NEWS

အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံပြီး ဖိအားပေးခိုင်းစေနေ

CoverLogo
508 Views
 
ကိုရီးယားနိုင်ငံသားပိုင် SHINSUNG Garment ၆ စက်ရုံမှာ စက်လိုင်းတစ်လိုင်းကို လူဦးရေ (၅၀) သာ ရှိနေပေမယ့် အထည်စံချိန်ကိုတော့ တစ်နာရီမှာ အင်္ကျီ၊ဘောင်းဘီအထည် (၁၀၀) ကျော် တောင်းခံနေပြီး စံချိန်မပြည့်ရင် ဆဲဆို တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဒေါ်ဖွားရှင်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သား အင်အား (၁၈၀၀) ကျော်နဲ့ လုပ်ငန်း လည်ပတ်နေတာ ဖြစ်ပါတယ်။
စက်ရုံမှာ သမဂ္ဂ ဖွဲ့စည်းထားတာ မရှိဘူးလို့ သိရပါတယ်။
“စက်လိုင်းတစ်လိုင်းမှာ လူ(၅၀)ရှိတာကို တစ်နာရီကို အထည်စံချိန် အင်္ကျီ၊ဘောင်းဘီကို အထည်တစ်ရာ ကျော် အထိ တောင်းပါတယ်။ အလုပ်ရှင်ဘက်ကတောင်းတဲ့ အထည်အရေအတွက်မရရင် အောစူပါ၊ စူပါတွေက အလုပ် သမားတွေကို အော်ဟစ်တာ၊ စောက်နဲ့ခိုင်းနှိုင်း ပြောဆိုတာတွေ လုပ်ပါတယ်။ နောက်ပြီးလစာပေးတဲ့ပုံစံကိုလည်း အလုပ်သမားတွေ နားမလည်ပါဘူး။ အချိန်ပိုအိုတီကြေးကိုလည်း တစ်နာရီဘယ်လောက်ပေးတာလဲမသိပါဘူး။ လစာစာရွက်မှာ တိုင်တစ်တိုင်အနေနဲ့ အလုပ်သမားတွေလစာထဲက ထောက်ပံ့ကြေးဆိုပြီး တစ်ယောက်ကို နှစ် သောင်းကနေ ငါးသောင်းအထိဖြတ်ပါတယ်။ ထောက်ပံ့ကြေးဆိုပြီး ဖြတ်တောက်နေပေမယ့် အလုပ်သမားတွေကို ဘယ်ကိုထောက်ပံ့မယ်လို့လည်း မပြောပါဘူး။ အလုပ်သမားတွေ ဆန္ဒကိုမမေးပဲ သူသဘောနဲ့သူ ပိုက်ဆံ ဖြတ်နေပါ တယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံ အလုပ်ချိန်ကို နံနက် (၇) နာရီခွဲကနေ ည (၇) နာရီအထိ သတ်မှတ်ထားပြီး ဥပဒေပါ ခွင့်ရက်တွေကို ခံစားခွင့် မပေးဘူးလို့ သိရပါတယ်။
လုပ်ခလစာကို ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၇၆၀၀) ကျပ်ပေးနေပေမယ့် အလုပ်သမားတွေ ခွင့်ခံစားခွင့် မရတာကြောင့် အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး၊ထောက်ပံ့ကြေး၊ရက်မှန်ကြေး အားလုံး ဖြတ်တောက်ခံနေရတာ ဖြစ်ပါတယ်။
“စက်ရုံက အပေါ်ထပ်၊ အောက်ထပ် ရှိပါတယ်။ စက်ရုံထဲမှာ ဆေးခန်းလည်း ရှိပါတယ်။ အလုပ်သမားတွေက ဆေးခန်း သွားပြချင်ရင် ဂိတ်ပတ်တောင်းရပါတယ်။ ဂိတ်ပတ်ကလည်း အလွယ်တကူ မရပါဘူး။ အရေးအကြောင်း ဆို ဆေးခန်းပြဖို့ အခက်အခဲ ရှိပါတယ်” လို့ သူက ပြောပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က ထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ငွေကြေးမဖြတ်တောက်ရေး၊ အလုပ်သမားတွေ ချုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံရေး၊ အောစူပါ၊ စူပါတွေက အလုပ်သမားတွေကို အော်ဟစ်တာ၊ ေ-ာက်နဲ့ပြောဆိုတာ မလုပ်ရေး၊ ဥပဒေပါခွင့်ရက်တွေကို ခံစားခွင့်ပြုရေး၊ အလုပ်သမားတွေ ဆေးခန်းပြပါက ဂိတ်ပတ်မတောင်းခံရေးနဲ့ ဆေးကုသရေးကို အာရုံစိုက်ရေးစတာတွေကို လိုလားနေတာ ဖြစ်ပါတယ်။

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026