NEWS

အစိုးရ ၀န်ထမ်းတွေကို ထောက်ပံ့ကြေးပေးရာမှာ ပုဂ္ဂလိကကဏ္ဍ အလုပ်သမားတွေကို တိုးမြှင့်ပေးခြင်းမရှိ

CoverLogo
790 Views

စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေနဲ့အတူ အခြေခံအလုပ်သမားတွေရဲ့တိုးမြင့် လာခြင်းမရှိတဲ့ လုပ်ခလစာတွေအပေါ်မှာ လုံလောက်မှုမရှိပေမဲ့လည်း စစ်ကောင်စီကအစိုးရ ဝန်ထမ်းနဲ့အငြိမ်း စားတွေကိုသာ ဒုတိယအကြိမ်ထောက်ပံ့ကြေးတိုးပေမယ့် ပုဂ္ဂလိက ကဏ္ဍက အလုပ်သမားတွေကိုတော့ တိုးမြင့်ပေးခြင်း မရှိဘူးလို့ သိရပါတယ်။


"ခုအချိန်ထိကတော့ အခြေခံအလုပ်သမားတွေအပေါ်မှာတိုးမြင့်လာခြင်းမရှိသေးသလို့ သတင်းအစနလည်း မကြားမိသေးဘူး။  ပြောရရင်တော့ပုဂ္ဂလိက၀န်ထမ်းတွေကိုတိုးမပေးသေးတာပေါ့။ အစိုးရ ၀န်ထမ်းတွေကို တော့ ထောက်ပံ့ကြေးဆိုပြီး သုံးသောင်းစီ ဒါကဒုတိယအကြိမ်ဆိုတော့ခြောက်သောင်းရှိပြီပေါ့။ အခြေခံအလုပ်သမားတွေကိုဘာကြောင့်တိုးမပေးလဲဆိုရင် တစ်ချို့စက်ရုံတွေက ဒေးကြေး ၇၅၀၀ ပေးခေါ်တာတွေ အထိစာကပ်နေကြတော့ မတိုးဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ဒါကကျွမ်းကျင်လုပ်သားတွေကိုပဲရွေးပေးတာကများပါတယ်။ အဓိကကကျွမ်းကျင်လုပ်သားတွေ ပြည်ပကိုထွက်သွားမှာ စိုးလို့ မက်လုံးပေးတိုးလိုက်တာ။ ကျွမ်းကျင်မဟုတ်တဲ့အလုပ်သမားတွေဆိုရင် နေ့စား လရှင်းနဲ့လုပ်နေရတာတွေအများကြီးပါ။ ပထမအကြိမ်ကထောက်ပံ့ကြေးသုံးသောင်းတောင်မှ ပိတ်ရက်တွေနှုတ်ပြီးတစ်နေ့တစ်ထောင်နှုန်းနဲ့ပေးရင် နှစ်သောင်းကျော်လေးပဲရပါတယ်။ လုပ်ခလစာတိုးပေးဖို့အခြေခံအလုပ်သမားတွေကတောင်းဆိုနေတာ တိုးတော့အစိုးရ၀န်ထမ်းတွေဖြစ်နေတယ်"လို့ ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကမှတ်ချက်ပြုပါတယ်။


စစ်ကောင်စီရဲ့ အစိုးရဝန်ထမ်းတွေကို ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်အောက်တိုဘာလက ရရှိနေတဲ့လစာအပြင် ထောက်ပံ့ ကြေးအဖြစ် ကျပ် ၃၀,၀၀၀ ပေးခဲ့ပြီး အခု ၂၀၂၄ ဩဂုတ်လမှာလည်းဒုတိယအကြိမ်မြောက် ထပ်ဆောင်းတိုးမြင့်ပေးခြင်း အဖြစ်  စစ်ကောင်စီရဲ့ အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ ထပ်မံတိုးမြှင့်ပေးမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာဖြစ်ပါတယ်။ 


ထောက်ပံ့ကြေးတိုးမြင့်ပေးမဲ့ထုတ်ပြန်ချက်မှာ ပထမအကြိမ် ထောက်ပံ့ကြေးတိုးပေးစဉ်က ပုဂ္ဂလိကကဏ္ဍက CMP စက်ရုံလုပ်ငန်းတွေပါ အကျုံးဝင်ခဲ့ပြီး တစ်ရက်ကို ထောက်ပံ့ကြေး ၁,၀၀၀ ကျပ် ထပ်ဆောင်းပေးဖို့ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပေမဲ့ အခု ဩဂုတ်လမှာ  ထပ်တိုးပေးမယ့် ထောက်ပံ့ကြေးမှာတော့ ပုဂ္ဂလိက ကဏ္ဍအတွက် ပါ၀င်ခဲ့ခြင်းမရှိတာပဲဖြစ်ပါတယ်။ 


လက်ရှိမြန်မာနိုင်ငံက အလုပ်သမားတွေရဲ့တစ်ရက်လုပ်ခဟာ ၂၀၁၈ ခုနှစ်ကဒေါ်လာပေါက်ဈေးအရ ၃ ဒေါ်လာအပေါ်စတင်အခြေခံတွက်ချက်ကာ အတည်ပြုသတ်မှတ်ထားတဲ့ ၄,၈၀၀ ကျပ်နဲ့သာ ရရှိလုပ်ကိုင်နေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အောက်တိုဘာက တိုးပေးခဲ့တဲ့ ထောက်ပံ့ကြေးတစ်နေ့ ကျပ် ၁,၀၀၀ ဟာဘ အနိမ့်ဆုံးလုပ်ခလစာတိုးမြင့်ပေးခြင်းမဟုတ်ဘဲ  ထောက်ပံ့ကြေးသပ်သပ်သာဖြစ်လို့ အလုပ်သမားတွေရဲ့  အချိန်ပိုကြေး တွက်ချက်ရာမှာတော့ တိုးမြင့်လာခြင်းမရှိတာကြောင့် အလုပ်သမားတွေ နစ်နာနေကြရတာပဲဖြစ်ပါတယ်။ 


လက်ရှိမှာ စက်ရုံတချို့က ကျွမ်းကျင်လုပ်သားလိုအပ်ချက်ရှိနေတာကြောင့် ကျွမ်းကျင်လုပ်အလုပ်သမားကိုသာ အနည်းဆုံးလုပ်ခကို တိုးမြှင့်ပေးပေမယ့် အလုပ်သင်လုပ်သားနဲ့သာမန်အလုပ်သမားတွေကိုတော့ နေ့စားလရှင်းနဲ့သာဆက်လက်ခိုင်းစေနေပြီး  လစား၀န်ထမ်းအဖြစ်ခန့်အပ်ခြင်းမရှိဘဲ လုပ်ခချိုးနှိမ်ပေးတဲ့ စက်ရုံတွေလည်းရှိနေသေးတယ်လို့သိရပါတယ်။ 


လက်ရှိအလုပ်သမားတွေအနေနဲ့ အနည်းဆုံးတစ်ရက်လုပ်ခကို  လက်ရှိဒေါ်လာပေါက်ဈေးအရ ကျပ် ၁၀,၀၀၀ နဲ့အထက် သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေရှိနေတာပဲဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026