NEWS

အချိန်ပိုမဆင်းလို့ အလုပ်ဖြုတ်ခံရမှုတွေဆက်တိုက်ဖြစ်လာ

CoverLogo
3.9K Views

ပြည်တွင်းက စက်ရုံ အလုပ်ရုံ လုပ်ငန်း တွေမှာ အလုပ်သမားတွေ အကြောင်းမဲ့အလုပ်ဖြုတ်ခံရတာတွေနဲ့ အချိန်ပိုမဆင်းပေးလို့ အလုပ်ဖြုတ်ခံရတာတွေ ဆက်တိုက်ဖြစ်လာတယ်လို့ အလုပ်သမားရေးကူညီဆောင်ရွက်သူတွေထံက သိရပါတယ်။

“ အချိန်ပိုခေါ်တာကိုအလုပ်မဆင်းလို့အလုပ်ဖြုတ်ခံရပြီဆိုရင် ထုံးစံကတော့ အလုပ်သမားရုံးကို တိုင်ရတာပေါ့။ ဒါပေမဲ့အလုပ်သမားတွေက  ကျွန်တော်တို့ဆီကိုအကူညီတောင်းလာကြတာ။ ခုနောက်ပိုင်း ကျွန်တော်တို့က ဦးစီးကိုဖုန်းဆက်ပြီး ဘယ်စက်ရုံမှာတော့ အလုပ်သမားတွေကိုအချိန်ပိုကိုကျော်လွန်ပြီး ဘယ်လိုခိုင်းနေတယ်။ ဘယ်လိုတွေဖြစ်နေတယ်ဆိုပြီး ပြောပေးလိုက်တာ။ခုနောက်ပိုင်း ကြာပါပြီ အလုပ်သမားတွေက အချိန်ပိုမတရားခိုင်းလို့ အခွင့်အရေးချိုးဖောက်ခံရလို့ဆိုပြီး တိုက်ရိုက်တိုင်ရင်အလုပ်ဖြုတ်ခံရတာနဲ့   တိုက်ရိုက်မတိုင်တော့ဘဲ အဲ့လိုပဲလုပ်ပေးနေတာ” လို့ အလုပ်သ မားရေးကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။  

ခုနောက်ပိုင်းမှာ ပြည်တွင်းကစက်ရုံတွေက အလုပ်သမားတွေကိုသတ်မှတ်ထားတဲ့စံချိန်တွေထက်   ပိုမိုတိုးတောင်းတာတွေပြုလုပ်ပြီး စံချိန်မပြီးမြောက်သည်ကိုအကြောင်းပြကာ အချိန်ပိုဆက်လက်လုပ်ပေးနေရပြီး အဲ့ဒီအချိန်ပိုကြေးတွေပေးဆောင် တာတွေမရှိသလို အချို့သောစက်ရုံတွေကအချိန်ပိုကြေးအပြည့်အ၀မပေးဘဲ ခိုင်းစေတာတွေလည်း ပြုလုပ်နေတယ်လို့သိရပါတယ်။

အခုလိုအချိန်ပိုမဆင်းလို့အလုပ်ထုတ်ခံရတာနဲ့ပတ်သက်ပြီး  ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဇေယျာသီရိ (၄)ရက်ကွက် နန်းစတော့ အထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ဦးဟာလည်း  အချိန်ပိုမဆင်းလို့ အလုပ်ထုတ်ခံလိုက်ရတယ်လို့လည်း သိရပါတယ်။

“ ၉.၁၂.၂၀၂၂ ရက်နေ့မှာ စက်လိုင်းနံပါတ် ၅ မှ ဝန်ထမ်းတစ်ဦးသည် ညနေ ၄ နာရီ ၃၀ မိနစ်တွင် အချိန်ပို အိုတီ မဆင်းနိုင်လို့ သူပြန်ပါရစေဆိုပြီး စူပါကိုပြောဖို့လိုက်ရှာတာ မတွေ့လို ပြန်ဖို့လုပ်နေရင်း စက်ရုံသူဌေးမက ထိုဝန်ထမ်းကို အိုတီမဆင်းနိုင်ရင် အလုပ်ပါတစ်ခါတည်းထွက်ဆိုပြီး အလုပ်ထုတ်လိုက်တယ်” လို့ အဲ့ဒီစက်ရုံက အလုပ်သမားတစ်ဦးကဆိုပါတယ်။

