NEWS

အထည်ကြေးလျှော့ချထားလို့ အလုပ်သမားများ ဝင်ငွေနည်းပါး

CoverLogo
698 Views

သတ်မှတ် အထည်ချုပ်ခ (တစ်ကတ်ကြေး) လျော့ချထားတာကြောင့် ဝင်ငွေနည်းပါးနေတယ်လို့ စက်မှုဇုန် ကအထည်ချုပ် အလုပ်သမား တွေက ပြောပါတယ်။ 

နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံတချို့က ပေးချေတဲ့အထည်ကြေးတွေကို သုံးပုံတပုံ အထိ လျှော့ချ ပေးချေနေလို့ အလုပ်သမားတွေ ဝင်ငွေနည်းပါးရတာလို့ စက်လိုင်း ကြီးကြပ်ရေးမှူး တဦးက ပြောပါတယ်။

“ အာဏာမသိမ်းခင်ကဆို တထည်ကို ချုပ်ခ ၂၄၀၀ ပေးတာမျိုးဆိုရင် ၊ အခု ၇၅၀ ပဲ ပေးတယ်။ သုံးပုံတပုံ ပဲရတယ်။ အဲဒါကို စက်လိုင်းက အလုပ်သမား ၄၀ ကျော်ကို ခွဲယူရတယ်။ တော်တော်ကို နည်းတဲ့ ချုပ်ခ ။ လစာရ တော့လည်း နည်းတယ်။ တခြား လစားတွေနဲ့ အတူတူလောက်ပဲ ရတယ်။” လို့ ပြောပါတယ်။ 

ဒါ့အပြင် အော်ဒါ အထည်အရေအတွက်များပါက အထည်ချုပ်ခကို စက်ရုံဘက်က လျှော့ပေးတာတွေလည်း ပြုလုပ်လေ့ ရှိတယ်လို့ သိရပါတယ်။ 

အရပ်သားအစိုးရ အုပ်ချုပ်တဲ့ ကာလတွေမှာတော့ အထည် တထည် ချုပ်ခကို အများဆုံး ၃၂၀၀ ကနေ အနည်းဆုံး ကျပ် ၂၂၀၀ အထိရ ခဲ့တယ်လို့ လည်း ဆက်ပြောပါတယ်။

နိုင်ငံအတွင်း အနည်းလုပ်ခ လစာ တရက်ကို ၄၈၀၀ ကျပ်သတ်မှတ်ထားပြီး အထည်ချုပ် လုပ်သား တဦးရဲ့ ဝင်ငွေက အချိန်ပိုလုပ်ခ နဲ့ တိုးမြှင့်ထားတဲ့ ထောက်ပံ့ကြေးအပါအဝင် ကျပ်နှစ်သိန်းကျော်ကျော်သာ ရရှိ နေတာ ဖြစ်ပါတယ်။ 

လက်ရှိ အထည်ကြေး စနစ်နဲ့ လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေကတော့ ကျပ်နှစ်သိန်းခွဲ ဝန်းကျင် ကနေ ကျပ်သုံးသိန်းဝန်ကျင်သာ ရရှိကြတယ်လို့ ပြောပါတယ်။

“တစ်ကတ်ကြေးနဲ့ရှင်းတဲ့ တချို့ရုံတွေက ပိတ်ရက်အတွက် လုပ်ခလစာမပေးဘူး။ ၂၆ ရက်အတွက်ပဲ ရှင်းတာ။ အများစုကတော့ တစ်ကတ်ကြေးကို လျှော့ပြီး ပေးတယ်။ တစ်ကပ် (thicket )ကြေးထဲကနေ ဒေကြေး၊ အချိန်ပို ကြေးကို နုတ်တာတွေလည်း ရှိတယ်။ တချို့စက်ရုံတွေကတော့ မနုတ်ဘူး ။ ဒါပေမဲ့ အထည်စံချိန်ကို မြှင့်တောင်းတယ် ။ အထည်ကြေးကို လျှော့ပေးတယ်။ ဒီလိုတွေကြောင့် လုပ်ခလစာနည်းပြီးရတော့ အလုပ်သမားတွေက ဝင်ငွေနည်း တာ” လို့ ကြီးကြပ်ရေးမှူးက ပြောပါတယ်။ 

အထည်ကြေးစနစ်က သာမန် အထည်ချုပ်အလုပ်သမားတွေနဲ့ မတူဘဲ အာဝါလီ(Hourly) တောင်းတာဆိုမှု ဖိအားနဲ့ အလုပ် လုပ်နေရတာလို့ အလုပ်သမားအများစုက ပြောပါတယ်။ အခုလို အထည်ချုပ်ခ တစ်ကတ်ကြေး လျော့ကျတာကြောင့် တရက် အလုပ်ပြီးစီးရေး၊ အထည် အရေအတွက်တွေ ချုပ်နိုင်ဖို့ကိုပဲ အာရုံ စိုက်နေရတယ် လို့ အလုပ်သမားတဦးက ပြောပါတယ်။

“အထည်ချုပ်ခနည်းတော့ စက်ရုံတောင်းတဲ့ စံချိန်အတိုင်း ချုပ်ရတယ်။ ဒါမှလည်း တန်းတူ ချုပ်ခရမယ်။ ပိုက်ဆံ ရမှလည်း တလစာ စားသောက်နေထိုင် စာရိတ်လည်ပတ်မယ်။ ဝင်ငွေ နည်းတော့ အခက်အခဲတွေ များတယ်။ စိတ်ပင်ပန်းရတယ်။ ဒါတွေ ပြေလည်ဖို့ အထည်ကြေးတွေ နဲ့ အချိန်ပိုလုပ်ခတွေ တိုးပေးဖို့ ၊ မျှတတဲ့ အထည်စံချိန် သတ်မှတ်ပေးဖို့ ပါပဲ။” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်အားခဟာ အိမ်နီးချင်းနိုင်ငံတွေနှိုင်းယှဉ်ပါက ကွားခြားမှု များနေသလို အလုပ်သမားတွေရရှိတဲ့ အထည်ချုပ်ခကလည်း များစွာနည်းပါးတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောကြားထားပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026