NEWS

အချိန်ပို အခမဲ့ဆင်းခိုင်းတာ၊ လုပ်အားခရှင်းမပေးတာနဲ့ ဥပဒေမဲ့ အလုပ်ထုတ်တာတွေ ရှိနေတယ်လို့ ဆို

CoverLogo
1.5K Views

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် အစုကြီးကျေးရွာ မှာ ဝန်ထမ်းအင်အား ၆၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် Myanmar Sinyoung အထည်ချုပ်စက်ရုံမှာ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်တာ  ဖိအားပေးကာ အချိန်ပိုဆင်းခိုင်းပြီး လုပ်အားခရှင်းမပေးတာနဲ့ ရိုင်းစိုင်းစွာအော်ဟစ်ဆဲဆိုတာတွေ ပြုလုပ်လျှက်ရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း သမဂ္ဂဖွဲ့စည်း ထားခြင်းမရှိသလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်ခံရမှုတွေကို ဖြေရှင်းပေးမှုမရှိလို့ အခက်အခဲကြုံနေရတယ်လို့ ယင်းစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောပါတယ်။

“အဓိကကတော့ စက်ရုံထဲမှာအလုပ်ကိုထုတ်ချင်တိုင်းကိုထုတ်နေတာ အကြောင်းပြချက်မရှိဘဲနဲ့ ဘာလျော်ကြေးမှလည်း မပေးပါဘူး နင့်ကိုအလုပ်ထုတ်လိုက်ပြီဆိုရင်ပြီးပြီ” လို့ အဆိုပါစက်ရုံမှ လုပ်သားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အလုပ်ထုတ်ပြီးပါက အလုပ်ဆင်းခဲ့ ရတဲ့ ရက်များအတွက်လုပ်အားခကို နောက်လ ၁၁ ရက်နေ့မှ ပေးမည်ဟုပြောဆိုမှုတွေ ရှိနေပြီး စက်ရုံစဖွင့်သည့်အချိန်တွင်အလုပ်သမားများအားအောနိုက်၊အောလင်းများခေါ်ယူပြီး၊အချိန်ပိုအိုတီ‌ ကြေးများကိုအလုပ်ရှင်ဘက်မှလုံး၀မပေးမရှင်းပေးပဲအလကားစေခိုင်းခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ဖိအားပေးခြိမ်းခြောက်စေခိုင်းတာ ဂိတ်ပတ်( အပြင်ထွက်ခွင့်) ယူပါက အလုပ်မှ ထွက်ခိုင်းတာ စနေနေ့ အပြည့်ဆင်းခိုင်းပြီး ၄၈၀၀ ကျပ်သာပေးချေနေတာတွေ လည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမှုဖူလုံရေး ခံစားခွင့်များမရှိဘဲ ခွင့်ခံစားခွင့်များလည်း မရရှိဘူးလို့ အလုပ်သမား တွေက ပြောဆိုပါတယ်။

“ခွင့်မပေးဘူး တရက်ပျက်ရင်တော့ ၁၅၀၀၀ ကျော်လောက်ဖြတ်ခံရတယ် လုပ်ငန်းခွင်ထဲမှာလည်း စံချိန်တွေ မတရားတိုးတောင်းတာတွေလုပ်တယ် မရရင် ရိုင်းရိုင်းစိုင်းစိုင်းကို အပြောခံရတာ ငရဲလိုပဲ လို့ အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ အသက် ၁၄ နှစ်မှ ၁၆ နှစ်ထိ လူငယ်လုပ်သားများလည်းရှိပြီး နိုင်ငံခြားသားအမျိုးသမီးမှ တိုက်ရိုက်ကွပ်ကဲတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လုပ်သားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဥပဒေမဲ့ အလုပ်ထုတ်တာတွေ မပြုလုပ်ဖို့ အချိန်ပိုကို အလုပ်သမားတွေသဘောဆန္ဒအရသာခိုင်းစေဖို့နဲ့ ဥပဒေပါခွင့်ခံစားခွင့်တွေရရှိဖို့ လိုလားနေတယ်လို့ဆိုပါတယ်။

©MyanmarLabourNews

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026