NEWS

အထည်ချုပ်အလုပ်သမားများကို ထောက်ပံ့မည့် အနုပညာပြိုင်ပွဲ ကျင်းပမည်

CoverLogo
1.1K Views

မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေကို ထောက်ပံကူညီမယ့်  အနုပညာပြိုင် တစ်ခုကို ပြုလုပ်သွားမယ် #Sister2Sister အဖွဲ့ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီ ၆ ရက်က ရေးသားထားပါတယ်။

အဲဒီ ပြိုင်ပွဲကို “အထည်ချုပ်အလုပ်သမားတွေလို ရင်ဆိုင်တော်လှန်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့  ပြုလုပ်သားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အနုပညာပြိုင်ပွဲက ဆုရရှိသူ စာရင်းကိုတော့ မြန်မာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေရဲ့ ပထမဆုံး နှစ်ပတ်လည်ကို  အသိအမှတ်ပြုတဲ့ အနေနဲ့  ဖေဖော်ဝါရီလ ပထမအပတ်အတွင်း  ထုတ်ပြန်ကြေညာပြီး #StartARiArt တွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံတွေမှာ  အလုပ်သမားတွေ ကြုံတွေနေရတဲ့ စနစ်တကျ ဖိနှိပ်ခံရတာ၊ ရပိုင်ခွင့် အခွင့်အရေးတွေ ငြင်းဆန်ခံရတာနဲ့ လုပ်အားခ မညီမျှမှတွေအပေါ် နားလည်သဘောပေါက်မှု မြင့်တက် လာစေဖို့ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုံဆော်တဲ့အနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပတာဖြစ်ပြီး အနိုင်ရရှိသူ သုံးဦးကို Sisters2Sisters အဖွဲ့က  ဒေါ်လာ တစ်ရာစီ ချီးမြှင့်မယ်လို့ သိရပါတယ်။  

ပြိုင်ပွဲအနုပညာပစ္စည်းတွေကို လက်မှုပစ္စည်းတွေ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

အဲဒီလို ရောင်းချလို့  ရရှိမယ့် အမြန်အစွန်းအားလုံးကို မြန်မာ အတည်ချုပ် အလုပ်သမားတွေကို ထောက်ပံ့ကူညီမှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ဆုရရှိသူတွေကို  #Sisters2Sisters အဖွဲ့ဝင်တွေ၊ StartARiArt အဖွဲ့ဝင်တွေနဲ့ စက်ရုံအလုပ်သမား ကိုယ်စားလှယ်တွေက  စုပေါင်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။


Related posts

Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025
Cover
နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 15, 2025
Cover
Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ
Aug 14, 2025
Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025
Cover
လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ
Aug 13, 2025