NEWS

အင်တာနက်ဒေတာ သုံးစွဲမှုကုန်ကျစရိတ် ၂ ဆမြင့်တက်လာ အကန့်အသတ်မရှိ ဒေတာအသုံးပြုခွင့်ရောင်းချမှုပါရပ်ဆိုင်း

CoverLogo
691 Views

၂၀၂၄ ရဲ့ နှစ်ကုန်ပိုင်းမှာ‌တော့ ပြည်တွင်းက အဓိကမြို့ကြီးတွေမှာပါ  ဖုန်းအင်တာနက်အသုံးပြုခတွေနှစ်ဆ ခန့်အထိတိုးမြှင့်ကောက်ခံလာသလို  အကန့်အသတ်မရှိ ဒေတာအသုံးပြုခွင့် Data Package ရောင်းချမှုများကိုပါ ရပ်ဆိုင်းလိုက်တယ်လို့  သိရပါတယ်။ 

"အရင်ကဆိုရင်ကျွန်တော်တို့ဖုန်းပြောမိနစ်ဝယ်ရင် မိနစ် ၁၀၀ ကျော်ကို ၉၉၉ ကျပ်ပေါ့။ ခု မိနစ် ၁၀၀ ကျော်ပက်ကေ့ကိုဝယ်ရင် ၁၉၉၉ကျပ်ပေးရတယ်။ စာတိုမက်ဆေ့တွေလည်းဖြတ်တာကြမ်းလာတယ်။ ဒေတာတွေဝယ်ရ တာဆိုရင် စိတ်တွေမကောင်းဖြစ်ရတယ်။ အရင်က ၃၀၀၀ ဖိုးဆိုရင် 5GB ရတယ်။ ခုကျတော့ 878 MB ပဲ  ရတော့တယ်။ အကန့်အသတ်မရှိ မပါတော့ဘူး ရပ်သွားပြီ။  တစ်ကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်"လို့ အော်ရီဒူးအော်ပရေတာအသုံးပြုသူတစ်ဦးကဆိုပါတယ်။ 

ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ အင်တာနက်အသုံးပြုခနှုန်းထားများကို နှစ်ဆအထိတိုးမြှင့် ကောက်ခံလာတာတွေ့ရပါတယ်။ 

ယခင်က ၃၀၀၀ ကျပ်ဖိုးဝယ်ယူလျှင် ဒေတာသုံးစွဲခွင့် 5GB ရရှိပြီး ၁၅၀၀၀ ဖိုးဝယ်ယူပါက 30 GB ထိရရှိကာ ရက် ၃၀ အတွင်းအသုံးပြုခွင့်ပေးသလို အကန့်အသတ်မရှိ Data Package တွေပါ ဝယ်ယူအသုံးပြုနိုင်ခဲ့ရာကနေ ယခုအခါမှာတော့ ကျပ်  ၂၀၀၀၀ ဖိုးဝယ်ယူလျှင်လည်း ဒေတာ 23.5 GB သာရရှိတော့တာဖြစ်ပြီး  အကန့်အသတ်မရှိဒေတာသုံးစွဲခွင့်  ရောင်းချမှုမရှိ တော့ဘဲ သတ်မှတ်ပမာဏသာ အသုံးပြုခွင့်ပေးသော Data Package  တွေကို အစားထိုးရောင်းချလာခဲ့တာကို တွေ့ရပါတယ်။ 

"တယ်လီနောလည်းအဲလိုပါပဲ။ ပြောင်းလဲသွားတယ်။ ပိုဆိုးတာကတယ်လီနောကကျတိုင်တွေပါပျောက်နေတာ။ ခုရက်ပိုင်းက။  အခုတစ်ထောင်ဖိုးဆိုရင် 300mb ပဲရတော့တာ။ ဆင်းကဒ်တွေအလိုက် ရရှိနှုန်းတွေတော့မတူ နိုင်ဘူးပေ့ါ။ Unlimited Package တွေကတော့ မရောင်းတော့ဘူး။ မပါတော့ဘူး"လို့ တယ်လီနော အော်ပရေတာ အသုံးပြုသူတစ်ဦးကဆိုပါတယ်။ 

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ အမ်ပီတီမှာတော့ အင်တာနက် 1 GB အတွက် ၃၃၇၉ ကျပ် သတ်မှတ်ထားပြီး 1 .1 GB ကို ၉၉၉ ကျပ်နှင့် ၃ ရက်သာအသုံးပြုခွင့်ပေးထားတာကိုတွေ့ရပါတယ်။ 

ယခုလို ဆက်သွယ်ရေး အော်ပရေတာတွေတစ်ပြိုင်နက်တည်း  ဖုန်းဘေနဲ့အင်တာနက်အသုံးပြုခနှုန်းထားတွေမြင့်တက်လာ သလို  အကန့်အသတ်မရှိအသုံးပြုခွင့်ရောင်းချမှုတွေပါ မည်သည့်အတွက်ကြောင့် ထိုသို့ ရပ်တန့်လိုက်ရခြင်းကို သိရှိရခြင်းမရှိသေးသလို အော်ပရေတာတွေထံ သုံးစွဲသူများရဲ့ ဝေ ဖန်မှု မှတ်ချက်ပေးမှုနဲ့ မေးမြန်းစုံစမ်း နေမှုများအပေါ်  အော်ပရေတာတွေကတစ်စုံတစ်ရာဖြေခြင်းမရှိသလို မှတ်ချက်ပေးခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ 

တယ်လီနောကုမ္ပဏီကိုစစ်ကောင်စီနဲ့နီးစပ်တဲ့ရွှေဗျိုင်းဖြူ ကုမ္ပဏီကလက်ဆင့်ကမ်း ဝယ်ယူခဲ့ပြီး အက်တမ်လို့ ပြောင်းလဲခဲ့သလို အော်ရီဒူးကုမ္ပဏီဟာလည်း  မြန်မာလူမျိုးတစ်ဦး ဖက်စပ်ပိုင်ဆိုင်တဲ့  စင်ကာပူအခြေစိုက် Nine Communications ကုမ္ပဏီထံသို့ ရောင်းချခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီက စစ်ကောင်စီပိုင်ဆိုင်တဲ့အော်ပရေတာများသာမက အက်တမ်နဲ့ အော်ရီဒူး အော်ပရေတာတို့ကိုပါ ၄င်းရဲ့ထိန်းချုပ်မှုများနဲ့စည်းကမ်းများအတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ဖို့ ထိန်းချုပ်နေတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026