NEWS

အင်လေးရေကြီးမှု လူသေဆုံးတာအပြင် ဒေသထွက်ကုန် ခရမ်းချဥ်သီး ပိဿာချိန်များစွာဆုံးရှုံး

CoverLogo
534 Views

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ ၊ အင်းလေးဒေသမှာ စက်တင်ဘာ ၁၁ ရက်ကစကာ ရေကြီးမှုဖြစ်ပေါ်တာကြောင့် လူ၂၀ခန့်နီးပါးသေဆုံးခဲ့ရသလို ဒေသရဲ့အဓိကစီးပွားရေး ထွက်ကုန်ဖြစ်တဲ့ခရမ်းချဥ်သီးများလည်း ပိဿာချိန်များစွာ ဆုံးရှုံးခဲ့ရတယ်လို့ အင်းလေးဒေသတွင်း သတင်းတွေအရသိရပါတယ်။ 

အင်လေးဒေသအတွင်း ရေကြီးနစ်မြုပ်မှုကြုံရတဲ့စက်တင်ဘာ၁၆ရက်အထိ ၆ရက်ကြာအချိန်အတွင်း သေဆုံးသူရုပ်အလောင်း၁၉လောင်းကို ဆယ်ယူတွေ့ရှိထားသလို ရေဘေးကြောင့် အိမ်ထောင်စုပေါင်း၂သောင်းကျော်ရေဘေးဒုက္ခဒဏ်ကို ခံစားနေရတယ်လို့လည်းဆိုပါတယ်။ 

" ညောင်ရွှေကခုထိတော့ရေမကျသေးဘူး။သေသွားတာတွေက အင်းတိမ်ရွာဘက်က လို့ကြားတယ်။ အင်းလေးထဲကအိမ်တွေဆိုလည်း တစ်ထပ်အိမ်တွေကမြုပ်သွားပြီ ။ အခု လူမှုကွန်ယက်မှာတက်နေတဲ့ခရမ်းချဥ်သီးတွေရေမျောနေတာကတော့ ညောင်ရွှေဘက်က ခရမ်းချည်သီးပွဲရုံတွေရှိတဲ့နန်းပန်းဘက်ကပြောတယ်။ရေတက်လာတော့ ပစ္စည်းတွေလည်းမရွှေ့နိုင်တော့ပဲဆုံးရှုံးကုန်တာ လို့ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့က ဒေသခံတစ်ဦးကပြောပါတယ်။ 

အဆိုပါ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျေးရွာအုပ်စုပေါင်း ၃၅ စုမှ ကျေးရွာပေါင်း ၄၄၅ ရွာ၊ အိမ်ခြေပေါင်း ၃၈,၄၃၈ လုံး၊ အိမ်ထောင်စုပေါင်း ၄၂,၈၃၀ စု၊ လူဦးရေပေါင်း ၁၆၇,၂၅၇ ရှိတဲ့အနက် လက်ရှိတွင် ကျေးရွာပေါင်း ၁၇၇ ခန့်၊ အိမ်ခြေပေါင်း ၁၇,၈၀၀ မှ အိမ်ထောင်စုပေါင်း ၂၀,၇၂၇ စုလောက်မှာ ရေဘေးဒဏ်ခံနေရတာလို့ သိရပါတယ်။ 

ရေဘေးသင့်ပြည်သူတွေ အ​နေနဲ့ လက်ရှိမှာ ဘုန်ကြီးကျောင်းနဲ့ အထပ်မြင့်အဆောက်အဦးရှိနေအိမ်များတွင် နေထိုင်နေကြရကာ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးနဲ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ 

အင်းလေးကန်ကို စီးဝင်တဲ့ ချောင်းပေါင်း ၂၉ ခုလောက်ရှိတဲ့အနက် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ပုံမှန်စီးဝင်သော ချောင်းသုံးခုရှိသလို လတ်တ​ လောအချိန်တွင် ပုံမှန်စီးဝင်တဲ့ချောင်း၃ခုအပြင် ချောင်းပေါင်း ၂၉ ခုစလုံးမှရေတွေ အကုန်စီးဝင်နေတဲ့ အခြေအနေမျိုးကြုံရပြီး အဆိုးရွားဆုံးရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရပ်စောက်၊ တောင်ကြီး၊ နောင်တရား၊ တီကျစ်၊ ပင်လောင်း စတဲ့ရေဝေရေလဲဒေသများမှ အင်းလေးကန်ကိုရောက်ရှိတာကြောင့် ရေကြီးနေရတာဖြစ်ကြောင်းသိရပါတယ်။ 

"အင်းလေးကန်ရဲ့ရေထွက်ပေါက်ကမိုးဗြဲဆည် ပဲရှိတာ အခုက အရင်ရက်တွေကရှမ်းပြည်တောင်ပိုင်းကနေ စီးလာတဲ့ရေကြီးမှုဖြစ်ရတဲ့ရေတွေက ကန်ထဲကိုရောက်လာတော့ ရေကြီးနေတာ ညောင်ရွှေဆိုလည်း အင်လေးကန်ရေလျှံတော့ရေတက်လာတယ်။ ဝင်းရပ်၊ ကံသာရပ်၊ မြို့လည်ရပ်၊ နန်းပန်ရပ် စတဲ့ရပ်ကွက်တွေ ခုထိရေမကျသေးဘူး။" လို့နန်းပန်ရပ် က ဒေသခံတစ်ဦးကပြောပါတယ်။ 

ညောင်ရွှေမြို့ရဲ့၃ပုံတွင်၂ပုံခန့်က ယနေ့စက်တင်ဘာလ ၁၆ရက်အထိ ရေနစ်မြုပ် မှုရှိနေဆဲဖြစ်ကာ အင်းလေးကန် ဒေသဟာ အနိမ့်ပိုင်းဖြစ်သလို ပုံမှန်အချိန်မှာလည်း ရေများရှိနေတက်လို့ လက်ရှိကန်အတွင်းစီးဝင်လာတဲ့ရေများ ပြန်လည်ကျဆင်းရန် လအတော်ကြာအချိန်ယူရနိုင်ကြောင်း ဒေသခံတွေ က သုံသပ်ပြောဆိုနေကြပါတယ်။

 


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026