NEWS

အနည်းဆုံး အခကြေးငွေ ၄၈၀၀ကျပ် အပေါ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် တိုးမြှင့်သတ်မှတ်မှု ရှုပ်ထွေးမှုများဖြစ်ပေါ်နေ

CoverLogo
818 Views

အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား တွေကို အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် အပြင် အပို ထောက်ပံ့ကြေး တစ်ရက်ကို ၁၀၀၀ ကျပ် ပေးရန် သတ်မှတ်ခဲ့ပေမယ့် အချိန် ပို လုပ်ခ ကိုတော့ ယခင်သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် ဖြင့်သာ တွက်ချက်ပေးရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနထံ က သိရပါတယ်။

ယင်းထောက်ပံ့ကြေး ၁၀၀၀ ကျပ် ကို ၂၀၂၃ခုနှစ် အောက်တိုဘာ လ ၁ ရက်က စပြီး ခံစားခွင့်ရမှာဖြစ်တယ်လို့ အောက်တိုဘာ ၉ ရက် က အလုပ်သမား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့ပေမယ့် ရှင်းလင်းမှု မရှိတဲ့ အတွက် အချို့ အလုပ်သမားတွေက အချိန်ပို လုပ်ခ ကို ထောက်ပံ့ကြေး ၁၀၀၀ ကျပ် အပါအဝင် ၅၈၀၀ အပေါ် မူတည် ကာ တွက်ချက်ရမယ်လို့ ထင်မှတ်ကာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်သွားတယ်လို့ အလုပ်သမား အရေးကူညီဆောင်ရွက်ပေးသူတွေထံ က သိရပါတယ်။

"' အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် ကို ၁ ရက်၁၀လ ၂၀၂၃ခုနှစ်ကစပြီး အလုပ်လုပ်သောရက်များ နှင့်၁၉၅၁ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေအရ ခံစားခွင့် ပြုသည်၊ဆိုတဲ့ အတွက် ဒေးကြေးသည် ၄၈၀၀ ကျပ် ဖြစ်သွားတယ်၊ အဲဒါနဲ့ တည်ပြီး အချိန် ပို တွက်ပေးရမှာ ဖြစ်တယ် ၁၀၀၀ က ထောက်ပံ့ကြေးခေါင်းစဉ်နဲ့ သွားမှာ ဖြစ်ပါတယ် ''ဟု ဝန်ကြီးဌာနက တာဝန်ရှိသူကပြောပါတယ်။

ထုတ်ပြန်ချက်အရ အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ တစ်နိုင်တပိုင်လုပ်ငန်းငယ်များမှ လွဲပြီး  မည်သည့်အလုပ်သမားမဆို နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တပြေးညီ ၅၈၀၀ ကျပ်ခံစားခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အကျုံးဝင်မှုရှိတဲ့အထဲမှာ နေ့စားအလုပ်သမားတွေအတွက် အလုပ်ချိန် ၈ နာရီအတွက် လုပ်ခ ၅၈၀၀ ကျပ်ပေးချေရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ယင်း အပိုထောက်ပံကြေး ၁၀၀၀ ကျပ်ကို့၁၉၅၁ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေအရ ရက်ကြီးခါကြီး ပိတ်ရက်တွေနဲ့ ပုံမှန် အစိုးရရုံးပိတ်ရက် တွေ အတွက် ရရှိမှာဖြစ်ပေမယ့် သာမန်အလုပ်ဆင်းရတဲ့ ရက်တွေ မှာ ခွင့်တိုင်ကြားမှု မရှိဘဲ ပျက်ကွက်ပါက ယင်းထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိ မှာတော့ ပြည်တွင်း စက်ရုံ အလုပ်ရုံ တွေမှာ ယင်းထောက်ပံ့ကြေး ၁၀၀၀ကျပ် အပါအဝင် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် ကို ပေးတဲ့ စက်ရုံများ ရှိသလို မပေးသေးတဲ့ စက်ရုံ အလုပ်ရုံတွေလဲရှိနေကာ အချို့စက်ရုံတွေက ယခင် ၅၈၀၀ ကျပ်ထက် ပိုပေးထားပေမယ့် ယခုထုတ်ပြန်ချက် ထွက်ရှိပြီးနောက်ပိုင်း သတ်မှတ်ထားတဲ့ ပမာဏ ထောက်ပံ့ကြေးအပါအဝင် ၅၈၀၀ ကျပ်သာ ပေးတော့တယ်လို့ လုပ်သမားတွေထံ က သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026