NEWS

အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော

CoverLogo
470 Views
 
လုပ်ငန်းခွင်ထဲမှာ အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြစ်ပေါ်နေတာကြောင့် ဖြေရှင်းပေးဖို့ ANHUI TOP MYANMAR CO,LTD အထည်ချုပ်အလုပ်သမားတွေ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းထားပါတယ်။
 
ချိုးဖောက်မှုတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ WCC မရှိတာ၊ ဆဲဆိုင်ခိုင်းစေတာ၊ ဒေးကြေးကို တန်းတူမပေးတာ ၊ အချိန်ပိုပို ဖိအားပေးပြီး အတင်းအကျပ်ဆင်းခိုင်းတာ၊ အလုပ်သမား အချင်းချင်း ခွဲခြားဆက်ဆံတာ ၊ သောက်သုံးရေ လုံလောက်အောင်ထားမပေးတာနဲ့ အလုပ်သမားဥပဒေပါအခွင့်အရေးတွေချိုးဖောက်တာတွေကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတဲ့အတွက် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
အဆိုပါလုပ်ငန်းဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းနှင့် ဦးအောင်သူလမ်းထောင့်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား ၇၀၀ ကျော််နဲ့လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။
 
ချုပ်လုပ်တာကတော့ balabala, SMARTECH စတဲ့အမှတ်တံဆိပ်တွေဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလုပ်ငန်းဟာ ယခင် Fitex (Myanmar) Garment Manufacturilg Co,Ltd ဖစ်တက် (မြန်မာ) အထည်ချုပ်ကနေ လုပ်ငန်းလွှဲပြောင်းထားတာဖြစ်ပြီး ၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်မှာရှိတဲ့ အင်တာနယ် အထည်ချုပ်စက်ရုံက လွှဲပြောင်းကာ ယခင်လုပ်သားဟောင်းတွေကို ဆက်လက်လုပ်ကိုင်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
လုပ်ခလစာအနေနဲ့ ဒေးကြေး ပေးချေရာမှာ စက်ချုပ်၊ မီးပူတိုက် ၊ စနက်ရိုက်၊ ပက်တန် ၊ ကပ်တင် ၊ အထည်စစ် ၊ စာရေးမ ၊ အကူ စသဖြင့် အမြင့်ဆုံး ၁၄၀၀၀ ကျပ်ကနေ အနိမ့်ဆုံး ၇၈၀၀ ကျပ်ဖြင့် ခွဲခြားသတ်မှတ်ထားပေမယ့် အချိန်ပိုကြေးကိုတော့ တနာရီကို ၂၂၅၀ ကျပ်၊ ရက်မှန်ကြေး ၅၀၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေး အမြင်ဆုံး ၇၀၀၀၀ ကျပ်မှ အနိမ့်ဆုံး ၃၅၀၀၀ ကျပ်နှုန်းနဲ့ ပေးထားတယ်လို့ သိရပါတယ်။
 
အခုလို အလုပ်သမားတွေကို ပေးချေမှုနှုန်းထားတွေသတ်မှတ်ထားပေမယ့် အမှန်တကယ်ပေးချေရာမှာ ပုံသေမရှိတာ ရက်ပျက်ပါက ကျွမ်းကျင်အဆင့်လျှော့ချတာ၊ ရက်မှန်ကြေးကို တရက်ပျက်ပါက ၂၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ထိဖြတ်တောက်တာအပြင် တန်းတူပေးချေတာမရှိတဲ့အတွက် နစ်နာမှုတွေရှိနေတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားတွေကပြောထားပါတယ်။
 
"ဒေးကြေးပေးတဲ့နေရာမှာ အလုပ်သမားတွေကို တန်းတူမပေးဘဲ ခွဲခြားပေးထားပါတယ်၊ အလုပ်သမားတွေအနေနဲ့ ဒေးကြေး တန်းတူရချင်ပါတယ်၊ အထည်တောင်းတဲ့နေရာမှာလည်း အလုပ်သမားလုပ်နိုင်တာထက်ပိုတဲ့ စံချိန်ကို အတင်းတောင်းတာပါ၊ တောင်းတဲ့အထည်အရေအတွက်မရရင် လိုင်းအလိုက်ခွဲခြားဆက်ဆံတာခံရသလို မန်နေဂျာတွေ အောစူပါတွေ ဆဲဆိုဖိအားပေးတာတွေလည်း ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
ပုံမှန်အလုပ်ချိန်မှာ နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီအထိ ( အချိန်ပို ၂ နာရီ) အပါ ဖြစ်ပြီး ဌာနအလိုက် လူခွဲကာ ည ၈ နာရီ ၊ အောလင်း၊ အောနိုက် ညတိုင်းနီးပါး ခေါ်ယူတာရှိနေပြီး ညဘက်အချိန်ပိုအလုပ်သမားတွေအတွက် နားနေစရာစီစဉ်ပေးထားတာမရှိသလို အချိန်ပိုမဆင်းလိုပါကလည်း HR မှ အလုပ်ကနှုတ်ထွက်ရန် ဖိအားပေးတာကြုံနေရတယ်လို့ ပြောပါတယ်။
 
