NEWS

အထည်ချုပ်လုပ်သားတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ကွင်းဆင်းစည်းရုံးတာတွေပြုလုပ်နေ

CoverLogo
593 Views

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်တွေက စက်ရုံတွေမှာအလုပ်သမားတွေအနေနဲ့ စစ်မူထမ်းဆင့်ခေါ်ပါက စစ်မှုထမ်းဖို့  စစ်ကောင်စီကကွင်းဆင်းစည်းရုံးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း  မင်္ဂလာဒုံ စက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ရုံမှာ  စက်ရုံအလုပ်သမား အမျိုးသမီးရော  အမျိုးသားရော အလုပ်သမားစုစုပေါင်းနှစ်ထောင်ကျော်ရှိတဲ့အနက် အချို့သော အလုပ်သမားတွေကို  စစ်မှုထမ်းခိုင်းဖို့  စက်ရုံသူဌေးနဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကြံစည်နေတယ်လို့လည်း သတင်းရရှိထားပါတယ်။ 

 

"မဲနှိုက်ရမယ်ပေ့ါ။ မဲပေါက်တဲ့သူကို သူဌေးက လစာ၂လစာပေးမယ်။ မဲကမိန်းကလေးယောကျားလေးအကုန် မဲနှိုက်ရမယ်။  ပြီးရင်လစာလည်းတိုးပေးမယ်။ စစ်မှုထမ်းရမယ်လို့တော့ထည့်မပြောဘူး။ အထူးအဆန်းတွေဖြစ် နေတာ။ ပြီးတေ့ာ အဲလိုမျိုးဦးဝင်းရှိန်နဲ့စစ်တပ်ရောက်လာပြီးတော့မှ  ခုလိုပြောတာဆိုတော့ မသင်္ကာစရာတွေပေါ့။ တစ်ကယ်ဖြစ်လာရင်တော့ အလုပ်သမားတွေလည်း လုပ်ခမရရင်နေ ပြေးကြမှာပဲ။ အလုပ်ရှင်ကိုယ်တိုင်ကပါ ပူးပေါင်းကြံစည်းပေးနေတာမျိုးဆိုရင်ပေါ့။ ခုကတော့မသေမချာမရေရာဘူး။  စည်းရုံးရေးဆင်းသလို စကားလုံးတွေတော့ပြောတယ်။ ကျွန်တော်တို့က လမ်းကြုံလို့ပြောတာလား စည်းရုံးတာလားတော့ သေချာမသိဘူး"လို့  လှိုင်သာယာမြို့နယ်နေ စက်ရုံအလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

 

စစ်ကောင်စီက  စစ်မူထမ်းဖို့လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး နောက်  ပြည်ပထွက်မဲ့လူငယ်တွေကိုပါ  MoU စာချုပ်တွေမှာစစ်မှုထမ်းဆင့်ခေါ်ပါက ပြန်လည်ဝင်ရောက်လာ ပြီးစစ်မှုထမ်းရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းစာချုပ်ချုပ်ဆိုခိုင်းခဲ့သလို လက်ရှိထိုင်းနိုင်ငံအတွင်းက မြန်မာအ လုပ်သမားတွေကိုပါ ယခုကဲ့သို့ စစ်မှုထမ်းဆင့်ခေါ်ခံရပါက အလုပ်ထွက်ကာပြန်လည်စစ်မှုထမ်းရမယ်ဆိုတဲ့စာ ချုပ်တွေကို ထိုင်းအလုပ်ရှင်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းကာလက်မှတ်ထိုင်းခိုင်းတာတွေဆောင်ရွက်နေတယ်လို့ လည်း သိရပါတယ်။  

 

"ဟုတ်တယ်။ ကျွန်တော်တို့သိတာကတော့ ဦးဝင်းရှိန်နဲ့အတူ စစ်တပ်ကဗိုလ်မှူးလား ဗိုလ်ချုပ်လားမသိဘူး။ ပါလာတယ်။ စစ်မှုထမ်းရခြင်းအကြောင်းတွေထည့်ပြောတယ်။ ကြောက်စရာမဟုတ်တဲ့အကြောင်းတွေ ထည့်ပြောတယ်။ ဒီအတိုင်းအတင်းလည်းဆွဲမခေါ်ဘူးပေါ့  အလှည့်ကျရင်တောင် ကျန်းမာရေးစစ်ဆေး တာတွေလုပ်အုံးမှာပေ့ါ။ ကောင်းတာတွေပဲပြောသွားတယ်။ ပြီးတော့အထောက်အပံ့တွေလည်းရှိတယ်ပေါ့။ ဦးဝင်းရှိန်ကတော့  သမဂ္ဂဖွဲ့ဖို့တွေပြောတာ။  စည်းကမ်းအညီ သတ်မှတ်ချက်တွေနဲ့အညီဖွဲ့ဖို့  ကောင်းကျိုးပြုဖို့ တွေပြောတာ။  ခုမှပြောနေတာ တစ်ကယ်ဆိုသမဂ္ဂဖွဲ့လို့အလုပ်ထုတ်တာတွေ ခွဲခြားဆက်ဆံခံရတာတွေကိုကျ  သူတို့က အရေးမယူဘဲ ခုမှသမဂ္ဂဖွဲ့ဖို့ပါလိုက်ပြောနေတာ"လို့  မင်္ဂလာမြို့နယ် စက်မှုဇုန်မှအလုပ်သမားတစ်ဦးက ဆိုပါတယ်။  

 

အလားရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအတွင်း လုပ်ငန်းလည်ပတ်နေသော စက်ရုံ အလုပ်ရုံများမှ လုပ်သား တွေရဲ့ အချက်အလက်တွေကိုလည်း  စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက  စာရင်းကောက်ယူထားတာတွေရှိသလို  ယခုလိုစစ်မူထမ်းရခြင်းအကြောင်း နဲ့ ကြောက်စရာ မလိုတဲ့အကြောင်းကို  ကွင်းဆင်းစည်းရုံးတာတွေကိုပါ လုပ်ဆောင်လာတယ်လို့  သိရပါတယ်။ 

 

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေအရ  အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သလို အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခုခုဖြင့် ပညာရှင်ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်၊ အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်တယ်လို့ ဖော်ပြပါရှိ ပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026