NEWS

အကြောင်းပြချက်မရှိဘဲ ဥပဒေမဲ့အလုပ်ထုတ်တာ အပါအဝင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဟုဆို

CoverLogo
473 Views
 
 
လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ အချိန်မရွေးအလုပ်ထုတ်ခံရနိုင်ပြီး အချိန်ပို အလွန်အကျွံခိုင်းစေတာ၊ ဆဲဆိုခြိမ်းခြောက်ပြီး ခိုင်းစေမှုတွေ ကျူးလွန်ခံနေရတယ်လို့ Ka Hung Myanmar Co.Ltd အထည်ချုပ်စက်ရုံလုပ်သားတွေကပြောပါတယ်။
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာ ၅၃ ဂိတ်နားမှာဖွင့်လှစ်ထားတဲ့အဆိုပါ စက်ရုံက အလုပ်သမား ၇၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Sublevel Outerwear အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
အလုပ်သမားဥပဒေပါအခွင့်အရေးချိုးဖောက်မှုအနေနဲ့ ဥပဒေမဲ့အလုပ်ကထုတ်ပယ်တာ၊ ဥပဒေပါခွင့်ခံစားခွင့်မရတာ၊ ဒေးကြေး ၉၅၀၀ ကျပ်ပေးမည်ဟုပြောဆိုပေမယ့် အတိအကျမပေးတာ၊ ကလေးလုပ်သားတွေကို မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်မပါဘဲ ခိုင်းစေတာ၊ နေ့စားအလုပ်သမားတွေကို လုပ်သက် ၃ လပြည့်ပြီးနောက် အတည်ပြုမခန့်ဘဲ အလုပ်မှဥပဒေမဲ့ထုတ်ပယ်တာ အလုပ်နားရက်မပေးဘဲ အချိန်ပိုအလွန်အကျွံဆင်းခိုင်းတာနဲ့ အထည်စံချိန်တောင်းခံရာမှာ ဆဲဆိိုခြိမ်းခြောက်ပြီး ခိုင်းစေတာတွေကျူးလွန်နေတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတာပါ။
 
"ဇူလိုင်လတုန်းက လူလျှော့တယ်ဆိုပြီး အလုပ်သမား ၁၅ ယောက်ကို အလုပ်ထုတ်လိုက်တယ်။ အထုတ်ခံရတဲ့အလုပ်သမားတွေထဲမှာ နှစ်ကြီးသမားတွေလဲပါပြီး တော့ နစ်နာကြေးမပေးဘဲထုတ်လိုက်တာ"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေကို အလုပ်မှ ထုတ်ပယ်မယ်ဆိုပါ က ဥပဒေနဲ့အညီထုတ်ပယ်စေလိုပြီး အလုပ်ထုတ်နစ်နာကြေးပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ဒါ့အပြင် အလုပ်ရှင်ဘက်က ဒေးကြေး ၉၅၀၀ ကျပ်ပေးမည်ဟု ပြောဆိုပြီး လစာထုတ်ချိန်မှာတော့ စက်သမားတွေကို ဒေးကြေး ၉၀၀၀ ကျပ်နဲ့ အခြားဌာနတွေကို ၈၅၀၀ ကျပ်နှုန်းနဲ့သာ ရှင်းပေးတာကြောင့် လိမ်လည်ခိုင်းစေခြင်းမလုပ်ဖို့ အလုပ်သမားတွေကပြောထားပါတယ်။
 
အလုပ်သမား တွေအနေနဲ့ အချိန်ပိုအိုတီများမိုးလင်းအထိ မနားမနေဆင်းနေရခြင်း၊ အချိန်ပိုအိုတီဆင်းပြီး အိပ်ရေးမဝဖြစ်ခြင်းကြောင့် ကိုယ်ခံအားနည်းပြီး အလုပ်သမားများမှာ ဖျားနား နေထိုင်းမကောင်းများဖြစ်ကြ ပြီး အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်မပေးခြင်း၊ အချိန်ပိုအိုတီဆင်းပြီး အလုပ်သ မားများမှာဖျားနားပြီး နေထိုင်းမကောင်းဖြစ်လို့ ခွင့်တိုင်ကြားလျင်လည်း ခွင့်မပေးခြင်းကြောင့် ဒေးကြေး ၉၀၀၀ ကျပ်၊ ရက်မှန်ကြေး ၂၀၀၀၀ကျပ်ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
 
