NEWS

အထည်ချုပ်အလုပ်သမားများကို ထောက်ပံ့မည့် အနုပညာပြိုင်ပွဲ ကျင်းပမည်

CoverLogo
1.1K Views

မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေကို ထောက်ပံကူညီမယ့်  အနုပညာပြိုင် တစ်ခုကို ပြုလုပ်သွားမယ် #Sister2Sister အဖွဲ့ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီ ၆ ရက်က ရေးသားထားပါတယ်။

အဲဒီ ပြိုင်ပွဲကို “အထည်ချုပ်အလုပ်သမားတွေလို ရင်ဆိုင်တော်လှန်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့  ပြုလုပ်သားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အနုပညာပြိုင်ပွဲက ဆုရရှိသူ စာရင်းကိုတော့ မြန်မာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေရဲ့ ပထမဆုံး နှစ်ပတ်လည်ကို  အသိအမှတ်ပြုတဲ့ အနေနဲ့  ဖေဖော်ဝါရီလ ပထမအပတ်အတွင်း  ထုတ်ပြန်ကြေညာပြီး #StartARiArt တွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံတွေမှာ  အလုပ်သမားတွေ ကြုံတွေနေရတဲ့ စနစ်တကျ ဖိနှိပ်ခံရတာ၊ ရပိုင်ခွင့် အခွင့်အရေးတွေ ငြင်းဆန်ခံရတာနဲ့ လုပ်အားခ မညီမျှမှတွေအပေါ် နားလည်သဘောပေါက်မှု မြင့်တက် လာစေဖို့ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုံဆော်တဲ့အနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပတာဖြစ်ပြီး အနိုင်ရရှိသူ သုံးဦးကို Sisters2Sisters အဖွဲ့က  ဒေါ်လာ တစ်ရာစီ ချီးမြှင့်မယ်လို့ သိရပါတယ်။  

ပြိုင်ပွဲအနုပညာပစ္စည်းတွေကို လက်မှုပစ္စည်းတွေ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

အဲဒီလို ရောင်းချလို့  ရရှိမယ့် အမြန်အစွန်းအားလုံးကို မြန်မာ အတည်ချုပ် အလုပ်သမားတွေကို ထောက်ပံ့ကူညီမှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ဆုရရှိသူတွေကို  #Sisters2Sisters အဖွဲ့ဝင်တွေ၊ StartARiArt အဖွဲ့ဝင်တွေနဲ့ စက်ရုံအလုပ်သမား ကိုယ်စားလှယ်တွေက  စုပေါင်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။


Related posts

Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး
Jan 29, 2026
Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026