NEWS

အချိန်ပို ကြေးမရရှိဘဲ အလကားဆင်းပေးနေရ

CoverLogo
1.5K Views

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် စက်မူဇုန် (၂) ရှိ Lian Cheng(Myanmar) လျှန်ချန်း အထည်ချုပ် စက်ရုံတွင် အလုပ်ပိတ်ရက်မရှိ အလုပ်ခေါ်တာတွေ ည ၈နာရီခွဲအထိ OT ခေါ် OTကြေး ပိုက်ဆံမရရှိဘဲ အလကားအလုပ်လုပ်ပေးနေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

အချိန်ပို ခေါ်ရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကောက်ယူတာမရှိသလို အများပြည်သူရုံးပိတ်ရက်တွေမှာ ပါနားခွင့်မရှိဘဲ အခက်အခဲမျိုးစုံနဲ့လုပ်ကိုင်နေရတယ်လို့အလုပ်ကမားကပြောဆိုပါတယ်။

 

" အလုပ်သမား ဆန္ဒမကောက်ယူဘဲ OT မဆင်းချင်လဲဆင်းရမယ်ဆိုပြီး OT ခေါ်တာ တစ်နှစ်ကျော်ပြီ တနဂ်နွေနေ့တွေဆိုလဲ အတင်းအကြပ်ဆင်းခိုင်းတဲ့အပြင် ည၈ခွဲထိ OT ဆင်းပေးရတယ် OTကြေးမရဘူး ထမင်းစားချိန် မိနစ် ၃၀ကိုလဲအပြည့်မရရှိဘူး ၊Ticket(တစ်ကတ်)ကြေးနဲ့ပေးတယ်ဆိုပြီး OTကြေးလဲမပေးဘူး ဒေးကြေးလဲမပေးဘူး "လို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ဥပဒေပါခွင့်တွေ မရရှိသလို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အလုပ်မှထုတ်ပယ်ပြီး အလုပ်သမားများလည်းမကြာခဏ နှုတ်ထွက်တာရှိနေတယ်လို့ ဆိုပါတယ်။

 

" ဥပဒေပါခွင့် တွေမရရှိဘူး ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတွေဆိုအလုပ်ထုတ်ပြစ်တယ် ၊ ဆဲဆိုတယ်မလုပ်နိုင်ရင်အလုပ်ထွက်ခိုင်းတယ်၊ စက်ရုံမှာ နှစ်ကြီးသမားမရှိဘူး အမြဲ သုံးလ လေးလသမားတွေပဲရှိတယ် ဒဏ်မခံနိုင်လို့ အလုပ်ထွက်ကုန်ကြတာ လို့ " အလုပ်သမားတစ်ဦးကထပ်မံပြောဆိုပါတယ်။

 

ယင်းကဲ့သို့ချိုးဖောက်ခံရမှုတွေကို သက်ဆိုင်ရာ ဌာနတွေက စိစစ်ပြီးအရေးယူတာမရှိဘူးလို့လည်း အလုပ်သမားကပြောပါတယ်။

 

အဆိုပါစက်ရုံသည် တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး အလုပ်သမား တစ်ထောင်ဝန်းကျင်နဲ့ ZARA brand ကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026