"အလုပ်တရက်ပျက်ရင် သတ်မှတ်ထားတဲ့ ရက်မှန်ကြေး ၂၀၀၀၀ ဖြတ်ခံရတယ်၊ တစ်လလုံး တရက်မှ မပျက်ဘဲ အလုပ်လုပ်နိုင်မှ ရက်မှန်ကြေး ၂၀၀၀၀ ကျပ်ရတာပါ၊ အထည်စံချိန်ကို ချုပ်နိုင်တာထက်ပိုတောင်းတယ်၊ စက်လိုင်းတစ်လိုင်းကို အလုပ်သမား ၄၀ ကျော်ရှိပြီး တနာရီကို လိုင်းပေါက်အထည် ၆၀ ကနေ ၇၀ ထိတောင်းတယ် ဆဲဆိုပြီးတောင်းတာပါ၊ အထည်စံချိန်မပြည့်ရင် အချိန်ပိုအိုတီကို အောလင်း အောနိုက်( ညလုံးပေါက်) မဖြစ်မနေဆင်းရတယ်၊ မဆင်းရင် အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ပြီးဆင်းခိုင်းတာ ၊ အဲ့လောက်လုပ်နေရရင် ဘယ်အလုပ်သမားက နေမကောင်းမဖြစ်ဘဲနေမှာလဲ"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်မှာ နေ့စား အလုပ်သမား ၃၀ ကျော်ရှိပြီး လုပ်သက် ၃ လပြည့်ပါက အလုပ်ကနေ ဥပဒေမဲ့ထုတ်ပယ်တယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်မှ ၁၆ နှစ်အရွယ်ရှိ ကလေးလုပ်သား ၄၀ ကျော်ကိုတော့ ဥပဒေအရ မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်မပါဘဲ လူကြီးလုပ်သားတွေနဲ့တန်းတူ ခိုင်းစေပြီး စစ်ဆေးရေးများလာရောက်ပါက ပုန်းအောင်းခိုင်းထားပြီး ဥပဒေမဲ့ ပြုလုပ်လျက်ရှိတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ အမြောက်အမြားကျူးလွန် နေမှုကို တားဆီးပေးဖို့နဲ့ မျှတမှုရှိတဲ့ လုပ်ငန်းခွင်ဖြစ်ရေး အလုပ်သမားတွေက လိုလားနေတယ်လို့ ပြောပါတယ်။
 
အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့
၁။ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကို အလုပ်ရှင်ဘက်မှ ခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို အကြောင်းပြချက်မရှိဘဲ ဥပဒေမဲ့အလုပ်ထုတ်ခြင်းမပြု လုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဖယ်ရီကိုအမြဲစီစဥ်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုအလုပ်သမားများအဖြစ်ခန့်အပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဒေးကြေး၉၅၀၀ကျပ်အပြည့်အဝရှင်းပေးရန်။
၆။ အလုပ်ရှင်ဘက်က အလုပ်သမားများကို မဆင်းမနေအချိန်ပိုအိုတီကို အောလင်း၊ အောနိုက်ဆင်းခိုင်းခြင်း မပြုလုပ်ရန်။
၇။ အလုပ်သမားများ အသုံးပြုသော အိမ်သာများကို မိုးလုံးအောင်စီစဥ်ပေးရန်နှင့်အိမ်သာလုံလောက်အောင် ဆောင်ရွက်ပေးရန်တို့ကို
Ka Hung Myanmar Co.,Ltd အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026