NEWS

အချိန်ပိုအလွန်အကျွံဆင်းခိုင်းပြီး လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေရှိနေဟုဆို

CoverLogo
572 Views
 
Sunrise Myanmar Fashion Garment မှာ အချိန်ပိုအလွန်အကျွံလုပ်ကိုင်ခိုင်းသလို လုပ်ငန်းခွင်အတွင်း အမျိုးသမီးလုပ်သားတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုလုပ်သားများအဖွဲ့ချုပ် IWFM ထံမှ သိရပါတယ်။
 
ရန်ကုန်၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ကျောက်စိမ်းလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ အလုပ်သမား ၈၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေပြီး BURTLE အမှတ်တံဆိပ် ဂျပန်အော်ဒါ အထည်တွေချုပ်လုပ်တာလို့ သိရပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်မှာ WCC သာဖွဲ့စည်းထားပြီး သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ အလုပ်ချိန်က နံနက် ၈ နာရီကနေ ည ၇ နာရီဆင်းရပြီး ပိတ်ရက်တွေပါ ဆင်းနေရတယ်လို့ ပြောပါတယ်။
 
"အဓိကက တနင်္ဂနွေနေ့တွေ မှာ ပိတ်ရက်မရှိသလောက်လုပ်ကိုင်နေရတာပါ။ တရုံလုံးက အလုပ်သမားတွေကို တနင်္ဂနွေနေ့တွေမှာ အချိန်ပိုခိုင်းစေပြီး တခါတလေ လူခွဲခေါ်ပါတယ်။ ဇွန်လ တစ်လလုံးကို ည ၁၂ နာရီထိကို လူ ၂၀၀ လောက်အချိန်ပို ခေါ်တယ်။ ပြန်ပို့တော့ ပတ်ကားတွေနဲ့ ပြန်ပို့တယ်။ အိမ်ပြန်ရောက် ၁ နာရီခွဲလောက်မှ အိမ်ပြန်ရောက်ပါတယ်။ မနက်ကျတော့ တစ်ခါ အလုပ်အမီပြန်လာရပါတယ်။ ကြာလာတော့ အလုပ်သမားတွေကျန်းမာရေးထိခိုက်လာ ပါတယ်။ တိုင်ကြားမှုတွေရှိပေမဲ့ လာရောက်စစ်ဆေးမှုတွေရှိလည်း ဆက်လက်ခေါ်ယူနေပါတယ်၊ ဇူလိုင်လ- ၅ ရက်နေ့ထိ ည ၁၂ ထိ ဆင်းနေရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အချိန်ပိုအလွန်အကျွံခေါ်ယူတာအပြင် လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားက အလုပ်သမားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေ ရှိနေပြီး အထက်ကိုတင်ပြတိုင်ကြားပေးမယ့် အရေးယူတာမရှိဘူးလို့ ဆိုပါတယ်။
 
"တရုတ်စက်ပြင်က အလုပ်သမားမိန်းကလေးတွေဆီက ဖုန်းနံပတ်တောင်းတယ်၊ ပြီးရင် စာပို့တယ်၊ မုန့်လိုက်စားပါလား၊ ဘာဝယ်ပေးမယ်ဆိုပြီး ချစ်ကြိုက်ကြောင်းစာပို့တယ်၊ တချို့စူပါတွေကလည်း အလုပ်သမားမိန်းကလေးတွေရဲ့ ဖုန်းနံပတ်တွေ တောင်းပြီး သူ့ကိုပေးတယ်၊ ပြီးရင် ကြားဝင်ပြီး သူ့ကိုယူရင် အိမ်တလုံးဝယ်ပေးမယ် တင်တောင်းမယ်ဆိုတာမျိုးတွေပြောတယ်။ တချို့ကတော့ ရှက်လို့ ပြန်ပြောဘူး တချို့က မန်နေဂျာကို တိုင်ပေမယ့် လိုက်စနေတာဆိုပြီး အကာအကွယ်ပေးနေတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လက်ရှိကြုံတွေ့နေရတဲ့ အချိန်ပိုအလွန်အကျွံဆင်းခိုင်းတာတွေနဲ့ ထိပါးနှောင့်ယှက်ပြောဆိုမှုတွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"ကူညီပေးမယ့်သူမရှိဘူး၊ တချို့ကိစ္စတွေက ရှက်လို့ မပြောကြတာတွေလည်းရှိတယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။
 
အလုပ်သမားတောင်းဆိုချက်တွေကတော့
၁။ အချိန်ပိုများကို စက်ရုံမှ ပုံမှန်သက်မှတ်ထားသည့် ည ၇ နာရီထိသာခေါ်ရန်၊ မှိုပတ်တန်မှ အရေးကြီးပါက အလှည့်ကျအဆိုင်းစနစ်ဖြင့်ခေါ်ယူပေးပါရန်။
 
၂။ လုပ်ငန်းခွင်အတွင်း အကြိမ်ကြိမ်ချိုးဖောက်နေသည့် စက်ရုံအား သက်ဆိုင်ရာများနှင့် အထည် အမှတ်တံဆိပ်များမှ အရေးယူမှုများ ပြုလုပ်ပေးရန်။
 
၃။ အမျိုးသမီးအလုပ်သမားများအပေါ် ဖုန်းနံပါတ်တောင်း၍ စာပို့ပြီး ချစ်ကြိုက်ကြောင်းပြောနေသော တရုတ်နိုင်ငံသား နှင့် ပါဝင်ပတ်သက်သည် စူပါများကို အရေးယူပေးရန် စတဲ့အချက်တွေဖြေရှင်းပေးဖို့ Sunrise (Myanmar) Garment Factory အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026