NEWS

အဆိုးရွားဆုံး ပုံစံ ခိုင်းစေခံရသည့် ကလေးလုပ်သားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာနသို့ သတင်းပေးပို့နိုင်ဟုဆို

CoverLogo
27 Views
 
အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Help Line Phone No- 1566 သို့ သတင်းပို့နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးကပြောပါတယ်။
 
ယမန်နေ့က ပြုလုပ်တဲ့ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေး မှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
 
ကလေးလုပ်သားစစ်တမ်း ၂၀၂၄-၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခု ရှိ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ ကလေးသူငယ် ၈၂ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့ကို လူမှုဖြစ်ရပ် စီမံခန့်ခွဲမှု နည်းလမ်းများနဲ့ အညီ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံ ကလေးလုပ်သား ပပျောက်ရေးဒုတိယ၅နှစ်စီမံချက်မှာ ၂၀၂၄ခုနှစ်မှ ၂၀၂၈ခုနှစ်အထိ ဖြစ်ပြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရတဲ့ ကလေးအလုပ်သမား များ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစီမံချက် အရ ကျူးလွန်သူတွေကို တရားစွဲဆိုတာတွေ ကလေးသူငယ်ကို အကာကွယ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ဒါကြောင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေတဲ့ အလုပ်ရှင်တွေကို ဥပဒေဆိုင်ရာအသိပညာတွေပေးရန်၊ အဆိုးရွားဆုံး ပုံစံ ခိုင်းစေခံရတဲ့ ကလေးအလုပ်သမားများကို တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဖုန်းနံပတ် သို့ သတင်းပေးပို့ ရန် အသိပေးထားပါတယ်။

Related posts

Cover
AJ အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံခေါ်၊ အလုပ်သမားရုံးသို့ တိုင်စာတင်လည်း မထူးခြား
Oct 30, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
Wan Xin Myanmar အထည်ချုပ် စက်ရုံပိတ်သိမ်း၊ အလုပ်ရှင်ဘက်မှ ပေးချေစရာရှိသည်များပေးစေလိုဟု အလုပ်သမားတွေပြော
Oct 28, 2025
Cover
Golden Five Myanmar Co.,Ltd စက်ရုံတွင် အချိန်ပိုလုပ်ခမပေးဘဲ ချုပ်ခိုင်း
Oct 27, 2025
Cover
လှိုင်သာယာ YUAN HONG စက်ရုံ၌ အလုပ်သမားများအား ဆဲဆိုခိုင်းစေခြင်းနှင့် မတရားငွေဖြတ်တောက်မှုများ ရှိနေဟုဆို
Oct 27, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် တရားရုံး အမိန့်ချ
Oct 27, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025