NEWS

အနည်းဆုံးအခကြေးငွေ ဆိုင်ရာ မေးမြန်းချက်

CoverLogo
1.6K Views

အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခဖြစ်တဲ့  အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့  စကစရဲ့ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်ကထုတ်ပြန်ပါတယ်။

အနည်းဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်မယ်လို့ ထုတ်ပြန်ထားတဲ့အပေါ် အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ သဘောထားကိုမေးမြန်းထားပါတယ်။

ဒေါ်မျိုးအေး - STUM 
"ပထမဆုံး အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချိန်တုန်းက အမျိုးသားအဆင့်ကော်မတီကနေဆုံးဖြတ်တယ်။  အဲ့မတိုင်မီ အထက်ဗမာပြည် အောက်ဗမာပြည်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေရယ်   အလုပ်ရှင်တွေရယ် စက်မှုဇုန်တွေထဲကအလုပ်သမားတွေရယ်  တွေ့ဆုံပွဲတွေလုပ်ကြတယ်။ နောက် UMFCCI လိုနေရာတွေမှာ  အလုပ်သမားတွေနဲ့  နှစ်ဖက်စကားပြောကြတယ်။ ILOကနေနည်းပညာအထောက်အကူတွေပေးတယ်။ သတ်မှတ်နှုန်းထားတစ်ခုကို သတ်မှတ်နိုင်ဖို့ညှိနှိုင်းကြတာပေါ့။ 
အလုပ်ရှင်တွေကလည်း သူတို့ပေးနိုင်တဲ့ ပမာဏကိုထုတ်ပြန်ကြတယ်။ အလုပ်သမားတွေကလည်း သူတို့လိုချင်တဲ့နှုန်းကို အသံထုတ်ကြတယ်။ ဒီကြားထဲမှာညှိပြီးလုပ်ကြတာပေါ့။

အခုကတော့ ဒါမျိုးတွေမလုပ်ဘဲနဲ့ သူတို့ကဘဲ ဒီရှင်းရှင်းပြောရရင်အလုပ်သမားအဖွဲ့ချုပ်လို့ပြောရင် သင်္ဘောသားတို့ စိုက်ပျိုး ရေးတို့ဒီလိုလူတွေနဲ့ စကားပြောမယ်လို့  ယူဆတယ်။ ဘာလို့လဲဆို အလုပ်သမားအဖွဲ့ချုပ်လို့နာမည်ယူထားတယ်။ အလုပ်ရှင်ကတော့ UMFCCIကလာလိမ့်ပေါ့။ 
အဲလိုလူတွေနဲ့ဆုံးဖြတ်ပြီး ပမာဏတစ်ခုကိုထုတ်ပြန်တယ်လို့ ယူဆရမယ်။ ခုထုတ်ပြန်တယ်ဆိုရင် ပေါ့လေ။

နဲနဲလေးတိုးသွားမျိုးမဟုတ်ဘဲနဲ့ ခုကြားနေသလိုမျိုးတစ်နာရီကို၉၀၀ တစ်နေ့၇၂၀၀ဖြစ်မယ်ဆိုရင် အလုပ်သမား တွေအတွက် မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ လုပ်ခလစာတိုးပြီးတဲ့နောက်ပိုင်းမှာ ပြင်းထန်တဲ့ဖိအားတွေတော့ရှိမယ်။ အလုပ်ရှင်တွေကလည်း အဲ့ဒီငွေနဲ့ကာမိတဲ့ထုတ်ကုန်တွေရရှိဖို့ တွန်းခိုင်းမဲ့အနေအထားတွေရှိတယ်။ ဒါတွေကို တော့ဆက်ပြီးစည်းကြပ်ဖို့လိုတာပေါ့။ ဘယ်လိုအခြေအနေမျိုးတွေရှိမလဲဆိုတာကိုတော့ အနိမ်းဆုံးလုပ်ခလစာကြေညာပြီးတဲ့နောက်မှာ ဆက်ကြည့်ရမှာပေါ့။

အလုပ်သမားတွေရဲ့  စား၀တ်နေရေးကိုဖြေရှင်းနိုင်မလားဆိုရင် ဒီ၇၂၀၀ လောက်တိုးလိုက်ရုံနဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒီစစ်တပ်ကတော့တွက်မှာပေါ့။ သူတို့ထုတ်ပြန်ထားတဲ့ ငွေလဲနှုန်းက ၂၁၀၀ဆိုတော့ သုံးဒေါ်လာရဲ့အထက်ရှိတာကိုး။ ဒါပေမဲ့ အပြင်မှာတစ်ကယ်ပေါက်နေတာက ၂၈၀၀ ၂၉၀၀ဆိုတော့ သုံးဒေါ်လာရဲ့ အထက်တော့မဟုတ်နေဘူး။ အပြင်မှာလည်းတက်နေတဲ့ ကုန်စျေးနှုန်းကအဆမတန်ဆိုတော့  ဟိုးတုန်းကနဲ့စာ ရင်တော့ ခုသာခံသာတော့ရှိတာပေါ့။  စက်မှုဇုန်တွေထဲမှာအလုပ်သမားတွေနဲ့တွေ့ဆုံပြောကြည့်တယ်။ သူတို့က တော့တိုးတယ်ဆိုရင်ပျော်တာပေါ့ တစ်သောင်းလောက်ထိမျှော်လင့်တယ်။ တစ်သောင်းလောက်မရရင်တောင် နဲနဲလေးပဲတိုးတယ်ဆိုရင်  သူတို့ကတော့ကျေနပ်မှုတော့မရှိဘူးပေါ့။ ဘာလို့လဲဆို ခုရက်ပိုင်းအိုတီမဆင်းရတဲ့ စက်ရုံတွေရှိနေတာကိုး။
(ဆက်လက်ဖော်ပြပါမည်)

#MyanmarLabourNews 
#MinimumWage


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026