NEWS

အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သား တွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်မပို့ဖို့ ထိုင်းသံရုံးထံအိတ်ဖွင့်ပေးစာပေးပို့

CoverLogo
165 Views
 
ထိုင်းအာဏာပိုင်တွေက အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေ ကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်ပို့ တာတွေ ရပ်တန့်ပေးဖို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် မှာရှိတဲ့ ထိုင်းသံရုံး ရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက မတ်လ ၁၃ ရက်မှာ စုပေါင်းဆန္ဒပြခဲ့ကြပြီး ထိုင်းသံရုံးကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မှာ အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးခံရပြီး စစ်ကောင်စီ ထံ လစဉ် ပြန်ပို့ ခံရတဲ့ မြန်မာအလုပ်သမားတွေ အများစု မှာအတင်း အဓမ္မစစ်မှုထမ်း ဖို့ အတွက် လေ့ကျင့်ရေးသင်တန်းကျောင်းတွေ ကို ပို့ဆောင်ခံရသလို ရှေ့တန်းစစ်မြေပြင်တွေ ကို ပို့ဆောင်ခံရတာတွေရှိနေတဲ့ အတွက် ပြည်သူတွေရဲ့အသက်အန္တရာယ် ကို ထောက်ထားပြီး ပြန်ပို့တာတွေကို ရပ်ဆိုင်းပေးဖို့အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ထိုင်းအစိုးရအနေနဲ့ ဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေ ကို ပြန်မပို့ဘဲ ယာယီ လက်ခံ ထားပေးကာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ တွေနဲ့ ချိတ်ဆက် ကူညီပေးဖို့ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့ကြပါတယ်။
မြန်မာ့အရေးတတ်ကြွလှုပ်ရှားသူတွေ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာ ကို ထိုင်းသံရုံးကတစ်ဆင့် ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးထံ လိပ်မူပေးပို့ထားကာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ယာယီခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ဆွေးနွေးပြီးမှ ဆုံးဖြတ်ပေးဖို့ စတဲ့အချက်တွေပါဝင်တယ်လို့ သိရပါတယ်။
လက်တလောမှာ ထိုင်းနိုင်ငံနဲ့မလေးရှား နိုင်ငံတို့ ရှိ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှု တွေ အလွန်များပြားလျက်ရှိပြီး ပြစ်ဒဏ်ကျခံပြီးပါက စစ်ကောင်စီထံ ပြန်ပို့နေတဲ့ အတွက် ပြည်ပရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက မိမိတို့ရောက်ရှိရာ နိုင်ငံ များရှိ ထိုင်းနဲ့မလေးရှားသံရုံး ရှေ့တွေ မှာ အထောက်အထားမပြည့်စုံတဲ့ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို စစ်ကောင်စီထံ ပြန်မပို့ဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုတာ တွေ လုပ်ဆောင်လာကြပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ လိုလားနေ
Oct 12, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ
Oct 09, 2025
Cover
မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ
Oct 09, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025