NEWS

အင်းစိန်ထောင်တွင်း၌ နိုင်ငံ​ရေးအကျဥ်းသားများ မတူညီသော သပိတ်တိုက်ပွဲများ စတင်နေ

CoverLogo
1.6K Views

ပြီးခဲ့တဲ့ဇူလိုင်၂၅ရက်နေ့က စစ်ကောင်စီရဲ့ သေဒဏ်စီရင်လိုက်တဲ့အပေါ် လက်မခံနိုင်တာကြောင့် ထောင်တွင်းဆန္ဒပြမှုတွေ သပိတ်တိုက်ပွဲတွေ စတင်ဆောင်ရွက်နေတယ်လို့ နိုင်င်ငံရေးအကျဥ်းသားများထံမှ သိရပါတယ်။

''ဟုတ်ပါတယ်။ မတူညီတဲ့ပုံစံမျိုးစုံဖြစ်တဲ့ ထောင်အာဏာပိုင်တွေနဲ့ မပူးပေါင်းဘူး၊ မပါဝင်ဘူး၊မပတ်သက်​ဘူးဆိုတဲ့ နည်းနဲ့ သပိတ်တိုက်ပွဲဝင်မယ် ဆန္ဒပြမယ်ဆိုပီး လှုပ်ရှားနေကြတာပါ။ မနေ့ကတည်းက လုပ်နေကြတယ်'' လို့နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။

ဇူလိုင်၂၅ရက်က အင်းစိန်ထောင်တွင်းတွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို   အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်တယ်လို့ ကြေညာခဲ့တာကြောင့် ထောင်တွင်းတိုက်ပွဲကို ဇူလိုင်၂၈ရက်ကစတင်ကာ ပြုလုပ်လျှက်ရှိတယ်လို့နိုင်ငံရေးအကျဥ်းသားများထံမှ သိရပါတယ်။

ဒါ့အပြင် ထောင်အာဏာပိုင်များနှင့် မပူးပေါင်းရေးတိုက်ပွဲအဖြစ်စတင်လှုပ်ရှားခြင်းဖြစ်တာကြောင့် စျေးဘားလို့ခေါ်တဲ့ ထောင်ကတဆင့်ဈေးမှာဝယ်ယူ​ခြင်းတွေ မပြုလုပ်ခြင်းကိုလည်း  စတင်ပြုလုပ်နေပြီး
နိုင်/ကျဥ်းများအနေဖြင့် မတရားနိုင်ထက်စီးနင်း အကြမ်းဖက်ခြင်းခံရသူများအားလုံးနှင့် တသားတည်းရပ်တည်၍ တရားမျှတမှုအတွက် အဆုံးတိုင်ရင်ဆိုင်တိုက်ပွဲ၀င်သွားမည်မယ်လို့လည်း အင်းစိန်ထောင် တွင်းရှိ နိုင်ငံရေးအကျဥ်းသားတွေက ဇူလိုင်၂၉ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ကုလ/လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့၀င်နိုင်ငံဖြစ်သည့် အားလျော်စွာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်များအား လေးစားလိုက်နာရန်တာ၀န်ရှိသည် အချက်များအပါအ၀င် အချက်၆ ချက်ပါတဲ့ နိုင်/အကျဥ်းများ၏ သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင်ကို  ထုတ်ပြန်ထားတာပါ။

အဆိုပါထုတ်ပြန်ချက်မှာ ကိုဖြိုးဇေယျာသော်အပါအ၀င် သေဒဏ်ကျအကျဉ်းသား ၄ ဦးအား ကြိုးမိန့်ပေးခြင်းက လူ့အခွင့်အရေး၊​ အကျဉ်းသားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများအား ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ပြီး အကျဉ်းသားတွေအပေါ် အကြမ်းဖက်မှု၊ လူသားမဆန်သည့်လုပ်ရပ်ဖြစ်တဲ့အတွက် နိုင်/ကျဉ်းများအနေဖြင့် ပြင်းထန်စွာ ရှုံချကန့်ကွက်ကာ တရားမျှတမှုအတွက် အဆုံးတိုင် ရင်ဆိုင်တိုက်ပွဲ၀င်သွားမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်တာလို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားဆိုသည်မှာ  နိုင်ငံရေးလှုပ်ရှားမှုများနှင့် တော်လှန်ရေးလှုပ်ရှားမှုများအတွင်း ပါ၀င်လှုပ်ရှားရင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံရသော အချုပ်/အကျဉ်းသားအားလုံးကို ဆိုလိုတယ်လို့လည်း  ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။

MyanmarLabourNews
 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026