NEWS

အထောက်အထာမဲ့ မြန်မာလုပ်သား ၁၀၈ ဦးတင်ဆောင်လာသော ကွန်တိန်နာ ကန်ချနဘူရီတွင်ဖမ်းမိ

CoverLogo
270 Views
 
ထိုင်းနိုင်ငံ ကန်ချဘူရီမြို့တွင် တရားမဝင်မြန်မာလုပ်သား ၁၀၈ ဦးကိုတင်လာသော အလုံပိတ်ကုန်သေတ္တာကားအား အောက်တိုဘာ ၁၁ ရက်နံနက်ပိုင်းတွင်ဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
 
ကန်ချနဘူရီမြို့ Ban Khao Meng Road လမ်းပေါ် ခေါင်မင်ဘန်းကြီးကျောင်းရှေ့မှာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်အဝေးပြေးလမ်းရဲတပ်ဖွဲ့ဝင်များမှ အလုံပိတ်ကုန်ကားအားစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကားအတွင်း မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ကျား ၆၄ဦး ၊မ ၃၈ဦးနှင့်ကလေး၆ဦးတို့ကို ယာဥ်မောင်းတစ်ဦးနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
 
မြန်မာအလုပ်သမား တွေဟာ ထိုင်းမြန်မာနယ်စပ်ကိုလှေဖြင့် ဖြတ်ကျော်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းဘက် ထောင်းဖာဖူမ်ဒေသ သို့ရောက်ရှိခဲ့ကာ ထိုင်းနိုင်ငံရှိအခြားဒေသများသို့သွားရန် လိုက်ပါခဲ့ခြင်း​ဖြစ်ကြောင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီအရေးယူကာ မြန်မာနိုင်ငံသို့ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026