အဆိုပါစက်ရုံက နေ့စားဝန်ထမ်း ၈၀ ကျော်ကို နေ့စားခ ၃၆၀၀ /၃၈၀၀/ ပေးပြီး အချိန်ပိုကြေး ၁ နာရီကို ၆၀၀ ကျပ်နဲ့ခိုင်းစေနေပြီး  လခစားဝန်ထမ်းတွေကို တနဂ်နွေနေ့ရဲ့ အချိန်ပိုကြေးကိုအပြည့်အဝမပေးဘဲ လုပ်အားခေါင်းပုံဖြတ်ပြီး အလုပ်သမားတစ်ဦးလျင် ၁နာရီကို အထည်စံချိန် ၁၂၀ ချုပ်ပေးဖို့သက်မှတ်ပြီး မတရားခိုင်းစေနေတယ်လို့ သိရပါတယ်။

" ခွင့်ယူလို့ အိုတီမဆင်းလို့ အလုပ်ကထုတ်တာက အာဏာသိမ်းပြီးကာလမှာဖြစ်တာ ညီမ အရင်ကဆိုရင် အဲ့လိုလုပ်တာနဲ့ အလုပ်သမားတွေကလက်မခံရင် လုပ်လို့မရဘူး သမဂ္ဂတွေလဲရှိနေတော့။ အခုနောက်ပိုင်းက အလုပ်တွေရှားလာတယ်။အလုပ်လာ လျှောက်ရင်ဘယ်လောက်ပဲကျွမ်းကျင်  နေ့စားအလုပ်သမားအဖြစ်သာခန့်ကြတာ အိုတီမဆင်းအလုပ်ဖြုတ် အသစ်ထက်ခန့် ခွင့်ယူရင် အလုပ်ဖြုတ် အ့လိုတွေ လုပ်လာကြတာ။စက်ရုံပိုင်ရှင်တွေက နိုင်ငံရေးမကောင်းတာ အခွင့်ကောင်းယူနေကြတာပေါ့။စျေးပေါပေါနဲ့ နေ့စားအလုပ်သမားပဲခေါ်တော့တယ်။အဲ့ဒီနေ့စားတွေကလဲ စက်ရုံပိတ်လို့ (သို့မဟုတ် )အလုပ်ဖြုတ်ခံရတဲ့ နှစ်ကြီးသမား ကျွမ်းကျင်အလုပ်သမားတွေပဲ" လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

အဲ့ဒီလို အချိန်ပိုကြေးမရရှိခြင်းတွေနဲ့ အချိန်ပိုခေါ်ယူလို့အလုပ်မဆင်းတဲ့အလုပ်သမားတွေ အလုပ်ဖြုတ်ခံရ တာတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်လာတာဖြစ်ပြီး အဲဒီလိုအလုပ်ဖြုတ်ခံရတာတွေကြောင့် အဖွဲ့အစည်းတွေဆီအကူညီတောင်းခံလာခြင်းတွေဆက်တိုက်ရှိလာပြီး  အဲ့ဒီလိုအလုပ်ထုတ်ခံရခြင်းနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းတွေအတွက် အလုပ်သမားတွေက  အလုပ်သမားရုံးကိုတိုက်ရိုက်တိုင်ကြားမှုတွေပြုလုပ်တဲ့အခါမှာ အလုပ်ရှင်က  အလုပ်မှထုတ်ပယ်တာတွေလည်းရှိလာတာကြောင့် အလုပ်သမားတွေဟာ အလုပ်သမားရေးကူညီဆောင် ရွက်သူတွေနဲ့  အဖွဲ့အစည်းတွေထံမှာ အမည်မဖော်လိုပဲအကူညီတောင်းခံမှုတွေ ပြုလုပ်လာကြတယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews 
သတင်း-ယွန်းဆက်
Photo-အထည်ချုပ်လုပ်ငန်းခွင်တစ်ခုအားတွေ့ရစဥ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026