NEWS

အထည်ချုပ်စက်ရုံတချို့  သတ်မှတ်အဆင့်နှင့် ဒေးကြေးခွဲခြားပေးရန် ပြင်ဆင်နေ

CoverLogo
1K Views

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ တချို့မှာ အလုပ်သမားတွေကို ဒေကြေး ၅၆၀၀ တိုးမြှင့်ထားပေမဲ့ တချို့ စက်ရုံတွေမှာတော့ အလုပ်သမားရဲ့ ကျွမ်းကျင်မှုအပေါ်သတ်မှတ်ထားတဲ့ အဆင့်အတိုင်း ဒေးကြေး သတ်မှတ်ဖို့ ပြင်ဆင်နေတယ်လို့ မြစိမ်းရောင်စက်မှုဇုန်က အထည်ချုပ်စက်ရုံ တရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

“စက်ရုံထဲမှာ A,B,C ဆိုပြီး အဆင့် ခွဲထားတယ် ။ ဒေးကြေးကိုလည်း ၅၆၀၀၊ ၅၂၀၀၊ ၄၈၀၀ ဆိုပြီး သတ်မှတ်မယ် လို့ ကြီးကြပ်ရေးမှူးတွေက ပြောတယ်"လို့ အဲ့ဒီ အလုပ်သမားက Myanmar Labour News ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့လတွေက အလုပ်သမားတွေကို လွန်ခဲ့တဲ့ ၅ နှစ်က အစိုးရသတ်မှတ်တဲ့ အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ် ကိုသာ စက်ရုံအများစုက ပေးချေခဲ့ကြတာပါ။ 

ဒီလို ပေးနေစဉ် ဇွန်လကုန်က စပြီး အထည်ချုပ်လုပ်ငန်း တချို့က ဒေကြေး ကို ကျပ် ၅၆၀၀ သတ်မှတ် ပေးချေမယ်ဆိုပြီး အလုပ်သမားတွေကို အသိပေးထားတာ ဖြစ်ပါ တယ်။ 

အလုပ်သင်ကာလမို့ ဒေးကြေးကိုလျှော့ပေးတာကို လက်ခံနိုင်ပေမဲ့ ဒေးကြးပမာဏာ သတ်မှတ်ပြီး ပြီ ဆိုရင်တော့ အဆင့်ခွဲ ပေးချေတာမျိုး လုပ်လို့မရဘူးလို့ အလုပ်သမားရေးလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။ 

“ ဒေးကြေးလို့ သက်မှတ်လိုက်ရင် ဒေးကြေးပဲ၊ အဆင့်နဲ့ မဆိုင်ဘူး”လို့ ပြောပါတယ်။

အထည်ချုပ် အလုပ်သမားတစ်ဦးရဲ့ ကျွမ်းကျင်မှုအပေါ် သတ်မှတ် ပေးထားတဲ့ ခံစားခွင့်တွေကို အဆင့်ခွဲ ပေးချေမယ်ဆိုတာကို လက်ခံနိုင်ပေမဲ့ ဒေကြေးကို အဆင့်ခွဲ ပေးချေတာမျိုး ကိုတော့ လုံးဝ လက်မခံနိုင်ဘူးလို့ အထည်ချုပ် စက်ရုံ ကြီးကြပ်ရေး စူပါတစ်ဦးက ပြောပါတယ်။  

“ကျွန်မတို့ အလုပ်ဝင်ကတည်း ဒေးကြေးကို ကြည့်ဝင်တာ ၊ ဒါက အခြေခံကျဆုံး လုပ်ခဖြစ်လို့ပဲ။ ဒါကြောင့်လည်း အလုပ်သမားတွေကို ကိုယ်ချင်းစာတယ်။ ဒီ ဒေးကြေး အဆင့်ခွဲတာမျိုးကို လက်ခံလို့ မရဘူး” လို့ အဲဒီ စက်ရုံ ကြီးကြပ်ရေး အမျိုးသမီးက ပြောပါတယ်။ 

လက်ရှိ ဒေးကြေးလို့ခေါ်တဲ့ တစ်ရက်လုပ်ခလစာ ၅၆၀၀ ဟာ အစိုးရက စနစ်တကျ သတ်မှတ်တာမဟုတ်ဘဲ စက်ရုံတွေ ရဲ့ ကုန်ပစ္စည်းလိုအပ်မှုအပေါ်မှာ ပြောင်းလဲ သတ်မှတ်တဲ့ ပမာဏ ဖြစ်တယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။ 

အစိုးရက သက်မှတ်တဲ့ မမာဏ မဟုတ်လို့ ပေးချင်တဲ့ စက်ရုံပေးနိုင်ပြီး  မပေးတဲ့ စက်ရုံ က မပေးဘူး ဆိုတာမျိုးရှိနိုင်ပေမဲ့  Day ကြေးတိုးပေးတယ်လို့ ဆိုပြီး အဆင့်အလိုက်ခွဲပြီး ပေးချေတဲ့ ပမာဏကို ခွဲခြားသတ်မှတ်မယ်ဆိုရင် အလုပ်သမားတွေက လက်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်ပါတယ်။ 

အခု ဇွန်လထဲမှာ တရက်လုပ်ခလစာအတွက် တိုးမြှင့်ပေးရေးတောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၁၀ ဦးထက် မနည်း စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ခုံရုံးတင်ဖို့ ပြင်ဆင်နေသလို အလုပ်သမားခေါင်းဆောင် တချို့လည်း တိမ်းရှောင် နေကြရပါတယ်။ 

Photo- သတင်းပါ အကြောင်းအရာ စက်ရုံနဲ့  သက်ဆိုင်ခြင်းမရှိပါ။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026