NEWS

အချိန်ပိုအဓမ္မဆင်းခိုင်းပြီး အခွင့်အရေးချိုးဖောက်နေဟုဆို

CoverLogo
382 Views
 
တရုတ်နိုင်ငံသားပိုင် JinKai Manufacturing (Myanmar) Co.,ltd မှာ အချိန်ပိုကြေး ပေးချေတာကို ခွဲခြားသတ် မှတ် ပေးချေတဲ့အပြင် အချိန်ပိုအိုတီ မဆင်းတဲ့သူတွေကိုလည်း လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံတာနဲ့ ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံကို ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မဟူရာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၇၀၀)ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီလုပ်ငန်းခွင်ဟာ LC Walklkl အမှတ်တံဆိပ်ကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။
“finishing ဘက်ဆိုရင် အချိန်ပိုအိုတီကြေးကို (၁၆၀၀)ကျပ်နဲ့ပေးပြီး စက်လိုင်းက အလုပ်သမားတွေကို အချိန်ပိုအို တီကြေး (၂၀၀၀) ကျပ် ပေးပါတယ်။ အခုဆိုရင် အထည်အရေးကြီးလို့ဆိုပြီး အချိန်ပိုအိုတီတွေကို နေ့တိုင်း (၈) ခွဲ၊ (၉) ခွဲအထိ မဖြစ်မနေ ဆင်းခိုင်းပါတယ်။ သူတို့အိုတီခေါ်တာကို မဆင်းနိုင်တဲ့ အလုပ်သမားတွေကို အငြိုးအတေး ထားပါတယ်။ အလုပ်လုပ်ရတာချင်းအတူတူကို လစာကို သိသိသာသာ ကွာပေးတာ လုပ်ပါတယ်။ သူများတွေမလုပ် ချင်တာတွေကို အဓမ္မခေါ်ခိုင်းပါတယ်။ အချိန်ပိုအိုတီတွေဆင်းရလို့ အလုပ်ကအပြန်လမ်းမှာ စစ်ဆေးခံရတာ၊ ပေါ် တာဆွဲတဲ့သတင်းတွေကြားလို့ ညအချိန်မတော်အချိန်ပိုအိုတီဆင်းရတာ အဆင်မပြေကြောင်း ပြောရင်လဲ HR မန် နေဂျာက သူဌေးခေါ်တာမလို့ ဖြစ်ချင်တာဖြစ် ဆင်းကိုဆင်းရမယ်လို့ ဖိအားပေးပါတယ်။ အလုပ်ရှင်ဘက်က အလုပ်သမားအတွက် ထည့်သွင်းစဉ်းစားပေးတာ မရှိဘဲ သူ့အလုပ်အဆင်ပြေရေးပဲ ကြည့်ပါတယ်”လို့ စက်ရုံအလုပ် သမားတစ်ဦးက ပြောပါတယ်။
စက်ရုံမှာ နေ့စားအလုပ်သမား (၆၀) ကျော်ရှိနေပြီး တစ်နာရီကို ကျပ်တစ်ထောင်နဲ့ ခိုင်းစေတာဖြစ်ပြီး သုံးလပြည့် ပါကလည်း အတည်ပြုဝန်ထမ်း ခန့်အပ်တာမရှိဘဲ အလုပ်ကထုတ်ပစ်နေတာ ဖြစ်ပါတယ်။
အလုပ်သမားတွေကို ဥပဒေပါ ခွင့်ခံစားခွင့်တွေကို ခံစားခွင့်မပေးသလို လူမှုဖူလုံကြေး လစဉ်ကောက်ခံနေသော်လည်း ဖူလုံရေးဆေး ခွင့် ခံစားခွင့်မရဘူးလို့ သိရပါတယ်။
စက်ရုံမှာ ဒေးကြေးနဲ့ ထောက်ပံ့ကြေး စုပေါင်းပြီး (၇၈၀၀) ကျပ်နဲ့ ရက်မှန်ကြေး (၃၀၀၀၀) ကျပ် ပေးနေပေမယ့် ခွင့်ခံစားခွင့်တွေမပေးတာကြောင့် အလုပ်တစ်ရက်ပျက်ပါက အကုန် ဖြတ်တောက်ခံနေရတာပဲ ဖြစ်ပါတယ်။
“အလုပ်ထဲမှာ အသက် (၁၄) နှစ်ကနေ (၁၆) နှစ်အထိ ကလေးလုပ်သားတွေ ရှိပါတယ်။ သူတို့ဆီက ကျန်းမာရေး ကောင်းကြောင်း ဆရာဝန်ထောက်ခံစာတော့ မယူပါဘူး။ ဒါပေမယ့် လူကြီးလုပ်သားတွေတန်းတူ အခိုင်းခံရပါ တယ်။ နောက်အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ လူက (၃၂) ယောက်လောက်ပဲ ရှိပေမယ့် တစ်နာရီကို အထည်(၄၀) တောင်းပါတယ်။ သူတို့တောင်းတဲ့စံချိန်ပြည့်ဖို့ အလုပ်သမားတွေက ရေမသောက်၊ အိမ်သာမသွားဘဲ အသည်းအသန် ချူပ်ပေးလို့ စံချိန်ပြည့်သွားရင်လည်း တစ်နေ့ထက်တစ်နေ့ ထပ်တိုးတောင်းပါတယ်။ လုပ်ငန်းခွင်ထဲမှာ WCC ရှိတယ်ဆိုပေမယ့် ဘယ်သူတွေလဲဆိုတာ အလုပ်သမားတွေက မသိရပါဘူး။ အလုပ်ရှင်ဘက်က သူတို့ပြောလို့ရတဲ့သူတွေပဲ တင်ထားပါတယ်။ နောက် EC စာချုပ်လည်းတော်တော်များများ မချုပ်ရသေးပါဘူး” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်းက ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံရေး၊ ကလေး လုပ်သားတွေကို လူကြီးလုပ်သားတွေတန်းတူ မခိုင်းရေး၊ အချိန်ပိုအိုတီကြေးကို တန်းတူပေးရေး၊ အလုပ်ရှင် ဘက်က တင်ထားတဲ့ WCC ကို ဖြုတ်ချရေး၊ အချိန်ပိုအိုတီ မဆင်းနိုင်တဲ့ အလုပ်သမားတွေကို အငြှိုးအတေးမထားရေးနဲ့ ဖိအားမပေးရေး၊ သုံးလပြည့်ပြီးတဲ့ဝန်ထမ်းတွေကို အတည်ပြုဝန်ထမ်း ခန့်အပ်ရေးနဲ့ အပြစ်မရှိဘဲ ဥပဒေမဲ့ အလုပ်မထုတ်ရေး လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026