NEWS

အထည်များအဆမတန်တိုးချုပ်ခိုင်း​စေခြင်းနှင့် အချိန်ပိုအဓမ္မဆင်းခိုင်းနေခြင်း​ကြောင့် အလုပ်သမားများ အခက်တွေ့​နေဟုဆို

CoverLogo
14K Views

ရန်ကုန်တိုင်း၊ ရွှေသံလွင် စက်မှု့ဇုန်မှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးပိုင် Sanyaum Oversea Myanmar အထည်ချုပ်စက်ရုံမှလုပ်သားများကို ပုံမှန်ချုပ်ထည်များထက် ၂ ဆနီးပါးပိုမိုချုပ်ခိုင်းနေတဲ့အပြင်အချိန်ပိုပါနေ့စဥ်နဲ့အမျှခေါ်ယူပြီးအဓမ္မခိုင်းစေတာတွေလုပ်နေတယ်လို့အဆိုပါစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပအသမားတွေက MLN ကိုသတင်းပေးပို့တိုင်ကြားလာပါတယ်။

"အရင်ဆိုအထည် ၃၀ လောက်ချုပ်ရတယ်၊ ခုက ၅၀ လောက်တိုးချုပ်ခိုင်းတာတရက်ကို ကျမတို့ကမနိုင်ဘူး။ အဲ့လောက်ပြောလဲမရဘူး၊ အိုတီကလဲနေ့တိုင်းလာမဆင်းရင်ပယ်ပယ်နယ်နယ်အပြောခံရတယ်"လို့စက်ရုံအလုပ်သမတဦးကပြောပါတယ်။

စက်ရုံမှအချိန်ပိုကြေးနဲ့လစာပေးတာတွေမှာပျက်ယွင်းတာမျိုးမရှိ​ပေမယ့် ပုံမှန်လုပ်အားထက်နှစ်ဆနီးပါးခိုင်းနေတာတွေကြောင့်စက်ရုံအလုပ်သမားတွေအခက်တွေ့နေရတယ်လို့ဆိုပါတယ်။

"ခုဟာကပိတ်ရက်တွေလဲအိုတီခေါ်နေတော့အဆင်မပြေဘူး၊ တနဂ်နွေ လဲဆင်းနေရတယ် ည၁၁နာရီလောက်အထိခေါ်တော့စက်ရုံမှာပဲအိပ်ကြရတယ်၊ မဆင်းရင်အလုပ်ထုတ်တာမျိုးတော့မရှိဘူး။အပြောခံရတယ်"လို့စက်ရုံအလုပ်သမားတဦးကစက်ရုံတွင်းလက်ရှိအခြေအနေကိုပြောပါတယ်။

စက်ရုံမှာအလုပ်ရှင်အလုပ်သမားညှိနှိုင်းရေး CEC အဖွဲ့ရှိပေမယ့်စက်ရုံဖက်မှခန့်ထားသူတွေသာနေရာယူထားတဲ့အတွက်စက်ရုံရဲ့အခွင့်အရေးချိုးဖောက်တာတွေကိုတိုင်ကြားရခက်နေတဲ့အပြင်အဖွဲ့အစည်းဖွဲ့ရင် အလုပ်ကထုတ်မယ်လို့စက်ရုံဖက်ကအလုပ်သမားတွေကိုချိန်းခြောက်ထားလို့လဲသိရပါတယ်။

အဆိုပါ Sanyuan Oversea Myanmar အထည်ချုပ်စက်ရံမှာExportအဝတ်အထည်များချုပ်နေတဲ့စက်ရုံတခုဖြစ်တယ်လို့ဆိုပါတယ်။

Photo -DICA


Related posts

Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026