NEWS

အထည်ချုပ် စက်ရုံတချို့ ကိုယ်ဝန်ဆောင် အလုပ်သမားများအား အလုပ်ထုတ် နေ

CoverLogo
2K Views

ရန်ကုန်မြို့ လှိုင်ယာယာစက်မှုဇုန်ထဲက အထည်ချုပ်လုပ်ငန်း စက်ရုံတွေက ကိုယ်ဝန်ဆောင် အလုပ်သမားတချို့ ကို အလုပ်ကနေ ထုတ်ပယ်နေတယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီလို အလုပ်ထုတ်တာဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့  လှုပ်ရှားတက်ကြွသူတွေက ပြောကြားပါတယ်။

“ကိုယ်ဝန်ရှိလို့ အလုပ်ထုတ်တယ်ဆိုတာ လူမှုဖူလုံရေး ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ” လို့ ပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်တာနဲ့ ကိုယ်ဝန်ဆောင်တွေအပေါ် ချိုးဖောက်တာတွေ  များပြားလာတယ်လို့လည်း ဆက်ပြောပါတယ်။

စက်ရုံတွေက ဒီလိုအလုပ်ထုတ်နေ ကြမယ်ဆိုရင် ကိုယ်ဝန်ဆောင်တွေအတွက် အလုပ်အကိုင် စိန်ခေါ်မှုတွေရှိလာသလို  မြန်မာနိုင်ငံက အိမ်ထောင်သည် အမျိုးသမီးတွေအတွက် လုပ်ငန်းခွင် အလုပ်ကိုင်တည်မြဲရေးဆိုတာ စိုးရိမ်စရာတွေ ဖြစ်လာနေပြီလို့လည်း ပြောကြားပါတယ်။  

အလုပ်ထုတ်ခံရတဲ့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေက ဥပဒေကြောင်းနဲ့ အခွင့်အရေးအရ တုန့်ပြန်နိုင်တယ် ဆိုတာ သိကြပေမယ့် အကြောင်းကြောင်းကြောင့် အလုပ်ထုတ်တာပဲ ခံလိုက်ရတယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ဒီရက်ပိုင်း အကူအညီလာတောင်းထားတဲ့ အမျိုးသမီးက မသွားတတ် မလာတတ်နဲ့ စက်ရုံတူ အလုပ်သမား တွေက တဆင့် အကူအညီ တောင်းလို့ အရင် အလုပ်ထုတ်ခံရသူတွေလို မဖြစ်အောင် သေချာကူညီပေးနေတယ်။ သူက နောက်ဆုံး လစာလည်း မထုတ်ရသေးဘူး။ စက်ရုံက သူကို ကိုယ်ဝန်ရှိလို့ ဆိုပြီး မန်နေဂျာနဲ့ HR က ရုံးခန်းခေါ်ပြီး အလုပ်ထွက်စာမှာ လက်မှတ်ထိုးခိုင်းတာ။ သူက ဖူလုံရေး ဆောင်ထားပေမဲ့ မီးဖွားရင်တောင် ခံစားခွင့်မရှိဘူးလို့ ပြောလိုက်တယ်တဲ့” လို့ ပြောပါတယ်။

အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အလုပ်ထုတ်တဲ့ စက်ရုံကတော့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ထဲက စက်မှုဇုန်က ဖြစ်ပြီး နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေကို ချုုပ်လုပ်နေကာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိလို့ Myanmar Labour News မှာ သတင်းဖော်ပြခံထားရတဲ့ စက်ရုံဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ကိုယ်ဝန်ဆောင်အလုပ်သမား အလုပ်ထုတ်တာကို သက်ဆိုင်ရာကို တိုင်ကြားတားပြီး ရက်ပိုင်းအတွင်း အဖြေသိရမှာ ဖြစ်ပါတယ်။

#MyanmarLabourNews 
Photo - ပုံဟောင်း (women Media center ) (မြန်မာနိုင်ငံမှ အတည်ချုပ်လုပ်သားများ)


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026