NEWS

အကြောင်းမဲ့အလုပ်ထုတ်ခံရလို့ Hosheng (Myanmar) Garment Company ကအလုပ်သမား ၆၀၀ ကျော်ဆန္ဒပြ

CoverLogo
2.2K Views

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှူဇုန်ရှိ Hosheng (Myanmar) Garment Company Limited မှာ အလုပ်သမား သမဂ္ဂခေါင်းဆောင်  ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်လို့ စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြတောင်းဆိုနေကြတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင် ၇ဦးဟာ လုပ်သက်လေးနှစ်၊ နှစ်နှစ်၊ သုံးနှစ်နဲ့ တစ်နှစ်ကျော်​ဖြစ်ပြီး အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်လိုက်တာကြောင့် စက်ရုံကအလုပ်သမားတွေကလည်း လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေးအတွက်ဆန္ဒပြ​နေကြတာလို့ သိရပါတယ်။

" ပြတာက အလုပ်သမား ၇ယောက်ကိုအကြောင်းမဲ့အလုပ်ထုတ်လို့ပြတာပါ။  ဆန္ဒပြတာက ၆၀၀ ကျော်။ အထဲမှာတစ်ရာလောက်ကျန်ခဲ့တယ်ပြောတယ်။ ကျွန်တော်တို့ကိုစနေကထုတ်လိုက်တာ။ ဆန္ဒပြတာ နှစ်ရက်ရှိပြီ " လို့ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ စက်ရုံတွင်းဝမ်တိမ်ထိုးထားတာမရှိသလို အမှားတစ်စုံတစ်ရာပြုလုပ်ထားခြင်းလည်းမရှိတာကြောင့် အကြောင်းမဲ့အလုပ်ထုတ်ခံလိုက်ရတာဖြစ်လို့ ဖြေရှင်းချက်တစ်စုံတစ်ရာသိရှိလိုသလို အလုပ်ထုတ်နစ်နာကြေးနဲ့ လျှော်ကြေးကိုရရှိလိုတာမဟုတ်ဘဲ လုပ်ငန်းခွင်မှာသာ အလုပ်လုပ်ကိုင်လိုတာဖြစ်တယ်လို့ သိရပါတယ်။

" ကျွန်တော်ဘာအမှားမှလည်းမလုပ်ထားဘူး။ စက်ရုံထဲမှာ ဘာဝမ်တိမ်မှလည်းမထိုးထားဘူး။ စက်ရုံဖွင့်ထားတာဆို လေးနှစ်ကျော်သွားပြီ။ ကျွန်တော်ဘာအမှားမှမလုပ်ထားဘဲ အကြောင်းမဲ့ အလုပ်ထုတ်ထားတော့ ကျွန်တော်သိချင်တာဘာကြောင့်လဲ ဘာအမှားကြောင့်လဲ အဲ့ဒါကိုဖြေရှင်းချက်တောင်းတာ ခုထိလည်းဖြေရှင်းချက်မရသေးဘူး။ ဘာကြောင့်မှန်းလည်းမသိဘူး။ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး ၇ယောက်။ ရုံးခန်းထဲခေါ်ထားတာက ကျန်တဲ့လူတွေကတော့ ဖယ်ရီတွေနဲ့ပြန်တော့ပါသွားတော့ ဆွဲခေါ်ဖို့မမီလိုက်ကြဘူး။ ကျွန်တော်တို့လေးယောက်ကိုတော့အမိအရဆွဲခေါ်ထားလိုက်တာ" လို့ ဆိုပါတယ်။

Hosheng စက်ရုံရဲ့ ထုတ်ပြန်စာမှာတော့ အဆိုပါ အလုပ်သမား ၇ ယောက်ကို စက်ရုံတွင်းတည်ငြိမ်နေသောအနေအထား ကို ဆူပူမှုဖြစ်ပေါ်စေရန် ရည်ရွယ် ၍ သွေးထိုးလှုံ့ဆော်ခြင်း၊ စက်ရုံမှူးအား ခြိမ်းခြောက်ပြောဆိုခြင်း ကုန်ထုတ်လုပ်မှုကျဆင်းစေရန် တမင်လုပ်ဆောင်ခြင်းတို့ကြောင့် အလုပ်မှထုတ်ပယ်ကြောင်း ဖော်ပြထားပါတယ်။

အလုပ်ထုတ်ခံရတဲ့အလုပ်သမား ၇ ဦးဟာ ဇွန်လ ၁၀ ရက်နေ့က အလုပ်ထုတ်လိုက်တာဖြစ်ပြီး စက်ရုံတွင်းအလုပ်သမား၇၀၀ ကျော်ရှိတဲ့အနက် ၆၀၀ ကျော်က အဆိုပါလုပ်သား ၇ဦးပြန်လည်ခန့်အပ်မှုမရှိမချင်း ဇွန်လ၁၂ရက်နေ့က စတင်တောင်းဆိုနေတာဖြစ်လို့ စက်ရုံဘက်ကရဲနဲ့စစ်တပ်ကိုခေါ်ယူဖိအားပေးတာတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံမှာ ZARA, Inditexအမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အလုပ်ထုတ်ခံရတဲ့အလုပ်သမားခေါင်းဆောင် ၇ဦးကို မနက်ဖြန် ဇွန်လ ၁၄ ရက်မှာ ဆွေးနွေးညှိနှိုင်းဖို့ ခေါ်ထားတယ်လိုလည်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026