NEWS

အချိန်ပိုခိုင်းစေသော်လည်း လုပ်ခလစာကို ဥပဒေနှင့်အညီ ပေးချေမှုမရှိဟုဆို

CoverLogo
1.4K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်း  တွင် ဖွင့်လှစ် ထားတဲ့ တရုတ်နိုင်ငံသားပိုင် TIANJIN Fashion Milestone အထည်ချုပ်စက်ရုံတွင် အလုပ်သမားများကို အချိန်ပိုများ ခေါ်ယူနေသော်လည်း ဥပဒေနှင့်အညီ လုပ်ခလစာပေးချေမှု မရှိကြောင်း ယင်းအလုပ်သမားများထံမှ သိရပါတယ်။ စက်ရုံကို  အလုပ်သမားအင်အား (၈၀၀) ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေတယ်လို့ ဆိုပါတယ်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စက်ရုံအလုပ်သမားတစ်ဦးက “အခုက အစိုးရ ရုံးပိတ်ရက်တွေ ၊ တနင်္ဂနွေနေ့တွေကို အချိန်ပိုတွေခေါ်တယ်။ အချိန်ပိုကြေးကိုတော့ ဥပဒေအတိုင်း မပေးဘူး။ နောက်ပြီးတော့ အစမ်းခန့်ကာလ ပြည့်ပြီးတဲ့ ဝန်ထမ်းတွေကိုလည်း အတည်ပြုဝန်ထမ်း မခန့်ပေးဘူး။ နေ့စားပဲ ဆက်ထားတယ်” လို့ ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်သည့် ကာလအတွင်း စက်ရုံတာဝန်ရှိသူများက အလုပ်သမားအင်အား၏ ထက်ဝက်နီးပါးကို နေ့စားလုပ်သားများ အဖြစ်သာခန့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကာလမှာ အချိန်ပိုတွေ‌ကို နေ့တိုင်းလိုလို ခေါ်နေတယ်။ တစ်ခါတစ်လေ သွားလာရေး အခက်အခဲကြောင့် မဆင်းချင်ဘူး။ အချိန်ပိုဆင်းလည်း လစာကိုဥပဒေအတိုင်း နှစ်ဆမပေးဘဲ ခိုင်းတယ်။။ သူတို့ဘက်က အလုပ်ထုတ် တာတွေလည်း ရှိနေတော့ မဖြစ်မနေ ဆင်းနေရတယ်” ဟု ၎င်းက ထပ်ပြောပါတယ်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး TIANJIN Fashion Milestone အထည်ချုပ်စက်ရုံ အလုပ်သမားများက နေ့စားဝန်ထမ်းများကို အတည်ပြုဝန်ထမ်းအဖြစ် ခန့်အပ်ပေးရန်နှင့် အချိန်ပိုများ ခေါ်ယူပါက ဥပဒေနှင့်အညီ လုပ်ခလစာပေးချေပေးရန် လိုလားနေတာဖြစ်တယ်လို့ ဆိုပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026