NEWS

အထောက်အထားမဲ့ ဝင်ရောက်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၇ ဦး ကန်ချနဘူရီခရိုင်မှာ အဖမ်းခံရ

CoverLogo
247 Views
 
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၇ ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
မတ်လ၂၁ ရက် နံနက် ၂နာရီ ခန့်က ကန်ချနဘူရီ ခရိုင် အတွင်း လမ်းမပေါ်မှာ ပစ်ကပ်ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မှ မရပ်တန့်ဘဲ မောင်းပြေးသွားတာ ကြောင့် ကားကို လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်း ကားမှာ ဆန်ခလဘူရီ အတွင်းရှိ တောအုပ်အတွင်းသို့ ဝင်ရောက်သွားပြီး ယာဉ်မောင်းက ကားကို စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ကားပေါ်မှာ လိုက်ပါလာတဲ့မြန်မာနိုင်ငံသား ၁၇ဦး ကိုတွေ့ရပြီး ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ကလေး ၆ ဦး ပါဝင်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ဖမ်းမိခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတို့မှာ ထိုင်းနိုင်ငံ အတွင်းပိုင်း ပြည်နယ်တစ်ခုခု မှာ အလုပ်လုပ်ကိုင်ဖို့ အတွက် နယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာတာ ဖြစ်သလို အခုလို ဝင်ရောက်ဖို့ အတွက် ပွဲစား ကို တစ်ဦးလျှင် ဘတ်ငွေ ၁၀၀၀၀ ပေးဆောင်ရတယ်လို့ စစ်ဆေးထွက်ဆိုထားပါတယ်။
 
ယခုဖမ်းဆီးရရှိသူတွေ ကို ဆန်ခလာဘူရီ ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရပါတယိ။ မတ်လ၂၀ရက်ကလည်း ကန်ချနပူရီခရိုင် အတွင်း ယာဉ်တစ်စီးပေါ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၆ဦးတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံရသေးတယ်လို့သိရပါတယ်။
Ref-Kanchanaburi News

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026