NEWS

အထည်ချုပ်လုပ်သားများ လူမှုဖူလုံရေး ခံစားခွင့် ယုတ်လျော့လာ

CoverLogo
773 Views

မြန်မာနိုင်ငံက အထည်ချုပ်လုပ်သားတွေမှာ လူမှုဖူလုံရေးအတွက် အခွင့်ရေး ခံစားခွင့်တွေ ယုတ်လျော့လာ တယ်လို့ Myanmar Labour News က မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်ကို သီးသန့်မေးမြန်းစဉ် ပြောကြားခဲ့တာပါ။ 

 

ခံစားခွင့် ယုတ်လျော့မှုတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတာလို့ ဆက်ပြောပါတယ်။ 

 

“ခွင့်ရက်ကို လစာပြည့်ရဖို့ကို စက်ရုံတွေဘက်က လူမှုဖူလုံရေးရုံးဆီက တောင်းဖို့ ပြောတယ်။ ဒီလို သွားဖို့က ရုံးဖွင့်ရက် ဖြစ်ရမယ်။ ရုံးဖွင့်ရက်ဆိုတာက စက်ရုံဖွင့်တဲ့ရက်ပဲ ။ အဲ့တော့ အလုပ်သမားက ပျက်ရက်အတွက် ပိုက်ဆံရဖို့ကို နောက်ထပ် အလုပ်ပျက်ခံပြီး သွားရမလို ဖြစ်နေပြီ ။ ဒါပေမဲ့ ပျက်ရက်အတွက် အလုပ်သမားတွေ က ဖိအားတွေနဲ့ ။ အလုပ်ပျက်မယ်ဆို မလာနဲ့တော့ ဆိုတဲ့ ဖိအားပေးတဲ့ စက်ရုံတွေတောင် ရှိပါတယ် ။” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

 

အာဏာမသိမ်းမီကာလတွေက ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် ၊ဆေးခွင့် စတာတွေကို လွယ်လွယ်ကူကူ ရယူနိုင်ခဲ့ သလို လစာပြည့်ခွင့်အတွက် စက်ရုံဘက်က စိုက်ထုတ်ပေးတာတွေ ရှိတယ်လို့သိရပါတယ်။ 

 

လက်ရှိမှာတော့ လစာပြည့်ခွင့်အတွက် ရရှိရမဲ့ လစာကို စက်ရုံတွေဘက်က စိုက်ထုတ်ပေးတာတွေ မလုပ်တော့ဘဲ လူမှုဖူလုံရေး ရုံးတွေမှာ သွားတောင်းဖို့ ပြောကြားနေတယ်လို့ ဆိုပါတယ်။ 

 

“လက်ရှိ လစာပြည့်ခွင့်ခံစားရတာဆိုတာမရှိဘူး။ နောက် အလုပ်ပိတ်ရက်တွေမှာ လုပ်ကိုင်နေရာတွေရှိတယ်။ ကိုယ်ဝန်ဆောင်တွေကို အလုပ်ထုပ်ခံရတာတွေ ၊ခွဲခြားဆက်ဆံခံရတာတွေ ၊ ခံစားခွင့် ငြင်းပယ်ခံရတာတွေ အများအပြား တိုင်ကြားတာတွေ ရှိနေတယ်” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

 

မြန်မာနိုင်ငံရဲ့အလုပ်သမားနဲ့ သက်ဆိုင်တဲ့ ဥပဒေမှာ ရှောင်တခွင့် ၆ ရက်၊ လုပ်သက်ခွင့် ၁၀ရက်၊ ဆေးလက်မှတ် ခွင့် နဲ့ ကိုယ်ဝန်ဆောင်တွေအတွက် လူမှုဖူလုံရေးအခွင့်အရေးတွေကို သတ်မှတ်ဖော်ပြထားသလို အာဏာမသိမ်း မီ ကာလကတော့ အလုပ်သမားတွေဟာ အဲ့ဒီ ခွင့် အခွင့်အရေးတွေ ခံစားခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

“ကျွန်မကို စက်ရုံမန်နေဂျာက ရုံးခန်းကိုခေါ်ပြီး ကိုယ်ဝန်ရှိလို့ဆိုပြီး အလုပ်ထုတ်တယ်။ နောက် လူမှုဖူလုံရေး ကြေး သွင်းထားပေမဲ့ အဲဒီအခွင့်အရေး မရဘူးလို့ ပြောတယ်။ အဲလိုပြောလို့ အလုပ်သမားအဖွဲ့အစည်းတစ်ခုနဲ့ တိုင်ပင်ပြီး အလုပ်သမားရုံးကို တိုင်ကြားခဲ့ရတယ်” လို့ လက်ရှိ မီးဖွားထားတဲ့ အလုပ်သမားအမျိုးသမီးက ပြောပါတယ်။

 

Myanmar Laboure News က ပြုစုထားတဲ့ မှတ်တမ်းတွေမှာလည်း စက်ရုံဘက်က ရှောင်တခင်ခွင့် မပေးတာ၊ လုပ်သက်ခွင့်ကို ငွေကြေးပေး လဲလှယ်တာ၊ ဆေးခွင့်မပေးတာ၊ ခွင့်ယူပါက ဖိအားပေး ခွဲခြားဆက်ဆံတာနဲ့ ခွင့်ယူဖို့ကို ခက်ခဲအောင် ပြုလုပ်ထားတွေ ရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026