NEWS

အချက်အလက်မစုံလျင် OWIC ကတ် ပြုလုပ်ခွင့် စာရင်းမသွင်းပေးဟုဆိုလာ

CoverLogo
706 Views

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် OWIC ပြုလုပ်ခွင့် လျှောက်ထားတာမှာ  ပေးပို့ရမယ့် အချက်အလက် အထောက်အထား ပြည့်စုံစွာ တင်ပြမှု မရှိတဲ့ လျှောက်လွှာတွေကို လက်ခံစာရင်းပေးသွင်းမှာ မဟုတ်ဘူးလို့  စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ရဲ့  လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။ 

 

အခုလို အထောက်အထားမပြည့်စုံတဲ့လျှောက်လွှာတွေ ကို ပြုလုပ်ခွင့်အတွက်စာရင်းမသွင်းပေးဘူးလို့ကြေညာထားပေမယ့်  OWIC ပြုလုပ်ခွင့် အတွက်  လက်ခံ စာရင်းဝင်၊ မဝင် ကို အလုပ်သမားတွေ ဘက်က စစ်ဆေးလို့မရတဲ့ အတွက် OWIC ပြုလုပ်ခွင့်တင်ထားတဲ့ အလုပ်သမားတွေ အတွက် စိုးရိမ် နေရတယ်လို့ ပြောကြပါတယ်။ 

 

""အထောက်အထား မပြည့်စုံရင် လျှောက်လွှာကို လက်မခံဘူး ဆိုတယ် လျှောက်လွှာကိုလည်း  စာတိုက်ကနေ ပို့ပေးရတာလေ  ဝန်ကြီးဌာန က လက်ခံတယ် ပြုလုပ်ဖို့ စာရင်းသွင်းပေးလိုက်ပြီ ဆိုတာကို အကြောင်းပြန်ကြားတာမျိုးမရှိတော့ 

Safe migration တယ်လီဂရမ်မှာ ကိုယ့်နာမည် မပါ မချင်း က စိုးရိမ်နေရတာ တစ်ချို့ဆို OWIC  ရိုက်ခွင့်မကျသေးတော့ ထပ်ပြီး အထောက်အထားပဲ လိုလို့လားဆိုပြီး လျှောက်လွှာ နှစ်ခါ သုံးခါ တင်တဲ့သူတွေပါရှိတယ်""လို့ ပြည်ပကနေ ခွင့်ဖြင့်ပြန်လာကာ OWIC ကတ်ပြုလုပ်ခွင့်လျှောက်ထားသူတစ်ဦးကပြောပါတယ်။ 

 

OWIC ကတ် ပြုလုပ်ခွင့်လျှောက်ထား ရာမှာ ပြည်ပကနေ ခွင့်ပြန်လာတဲ့ အလုပ်သမားတွေနဲ့ မိမိအစီစဉ်နဲ့  ကျွမ်းကျင်အလုပ်သမားအဖြစ် ပြည်ပသွားရောက်မယ့် သူတွေ သာ လျှောက်ထားမှု အတွက် စာရင်းဝင်၊ မဝင် စိုးရိမ်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

လက်ရှိမှာ ပြည်ပ နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ဖို့ အတွက် အလုပ်သမားဝန်ကြီးဌာနထံ  သင်တန်းတက် ရောက်ခွင့်နဲ့ OWIC ကတ် ပြုလုပ်ခွင့် လျှောက်ထားသူ ဟာ အလွန်များပြားသော်လည်း ပြုလုပ်ခွင့် ချထားပေးမှုမှာ တစ်ပတ်တစ်ရက်သာ ချထားပေးတယ်လို့ သိရပါတယ်။ 

 

""ဌာန ဘက်က OWIC ကတ်ရိုက်ဖို့ စက်တွေ  ရွှေ့နေရလို့ဆိုပြီး  တစ်ပတ် ကို တရက်ပဲ ချပေးတယ် အခု ဆို ဧပြီ ၂၉ အထိပဲ ချထားပေးပြီး မေလ ထဲ တစ်ယောက်မှ မချပေးသေးဘူး ပြည်ပထွက်ဖို့  OWIC ကတ် ရိုက်ခွင့်စောင့်နေတဲ့ လုပ်သားက အေဂျင်စီတွေ ပို့ပေးရ မှာတင် လူဦးရေတစ်သောင်းလောက်ရှိတယ် တခြား ခွင့်ပြန်တွေ ကျွမ်းကျင်တွေ ပါဆိုရင် အတော်လေး များတယ် သူပြန်ချပေးတာက တစ်ပတ်မှ ၁၀၀ ကျော်လေးပဲရှိတာ အတော်လေးကြန့်ကြာမှုတွေ ဖြစ်တယ်""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

အခုလို OWIC ပြုလုပ်ခွင့် အတွက် ကြန့်ကြာမှုတွေ ကြောင့် ပြည်ပ သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတွေ၊ ခွင့်ဖြင့်ပြန်လာသူတွေ နဲ့ အေဂျင်စီတွေ မှာ ဆုံးရှုံးနစ်နာမှုနဲ့ အခက်အခဲ တွေ ဖြစ်ပေါ်နေတဲ့ အတွက် အလုပ်သမားဝန်ကြီးဌာနကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုတာတွေလည်း ပြုလုပ်နေတယ်လို့ဆိုပါတယ်။ 

 

OWIC ကတ်ပြုလုပ်ခွင့် အတွက် လျှောက်ထားရန် လိုအပ်တဲ့ အချက်အလက်တွေ ပေးပို့ရမယ့်အထောက်အထားတွေ ကိုတော့ အလုပ်သမားဝန်ကြီးဌာန ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Safe migration မှာ အသိပေးကြေညာထားပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026