NEWS

အခွန်မဆောင်တဲ့ ပြည်ပအလုပ်ကိုင်အေဂျင်စီတွေကို Black List စာရင်းသွင်းမယ်လို့ကြေညာ

CoverLogo
217 Views
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေ နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှု အပေါ် ပေးဆောင်ရမယ့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက မေလ ၁၇ ရက် က ထုတ်ပြန်ကြေညာပါတယ်။
 
အလုပ်သမားအေဂျင်စီ ၂၈ခု ကို ယခုလကုန် အထိ အခွန် ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမယ်လို့ နာမည်နဲ့ တကွ အလုပ်သမားဝန်ကြီးဌာနက သတိပေးထားပါတယ်။
 
"အခု သတိပေးခံရတဲ့ အေဂျင်စီ တွေ ထဲ မှာ အချို့လဲ အခွန်ဆောင်ပြီး ပြီ တစ်ချို့ က အလုပ်မရှိတာရယ် စေလွှတ်ထားတဲ့ အလုပ်သမား တွေရဲ့ မိသားစုလွှဲပို့ငွေ ၂၅ရာခိုင်နှုန်း မပြည့်လို့ စေလွှတ်ခွင့် ပိတ်ခံရတာတွေ ကြောင့် အခွန်မဆောင်နိုင်တာတွေလည်းရှိတယ်""လို့ လိုင်စင်ရအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ နိုင်ငံအလိုက်အလုပ် သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများ မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထားကာ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြဖို့ ၂၀၂၄ခုနှစ် ဇွန်လ ၇ရက် က သက်ဆိုင်ရာအေဂျင်စီ တွေ ထံ အကြောင်းကြားထားတယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
 
အခုလို အကြောင်းကြားပေမယ့် အခွန်စည်းကြပ်မှုခံယူရမယ့် အေဂျင်စီ များ အနက် အခွန်ပေးဆောင်ခြင်းမရှိသေးတဲ့ အေဂျင်စီများကို ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့နောက်ဆုံးထား အခွန်စည်းကြပ်မှုခံယူကြဖို့ မေလ ၉ရက်က သက်ဆိုင်ရာအေဂျင်စီ တွေ ထံသို့ အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
အခုလို အကြောင်းကြားခဲ့ပေမယ့် အခွန်စည်းကြပ်မှုခံယူခြင်းမရှိတဲ့ အေဂျင်စီ တွေအနေနဲ့ မေလ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများ မှာ အခွန်စည်းကြပ်မှုခံယူကာ အချိန်မီတင်ပြကြရန်နှင့် အခွန်ပေး ဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ပယ်ဖျက်ပြီး အမည်မည်း (Black List) စာရင်းရေးသွင်းမယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025
Cover
မြန်မာ လုပ်သား ၄၀၀ ကျော် ကို သူဌေးက လစာမပေးလို့ စားဝတ်နေရေး အခက်ခဲဖြစ်နေ
Aug 19, 2025
Cover
EPS လုပ်သားများ ခွင့်ဖြင့် ပြန်လာပါက POEA ရုံးကို လူကိုယ်တိုင် သတင်းပို့ရမည်ဟုဆို
Aug 19, 2025
Cover
ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခံ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကို စစ်ကောင်စီထံ လစဉ်ပြန်ပို့နေ
Aug 18, 2025
Cover
ထိုင်းက မြန်မာ အလုပ်သမား ၄ သောင်းကျော်ခေါ်မယ်လို့ ပြောပေမယ့် စစ်ကောင်စီက အလုပ်ထွက်လုပ်ခွင့်ပေး မပေးမသိရသေး
Aug 15, 2025
Cover
အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားအပါအဝင် လုပ်သား၂၀၀ကျော် လစာနှင့်နစ်နာကြေး ဘတ်၂သန်းကျော်ပြန်ရ
Aug 15, 2025