NEWS

အချိန်ပိုOT ဖိအားပေးဆင်းခိုင်းတာနဲ့ ဆေးခွင့်မရလို့အလုပ်သမားတွေနစ်နာနေဟုဆို

CoverLogo
432 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် _ မှာ ဖွင့်ထားတဲ့ NEW ZHONG HUI CO.,Ltdမှာ အချိန်ပိုအလုပ်ချိန်တွေဆင်းခိုင်းကာ လုပ်အားခေါင်းပုံဖြတ်မှုတွေနဲ့ လူမှုဖူလုံရေးကြေးထည့်သွင်းရသော်လည်း၊ဆေးခွင့်နဲ့ ဖူလုံရေးခွင့်ခံစားမှုတွေမရရှိခြင်းတွေကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောလာနေပါတယ်။
 
NEW ZHONG HUI CO.,Ltd ဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Sinsay၊ တံဆိပ် အင်္ကျီ၊ အနွေထည်များချုပ်လုပ်နေရာ အလုပ်သမားအင်အား ၇၀၀‌ ကျော်နဲ့ လုပ်ငန်းလည်ပတ် နေတယ်လို့ ဆိုပါတယ်။
 
အလုပ်ရှင်ဘက်မှ အလုပ်သမား‌ တွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်မပေးထာခြင်း၊ ခွင့်မပေးထားခြင်းကြောင့် အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး+ထောက်ပံ့ကြေး၁၀၀၀၀ကျပ်၊ ရက်မှန်ကြေး ၄၀၀၀၀ကျပ်ကို ၂၀၀၀၀ကျပ်ဖြတ်ခြင်း၊ ကျွမ်းကျင် ကြေးထဲကပါ၅၀၀၀ကျပ်ပါထပ်ဆောင်း ဖြတ်တောက် သလိုတစ်လအတွင်း နှစ်ရက်ပျက်မိရင် ရက်မှန်ကြေး အကုန်ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင်အလုပ်သမား‌ တွေက လစဥ်လတိုင်းဖူလုံရေးကြေး လစဥ်ပေးသွင်းရ‌ ပေမယ့်ဆေးခွင့်မရရှိသလိုဖူလုံရေးကဒ်လဲယခုထိထုတ်မပေးထားဘူးလို့ဆိုပါတယ်။
 
"လုပ်အားခေါင်းပုံဖြတ်တာကတော့ နေ့စားလုပ်သားတွေပဲရွေးခန့်ပြီး တရားဝင်မခန့်တဲ့အတွက်အလုပ်ပါးသွားရင်နေ့စား အလုပ်သမား‌ေတွကို အလုပ်ရှင်ဘက်က ဥပဒေမဲ့အလုပ်ထုတ် တာတွေ၊နေ့စားအလုပ်သမားများကို ဒေးကြေး+ထောက်ပံ့ကြေးပါမှ ၆၈၀၀ကျပ်ဖြင့်သာ လုပ်ခလစာရှင်းပေးသလိုဟက်ပါတွေကိုလဲ၆၈၀၀ကျပ်ဘဲ ပေးထားပြီးအများပြည် သူရုံပိတ်ရက်အတွက် ပိုက်ဆံမရရှိတာ၊အလုပ်သမား‌ တွေအလုပ်တက်ချိန်ကနံနက်၈နာရီကနေ ၁၁ခွဲ ထမင်းစားနားပြီး ၁၂နာရီကနေစပြီး အရေးကြီးတယ်ဆိုပြီး ည၈ခွဲ၉ခွဲအထိ အချိန်ပိုအိုတီဆင်းပေးနေရတာစတဲ့ အလုပ်သမားတွေကိုနစ်နာစေတာတွေရှိနေတယ်လို့" NEW ZHONG HUI CO.,Ltdကအလုပ်သမားအများစုကပြောထားပါတယ်။
 
အလုပ်ရှင်ဘက်မှ အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်များကို မတရားတောင်းခံ နေခြင်း၊ စက်လိုင်းတစ်လိုင်းကို စက်ချုပ်၄၀ခန့်ရှိပြီး တစ်နာရီကို ကုဒ်အင်္ကျီ၃၅ထည်အထိပေးရခြင်း၊ အလုပ် ရှင်ဘက်ကတောင်းခံသော အထည်စံချိန်မရလျင် အောစူပါ၊စူပါများက စံချိန်မရကောင်းလာဆိုပြီး ဆဲဆိုလုပ် နေခြင်းတွေလည်းရှိနေတာကြောင့်အလုပ်သမား‌ တွေကို ဖိနှပ်ပြီးချိုးဖောက်မှု အကြိမ်ကြိမ်ပြုလုပ်နေခြင်းကို မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှု လက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM)ထံမှာ အကူညီတောင်းခံတာဖြစ်ကြောင်းသိရပါတယ်။
 
NEW ZHONG HUI CO.,Ltdက အထည်ချုပ်စက်ရုံ
အလုပ်သမား တွေအနေနဲ့ အလုပ်ရှင်ဘက်ကိုတောင်းဆိုချက် မှာ
၁။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီများကို အောလင်းများဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် စနေနေ့ည၈နာရီ တနင်္ဂနွေနေ့ဆိုရင်လဲ မနားရဘဲ အချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်များကို မတရားတောင်းခံနေခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို ဥပဒေမဲ့အလုပ်ထုတ်နေခြင်း မပြုလုပ်ရန်နှင့် ဒေးကြေးကို နိမ်ချပြီးမပေးရန်။
၅။ အလုပ်သမားများ အသုံးပြုသော အိမ်သာဆိုလဲ မလုံလောက်ခြင်း၊ ညစ်ပါတ်ပြီးနံဆော်နေခြင်းများကို စီစဥ်ဆောင်ရွက်ပေးရန်။
၆။ အလုပ်ရှင်ဘက်မှ လစာထုတ်ရက်ကိုအောလင်းထိ အချိန်ပိုအိုတီ ဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် ၄ခွဲပြန် လွတ်ရန်တို့ကို ပြုလုပ်ပေးစေလိုတာလို့ သိရပါတယ်။

Related posts

Cover
Female Garment Workers Becoming Victims of Chinese “Rental Wife” and Paid Marriage Trafficking
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026