားတွေရှိသလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေလည်းရှိနေပါတယ်။

#MyanmarLabourNews 
#MinimumWage 
Photo-MyanmarPouChenUnion


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026