"အချိန်ပိုဆင်းရတဲ့ညတွေကျရင် အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ စက်ရုံက ခြင်ကိုက်တောထဲမှာပဲဖြစ်သလိုအိပ်ရတယ် ၊ မဆင်းချင်လို့ သွားပြောရင် HR ကခေါ်ပြီး မဆင်းချင်ရင်အလုပ်ထွက်ဆိုပြီးပြောတယ် အလုပ်သမားအခွင့်အရေးကို ကာကွယ်ပေးရမယ့်ဌာနက အလုပ်ရှင်စိတ်ကြိုက် အခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။
 
ဒါ့အပြင် အထည်စစ် အလုပ်သမားတွေကို ဒေးကြေး ၉၀၀၀ ကျပ်ပေးမယ်ဆိုပြီး အလုပ်ခေါ်ပေမယ့် တကယ်တမ်းပေးချေရာမှာတော့ ၇၈၀၀ ကျပ်ဖြင့်သာရှင်းပေးတာတွေလည်း ရှိနေလို့ နစ်နာမှုတွေရှိနေတယ်လို့ ပြောထားပါတယ်။ဒါ့အပြင် အထည်စစ်အလုပ်သမားအနေနဲ့ အထည်ပဲကျ ပါက အထည်အရေအတွက်ပေါ်မူတည်ပြီး ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကျပ်ထိဖြတ်တောက်ခံရပြီး အဆိုပါ ငွေကြေးကို မည်သည့်နေရာမှာမှ ပြန်လည်သုံးစွဲတာမရှိဘူး"လို့ အလုပ်သမားပြောပါတယ်။
 
လုပ်ငန်းခွင်မှာ လူဟောင်းလူသစ် ခွဲခြားဆက်ဆံတဲ့ ပြဿနာရှိနေပြီး လူဟောင်း ၄၀၀ နီးပါး အလုပ်မှ နှုတ်ထွက်သွားရတယ်လို့ ဆိုပါတယ်။
 
"အလုပ်ထွက်သွားတဲ့အလုပ်သမားတွေလစာလာထုတ်ရင်လည်း ၃ နာရီခွဲထုတ်ပေးမယ်ဆိုပြီး ၆ နာရီမှ ထုတ်ပေးတာတွေလုပ်တယ်၊ လူဟောင်းတွေဆိုလည်း စိတ်ညစ်ပြီး မထွက်ထွက်အောင်လုပ်နေသလို မျိုးတွေ လုပ််တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ဆဲဆိုအော်ဟစ်ခိုင်းစေမှုတွေ နေ့စဉ်ကျူးလွန်နေသလို အရေးယူဆောင်ရွက်တာမျိုး မရှိဘဲ ၊ အောက်ခြေအလုပ်သမားတွေကို ခွဲခြားဆက်ဆံဖိနှိပ်မှုတွေကို မပြုလုပ်ဖို့ အလုပ်သမားတွေက လိုလားနေပါတယ်။
 
ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်ရေးအတွက် အလုပ်သမားများတောင်းဆိုချက်များမှာ-
၁။ ဒေးကြေးကို စက်ရုံရှိအလုပ်သမားများကို တန်းတူ ၁၄,၀၀၀ ကျပ်ပေးရန်။
၂။ အချိန်ပိုကြေးကို ဒေးကြေးအလိုက်တွက်ချက်ပေးရန်။
၃။ မန်နေဂျာ ၊ HR ၊ အော်စူပါများမှ အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ဆဲဆိုခြင်းများကို အရေးယူ ဆောင်ရွက်ပေးရန်။
၄။ Fitex (Myanmar) Garment အလုပ်သမားများ စက်ရုံသစ်မှ ပြောင်းလာသည့်အလုပ်သမားများဆိုပြီး ခွဲခြားဆက်ဆံခြင်း ဆဲဆိုခြင်းများ မပြုရန်နှင့် ပြုလုပ်သူများကို စက်ရုံပိုင်ရှင်သူဌေးမှ အရေးယူဆောင်ရွက် ပေးရန်နှင့် အလုပ်သမားဥပဒေများနှင့်အညီ အရေးယူပေးရန်။
၅။ အထည်စံချိန်များကို အလုပ်သမားလုပ်နိုင်သည့်များအတိုင်းသာ တောင်းခံရန်။
၆။ အထည်စစ် QC များကို အထည်ပဲကျပါက ငွေကြေးဖြတ်တောက်ခြင်းမပြုလုပ်ရန်။ ပြုလုပ်ထားသည် များကို ပြန်လည်တွက်ချက်၍ ပေးရန်။
၇။ သောက်ရေသန့်တိုက်ရန်နှင့် အလုပ်သမားများသည်အတွက် သောက်ရေသန့်များကို လုံလောက်စွာ ကြိုတင်စီစဉ်ပေးထားရန်။
၈။ အချိန်ပိုကို ဆင်းလိုသည့်အလုပ်သမားများကို ခေါ်ယူရန်နှင့် မဆင်းလိုသည်အလုပ်သမားများမှတင်ပြလျှင် ခွင့်ပြုပေးရန်နှင့် HR သို့ တိုင်းကြားခြင်း၊ HR မှ အရေးယူခြင်းဖိအားပေးခြင်းများမပြုလုပ်ရန်နှင့် ပြုလုပ်သည် HR နှင့် ပါဝင်ပတ်သက်သူများကို အလုပ်သမားဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်ပေးရန်။စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026