NEWS

အချိန်ပိုနေ့စဉ်ခေါ်ယူပြီး လုပ်ခလစာကို မှန်ကန်စွာ တွက်ချက်မပေးဟုဆို

CoverLogo
595 Views
 
တရုတ်နိုင်ငံသားပိုင် Hang Kei Myanmar Garment Factory Co.,Ltd မှာ အချိန်ပိုတွေ နေ့စဉ်ခေါ်ယူပြီး အထည်စံ ချိန်ကို ဖိအားပေးတောင်းခံနေပေမယ့် လုပ်ခလစာပေးချေရာမှာ မှန်ကန်စွာမတွက်ပေးတာကြောင့် အခက်တွေ့နေ တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ် သားအင်အား (၁၀၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်းမှာ ဖွဲ့စည်းပြီးဖြစ်တဲ့ သမဂ္ဂ ကို အလုပ်ကထုတ်ပယ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာ အလုပ်ရှင်အလိုကျ သမဂ္ဂပြန်လည် ဖွဲ့စည်းထားကာ ချိုး ဖောက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စက်ရုံမှာ MYMEMORY၊ Elam၊ hunkemoller၊ womem’secret၊ la Vieen Rose စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။
“အလုပ်ချိန်က မနက် (၇) ခွဲကနေ ည (၇) နာရီခွဲအထိ ဆင်းရတာပါ။ နားချိန်နှစ်ချိန်ပေးထားပြီး တစ်နေ့ကို အချိန်ပို က (၃) နာရီ ဆင်းပေးရပါတယ်။
"လစာကတော့ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၈၀၀၀) ကျပ်၊ အချိန်ပိုအိုတီ တစ်နာရီကို (၂၀၀၀) ကျပ်တော့ ပေးပါတယ်။ လစာတွေ အဲဒီလိုပေးထားပေမယ့် လစာကိုတစ်လကို လေးသိန်းမ ပြည့်ပါဘူး။ target ကြေးနဲ့ ချုပ်ရပြီး တစ်နေကုန်လည်း မနားရပါဘူး။ နားချိန်မရှိဘဲ ချုပ်နေရပေမယ့် လစာက လေး သိန်းမပြည့်ပါဘူး။ အထည်ကြေးနဲ့ချုပ်ပြီး မရတဲ့သူကများနေတော့ ထွက်တဲ့သူတွေလည်း အများကြီးပါပဲ” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်သမားတွေကို အထည်စံချိန်တွေ အဆမတန် တောင်းခံနေပြီး လူ (၃၅) ဦးရှိတဲ့ စက်လိုင်းတစ်လိုင်းမှာ တစ်နေ ကုန် (၁၁) နာရီ အလုပ်ချိန်အတွက် အထည်ရေ (၁၅၀၀) တောင်းခံနေတာ ဖြစ်ပါတယ်။ အထည်အရေအတွက် ပြည့်မီရေးအတွက် စူပါ၊ အောစူပါတွေက ဆဲဆိုအော်ဟစ်တာတွေ လုပ်ဆောင်နေပြီး အထည်အရေအတွက် ပြည့်မီ ရေးအတွက် အိမ်ယူကာချုပ်ပေးရတာတွေလည်း ရှိနေပြီး လုပ်ငန်းခွင်ဖိအားတွေကြောင့် အလုပ်ထွက်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
“နေ့စာအလုပ်သမားတွေကိုလည်း သုံးလပြည့်ခါနီးရင် မခန့်ဘဲ အလုပ်ထုတ်ပါတယ်။ အလုပ်ရှိရင် ခေါ်ပါတယ်။ အလုပ်မရှိရင် အလုပ်ထုတ်ပါတယ်။ အသက် (၁၄)၊ (၁၅) နှစ်လောက် ကလေး (၇၀) လောက်ရှိပါတယ်။ သူတို့ဆီက ကျန်းမာရေးကောင်းကြောင်း ဆရာဝန်ထောက်ခံစာလည်း မယူပါဘူး။ စနေနေ့တို့၊ တနင်္လာနေ့တို့ဆို ခွင့်မပေးပါ ဘူး။ ခွင့်တင်လည်း ခွင့်မဲ့သတ်မှတ်ပါတယ်။ ဆေးခွင့်လဲ မရပါဘူး။ စက်ရုံမှာ သမဂ္ဂရှိတယ်ဆိုပေမယ့် ဘာလုပ်နေ မှန်း မသိရပါဘူး။ အခုက ရှောင်တခင်ခွင့်ရဖို့ သေအောင်ပြောရပါတယ်။ အလုပ်ကတစ်ရက်ပျက်ရင် ရက်မှန်ကြေး (၄၀၀၀၀) ကျပ်လည်း ဖြတ်ခံရပါတယ်။ အလုပ်သမားတွေမူးပြီး ပစ်လဲရင်တောင် နားခွင့်မပေးပါဘူး။ ဆေးခန်းမှာ လည်း ဆေးမရှိပါဘူး။ လုပ်ငန်းခွင်ထဲ အောတစ်လာစစ်ရင် ဆေးပုံးထဲ ဆေးထည့်ပေးပြီး အောတစ်ပြန်ရင် ဆေးတွေ ပြန်သိမ်းပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲက ချိုးဖောက်မှုတွေကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီတောင်းခံထားတာ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမား တွေအနေနဲ့ နေ့စားအလုပ်သမားတွေကို အလုပ်ရှိမှသာ ခေါ်ယူပြီး အလုပ်မရှိပါက အလုပ်မထုတ်ရေး၊ ကလေးလုပ် သားတွေကို လူကြီးအလုပ်သမားတွေတန်းတူ မခိုင်းရေး၊ စနေနေ့နဲ့ တနင်္လာနေ့တွေ ခွင့်ယူပါက ခွင့်မဲ့မသတ်မှတ် ရေး၊ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံရေး၊ တစ်ကတ်ကြေးနဲ့ ချုပ်ခိုင်းတာဖြစ်တဲ့ အတွက် လစာထဲတွင်တစ်ကတ်ကြေးများ ထည့်ပေးရေးနဲ့ စူပါ၊ အောစူပါတွေက အော်ဟစ်ဆဲဆိုတာ မလုပ်ရေး စတာတွေကို လိုလားနေတာ ဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026