NEWS

အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားအပါအဝင် လုပ်သား၂၀၀ကျော် လစာနှင့်နစ်နာကြေး ဘတ်၂သန်းကျော်ပြန်ရ

CoverLogo
111 Views
 
ထိုင်းနိုင်ငံ စာမွတ်ပကန် ရှိ ဆိုင်ကယ် အပိုပစ္စည်းစက်ရုံတစ်ခုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် အလုပ်သမား၂၀၂ ဦးကို လစာအပြည့်မပေးဘဲ အလုပ်မှရုတ်တရက် ထုတ်ပယ်လိုက်တာကြောင့် ကူညီတိုင်ကြားပေးခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီMHAC(မဟာမိတ်အဖွဲ)ထံ က သိရပါတယ်။
 
မြန်မာလုပ်သားတွေ နဲ့ ထိုင်းလုပ်သား ၂၀၂ ဦးကို ပြီးခဲ့တဲ့ မေလ ၂၃ရက်က စက်ရုံက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ ပြီး လုပ်ခလစာကို လည်း အပြည့်ဝ မပေးတဲ့ အတွက် နယ်​မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ 𝐍𝐔𝐆 (အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီး)နဲ့ ပူးပေါင်း တိုင်ကြား​ခဲ့တယ်လို့ သိရပါတယ်။
 
အခုလို တိုင်ကြားခဲ့တဲ့ အတွက် ဩဂုတ်လ ၈ ရက်နေ့မှာ အလုပ်သမား ၂၀၂ဦး အတွက် ထိုင်းဘတ်ငွေ ၂သန်းကျော် ကို နယ်မြေခံကာကွယ်စောင့်ရှောက်မှရေးရုံး မှတစ်ဆင့် အလုပ်သမားတွေကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမား၂၀၂ဦး ထဲမှ ၁၅ ဦးဟာ မိမိတို ရရှိရမယ့် နစ်နာကြေး အပေါ် အပြည့်အ၀ လိုချင်တဲ့ အတွက် တရားရုံးကို ဆက်လက် တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။
 
အခုလို အလုပ်သမား၁၅ဦးရဲ့ထပ်မံ တိုင်ကြားတဲ့ အပေါ် MHAC အဖွဲ အနေနဲ့ ပြီးဆုံးသည်အထိ ကူညီဆောင်ရွက် ပေးသွားမယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း ရှိ စက်ရုံ အလုပ်ရုံ အချို့က မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုလုပ်ခလစာ အပြည့်မပေးဘဲ အခုလို အကြောင်းမဲ့ အလုပ်ထုတ်ခံရတာတွေ မကြာခဏ ဖြစ်ပေါ်နေပြီး NUG အလုပ်သမားဝန်ကြီးဌာန နဲ့ မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတွေက တစ်ဆင့် သက်ဆိုင်ရာ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွေကို တိုင်ကြားတောင်းခံ မှသာ နစ်နာမှုအတွက် ထိုက်သင့်တဲ့ နစ်နာကြေးတွေ ပြန်လည်ရရှိတာဖြစ်ပါတယ်။
 

Related posts

Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025
Cover
မလေးရှားသို့ သွားရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၀ ဦး ထိုင်းမှာ အဖမ်းခံရ
Oct 01, 2025
Cover
အထောက်အထားမဲ့ လုပ်သားတင်ဆောင်သည့်ယာဉ်တိမ်းမှောက်ပြီး မြန်မာ၂၈ ဦး အဖမ်းခံရ
Sep 29, 2025
Cover
လုပ်ငန်းခွင်အတွင်း ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာလုပ်သားအမျိုးသမီးကို အကြောင်းမဲ့ရိုက်နှက်သဖြင့် ရဲကိုတိုင်ကြား
Sep 29, 2025