NEWS

အဓမ္မခိုင်းစေခံရပါက တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန ကြေညာ

CoverLogo
459 Views

အဓမ္မခိုင်းစေ ခံရပါက  စစ်ကောင်စီရဲ့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားရေးယန္တရားကို တိုင်ကြားနိုင်တယ် လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် လ ၂၁ရက်မှာ အသိပေးကြေညာထားပါတယ်။

မည်သူမဆို အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှု ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်၊ ILO ဆက်သွယ်ရေးရုံး(ရန်ကုန်)နဲ့ အခြားအဖွဲ့အစည်းများက တစ်ဆင့်လည်းကောင်း အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် ၅၁ နေပြည်တော်ကို လူကိုယ်တိုင် သို့မဟုတ် စာဖြင့်လည်းကောင်း ဖုန်းနံပတ် ၀၆၇-၃၄၃၀၁၈၄၊၀၆၇-၃၄၃၀၂၂၉ နဲ့ E-mail လိပ်စာ directorgeneral.dol@gmail.com ,research .org.dol.mm@gmail.com သို့လည်းကောင်း တိုင်ကြားသူနဲ့ အဓမ္မခိုင်းစေခံရသူတို့ လုံခြုံစိတ်ချစွာဆက်သွယ်တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံဝန်ကြီးဌာနက အခုလိုကြေညာပေမဲ့ လက်တွေ့မှာတော့ စက်မှုလုပ်ငန်းတွေဖြစ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတွေ ညလုံးပေါက် အချိန်ပိုတွေ မဖြစ်မနေဆင်းပေးနေရတာတွေ၊ ဖိအားပေးခြိမ်းခြောက်ခိုင်းစေခံနေရတာတွေ၊ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အရွယ်ရောက် အမျိုသားတွေကို အဓမ္မစစ်မှုထမ်းခိုင်းတာတွေ ဖြစ်ပေါ်နေတာပါ။

"ခုကာလ မဟုတ်ဘူး ၊ ဟိုးတုန်းကတောင် ဒီအစီအစဥ်က အသက်မဝင်ခဲ့ဘူး ခုတော့ ပိုတောင် မှဘဲ ခက်မယ် အောင်မြင်တယ်ဆိုတာကအသုံးပြုမှ အောင်မြင်တယ်လို့ပြောရမှာ ခုက ဒီယန္တရားကိုဘယ်သူမှအသုံးမပြုဘူး
မတရား ဖိအားပေးစေခိုင်းတယ်ဆိုတာ OT ညလုံးပေါက်ခေါ်တာတွေအကျုံးဝင်တယ် ဝန်ကြီးဌာနကိုယ်တိုင် ဒါကိုမကြီးကြပ်ထားဘူး လွှတ်ပေးထားတာ အဲ့တော့ ချိုးဖောက်တဲ့အထဲ ဦးစီးတွေလဲပါတယ် အရေးမယူဘဲနဲ့တော့ ဘာ်သူ့မှတိုင်ခိုင်းမနေနဲ့တော့ ILO က ဘာမှ လုပ်တာမဟုတ်ဘူး ကလေးအထာ နဲ့ပြောရရင်တော့ သူတို့အလုပ်လုပ်နေပါတယ်ပေါ့ကွာ တကယ်တော့ ဘယ်အလုပ်သမားကမှစိတ်မဝင်စားတာပါ ဘာမှလဲအားကိုးရတာမဟုတ်ဘူး"လို့ အလုပ်သမားအရေးဆောင်ရွက်သူက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ကျော်ကြာလာချိန်မှာ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာအလုပ်သမားရုံးတွေကို သွားရောက်တိုင်ကြားပေမဲ့ ဦးစီးဌာနတွေက ငြင်းပယ်တာ၊ အလုပ်သမားကို ပြန်လည်ခြိမ်းခြောက်တာနဲ့ တိုင်ကြားတဲ့အလုပ်သမားကို အလုပ်ထုတ်တာတွေကျူးလွန်နေတယ်လို့ လည်း အလုပ်သမားတွေ က ပြောဆိုထားပါတယ်။


Related posts

Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025