NEWS

အထည်ချုပ်အလုပ်သမတွေလို ရင်ဆိုင်တော်လှန်ကြ လှုပ်ရှားမှု Season-II စတင်မယ်

CoverLogo
2.4K Views

မနက်ဖြန် နိုဝင်ဘာလ ၂၅ရက်နေ့ ကစတင်ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်နေကြတဲ့ အထည်ချုပ်အလုပ်သမတွေနဲ့ ပြည်သူတွေပါဝင်တဲ့ အထည်ချုပ်အလုပ်သမတွေလို ရင်ဆိုင်တော်လှန်ကြ ကမ်ပိန်း season- 2 ကိုစတင်ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ့ကမ်ပိန်းမှာပါဝင်သူတွေအနေနဲ့ အထည်ချုပ်စက်ရုံကထွက်ရှိတဲ့ အဝတ်အထည်တခုကိုကိုင်မြှောက်ပြီး တောင်းဆိုချက် ၃ရက်ကို တောင်းဆိုကြဖို့ကမ်ပိန်းစီစဥ်ဆောင်ရွက်တဲ့ Sister2Sister အဖွဲ့ကတိုက်တွန်းထားပါတယ်။

ဖော်ပြပါကမ်ပိန်းနဲ့ပတ်သက်ပြီး
"မြန်မာပြည်ရဲ့ တော်လှန်ရေးဟာ အလုပ်သမား တွေရဲ ဦးဆောင်မှု၊ လမ်းပြမှု တွေ မရှိခဲ့ရင် ဒီနေ့ကာလထိ မရောက်နိုင်ပါဘူး။ တရက်ကို ၄၈၀၀ ကျပ် အနည်းဆုံး လုပ်ခ ရကြတဲ့ အထည်ချုပ်အလုပ်သမား အများစုဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ယနေ့ကာလ  အကြပ်အတည်းတွေ ကြားမှာ အထည်ချုပ်အလုပ်သမ တွေဟာ တော်လှန်ရေးအတွက်လဲ ကျရာကဏ္ဍ ကနေ စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်တော်လှန်နေကြပါတယ်။ 
ပြီးခဲ့တဲ့ ကာလမှာကတည်းက အထည်ချုပ် အလုပ်သမတွေဟာ အလုပ်ရှင်တွေရဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေကို နည်းပေါင်းစုံနဲ့ ရင်ဆိုင်တော်လှန်ခဲ့ကြသူတွေဖြစ်ပါတယ်။ 
အလုပ်သမား အမျိုးသမီး ထုနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ကြဖို့ #Sisters2Sisters က ဖိတ်ခေါ်ပါတယ်။"လို့လဲ Sister 2 Sisterရဲ့လူမှု့ကွန်ယက်စာမျက်နှာ ကနေတိုက်တွန်းဖော်ပြထားပါတယ်။

ပါဝင်တောင်းဆိုရမယ့် တောင်းဆိုချက်၃ရပ်မှာ အထည်ချုပ်စက်ရုံပိုင်ရှင်များအထူးအခွင့်အရေးရနေသည့်အဖြစ် ကင်းလွတ်ခွင့်အဆုံးသတ်ရန်၊ အမျိုးသမီးအခွင့်အရေး အလုပ်သမားအခွင့်အရေးတို့အားလေးစားလိုက်နာရန်နှင့် အာဏာရှင်စနစ်အား ပြည်သူများက အထည်ချုပ်အလုပ်သမများကဲ့သို့ တော်လှန်ကြရန်တို့ဖြစ်တယ်လို့သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း မိမိပါတ်ဝန်းကျင်မှ အလုပ်သမားများရဲ့ အခက်အခဲကို ကူညီပေးဖို့နဲ့အလုပ်သမတွေရဲ့ တောင်းဆိုချက်တွေကိုသဘောတူညီတယ်ဆိုရင် အလုပ်သမားတွေကိုအားပေးတဲ့အနေနဲ့မိမိတို့ရဲ့ လူမှု့ကွန်ယက်စာမျက်နှာတွေပေါ်မှာဂုဏ်ပြုစကားရေးသားနိုင်တယ်လို့လဲတိုက်တွန်းထားပါတယ်။

အထည်ချုပ်အလုပ်သမတွေလို ရင်ဆိုင်တော်လှန်ကြကမ်ပိန်းကို နိုဝင်ဘာ ၂၅ရက်နေ့ က နေဒီဇင်ဘာ ၁၀ရက်နေ့ အထိ ၁၆ရက်တာလှုပ်ရှားသွားမှာဖြစ်ပြီး ယခုလှုပ်ရှားမှု့မှာအရှေ့တောင်အာရှအမျိုးသမီးများအဖွဲ့ရဲ့ လှုပ်ရှားမှု့အစိတ်အပိုင်းဖြစ်ပြီး ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် သွေးစည်းညီညွတ်သောအလုပ်သမားများအဖွဲ့ချုပ်မြန်မာ (STUM)အပါအဝင် အမျိုးသမီးရပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်တာလို့ဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026