NEWS

အထောက်ထားရှိ​ပေမဲ့ work permit တွင် ပါရှိသည့် အလုပ်နှင့်လက်ရှိလုပ်နေသည့်အလုပ်ကွဲလွဲတဲ့ အတွက် ထိုင်းရောက်မြန်မာအလုပ်သမား အချို့အဖမ်းခံရတာတွေရှိနေ

CoverLogo
268 Views

ထိုင်းနိုင်ငံ အတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမား တွေကိုထိုင်းအာဏာပိုင်တွေက ရက်ပေါင်း၁၂၀စီမံချက် နဲ့ ဖမ်းဆီးလျက်ရှိရာ အထောက်အထား ရှိပေမယ့် work permit တွင် ကပ်ထားတဲ့ အလုပ် နဲ့ လက်ရှိ အလုပ် မတူတဲ့ အတွက် အဖမ်းခံရတာတွေ ရှိတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ထံ က သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ရက် က ဘန်ကောက်မြို့ရှိ ဗီယမ်နမ်လူမျိုး ပိုင်ဆိုင်တဲ့ အထည်ချုပ် လုပ်ငန်း မှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄ဦးမှာ CI အထောက်အထားတွေရှိပေမယ့် work permit နဲ့ အလုပ်နေရာ ကွဲလွဲ မှု ရှိတဲ့ အတွက် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
"အခု ဘတ်ရိုက်တယ်ဆိုတာက ကြုံရာအလုပ်ရှင်ငှားပြီး လုပ်ကြတာ အဲ့လို ငှားပြီး လုပ်တဲ့ သူတွေ က ဘာမှ မလုပ်ဘူး ကိုယ့်အိမ်မှာကိုယ်နေတာ မျိုး ဟိုနားဒီနား သွားလာတာမျိုးက ဘာမှ မဖြစ်ဘူး ၊လုပ်ငန်းခွင် ထဲ လုပ်မယ်ဆိုရင်တော့ CIရှိရမယ် အလုပ်ရှင်ပြောင်းမယ်ဆိုရင် ဒီဘက်ကအလုပ်ရှင်ဆီက ကျန့်အော် ထုတ်လို့ရရင် ထုတ် မရရင် တော့ ကိုယ်လုပ်တဲ့ အလုပ်ရှင်ဆီက ကျန့်ခေါက်တော့ လုပ်ထားရမယ် မလုပ်ထားဘူးဆိုရင်တော့ အရေးယူခံရနိုင်တယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ရှင်းပြပါတယ်။

အခုလို အထောက်အထားရှိပေမယ့် workpermit မှာပါရှိတဲ့ အလုပ် နဲ့ လုပ်ကိုင်နေတဲ့ အလုပ် ကွဲလွဲတာကြောင့် အဖမ်းခံရပါက တရားရုံးမှာ
ဒဏ်ငွေ ဘတ် ၅၀၀၀ ခန့် ပေးဆောင်ရပြီး အချုပ်ကျကာ မိခင် နိုင်ငံ ကို ပြန်ပို့တယ်လို့ သိရပါတယ်။

ဒါကြောင့် အထောက်အထား ရှိသူတွေအနေနဲ့ မိမိတို့ရဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်မှု ရှိစေဖို့ အလေးထား ဆောင်ရွက် ဖို့ လည်း ထိုင်းငံရှိ မြန်မာလူမှုအဖွဲ့စည်း အချို့က တိုက်တွန်းထားပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026