NEWS

အကန့်အသတ်ဖြင့်သာ ဝယ်ယူသုံးစွဲနိုင်တော့မယ့် စားအုန်းဆီ

CoverLogo
663 Views

ရန်ကုန်မြို့မှာ စားအုန်းဆီကို စစ်ကောင်စီရဲ့သတ်မှတ်ဈေးနဲ့ရောင်းချပေးတဲ့နှုန်းထားအတိုင်း ပြည်သူတွေ သမဝါယမစနစ်ဖြင့်ထုတ်ယူနိုင်ရန် စားဆီစာအုပ်ထုတ်ပေးနေမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  

"စာအုပ်ကရပ်ကွက်အလိုက်လုပ်ပေးနေတာ။ရပ်ကွက်ရုံးကလူတွေသူတို့ဘာသာစာရင်းလာကောက်တယ်။ စာအုပ်ဖိုး  ၅၀၀ ပေးရတယ်။  အိမ်မှာရှိတဲ့လူဦးရေအလိုက်ပေးတာ။ လူများရင်ပိုပေးတယ်။ ကျွန်တော်တို့က သုံးယောက်ဆိုတော့ ၅၀သားရမယ်။ သန်းခေါင်စာရင်းတွေ မှတ်ပုံတင်တွေတော့မပေးရဘူး။  ဆီကိုရက်ခြားပေးမယ်ထင်တယ်။ သူ့ရက်နဲ့သူဆီဆိုင်မှာသွားထုတ်ရမယ်။ဆီဆိုင်က ဘယ်နေ့ပြန်လာ ထုတ်ရမယ်ဆိုတဲ့ မှတ်ချက်ရေးပေးလိုက်မယ်။ အတွင်းစာမျက်နှာမှာပါတယ်။ ခုလိုလုပ်လိုက်တာကကောင်းတာ တစ်ခုတော့ရှိတယ်။ ဆီတန်းစီပြီးပြင်ပပေါက်ဈေးအတိုင်း ရောင်းစားမဲ့သူတွေလက်ထဲတော့မရောက်နိုင်ဘူး။ ဒါလေးတော့ကောင်းသွားမယ်ထင်တယ်လို့ စားဆီထုတ်ယူရမဲ့စာအုပ်ရရှိထားသူတစ်ဦးကဆိုပါတယ်။  

စစ်ကောင်စီကစားအုန်းဆီဈေးနှုန်းကို တစ်ပိဿာလျှင် ငွေကျပ် ၆၆၀၀ လို့သတ်မှတ်ကြေညာထားပေမဲ့လည်း  ပြင်ပပေါက်ဈေးမှာတော့ တစ်ပိဿာကို ငွေကျပ်၁၈၀၀၀ အထိဆက်လက်ရှိနေတာဖြစ်ပြီး  အချို့နေရာတွေမှာ တစ်ပိဿာလျှင် ကျပ်  ၂ သောင်းအထိရှိခဲ့တာပဲဖြစ်ပါတယ်။  

လက်ရှိမှာတော့ ဗိုလ်တထောင်ခရိုင်ဖြစ်တဲ့ သာကေတနဲ့ဒေါပုံဘက်တွေမှာတော့  သမဝါယမစနစ်နဲ့  ဆီထုတ်ယူရမယ့် စာအုပ်တွေကို ရပ်ကျေးအုပ်ချုပ်ရေးရုံးတွေက သန်ခေါင်းစာရင်းနဲ့မှတ်ပုံတင်တွေမေးမြန်းခြင်း မရှိဘဲ  အိမ်တွေမှာလိုက်လံထုတ်ပေးနေတာဖြစ်ပေမဲ့လည်း  အခြားသောမြို့နယ်တွေမှာတော့  သန်းခေါင်စာရင်း နဲ့ ဧည့်စာရင်းတွေအတိုင်း စာအုပ်တွေထုတ်ပေးဖို့ ပြင်ဆင်နေတာလို့လည်း သိရပါတယ်။

အဆိုပါဆီထုတ်ယူရမဲ့စာအုပ်ထုတ်ပေးတာတွေကို သြဂုတ်၂၃ ရက်နေ့က စတင်ကြေညာခဲ့တာဖြစ်ပြီး သြဂုတ် ၂၆ရက်နဲ့ ၂၇ရက်နေ့တွေမှာ စာအုပ်ထုတ်ပေးကာ ရရှိနိုင်မယ့် အချိန်အတွယ်နဲ့ သတ်မှတ်ဈေးတို့ကို တိတိကျကျအသိပေးခြင်းမရှိသေးဘဲ  ဆီထုတ်ယူရမဲ့ဆိုင်အမည်ကိုလည်း  စာအုပ်မှာဖော်ပြထားကာ စာအုပ်ပါဆီဆိုင်အတိုင်းသွားရောက်ထုတ်ယူရမှာဖြစ်တယ်လို့ လည်း သိရပါတယ်။  

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က  သမဝါယမ စနစ် ပြန်လည်ကျင့်သုံးဖို့ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းလောက်က မြန်မာနိုင်ငံအတွက်အကောင်းဆုံးစနစ်ဖြစ်တဲ့ သမဝါယမစနစ် အကောင်အထည် ဖော်ဆောင်ရွက်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီအပေါ်စတင်အကောင်အထည်ဖော်လာတာပဲဖြစ်ပါတယ်။

လက်ရှိကာလတွေမှာ  စားအုန်းဆီကိုအချိန်ကြာမြင့်စွာတန်းစီဝယ်ယူရခြင်းနဲ့ ပြင်ပပေါက်ဈေးမှာဈေးကြီးပေး၀ယ်ယူရာမှာပင် ရရှိမှုခက်ခဲတာကြောင့်   စက်ရုံ၊ အလုပ်ရုံ၊ ရုံးလုပ်ငန်းသမားတွေအတွက်တော့ ဆက်လက်ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ 

လက်ရှိစားအုန်ဆီး ဈေးနှုန်းဟာ သြဂုတ် ၂၆ ရက်ကနေစက်တင်ဘာလ ၁ ရက် နေ့အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ တစ်ပိဿာ ၆၃၇၅ ကျပ်အဖြစ် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားတာဖြစ်ပေမဲ့ ပြင်ပဈေးကွက်မှာတော့ သြဂုတ် ၂၈ ရက်နေ့ပေါက်ဈေးအရ  တစ်ပိဿာကို ၁၈၀၀၀ ကျပ်ဖြစ်ပြီး အများဈေးအရ ၁၅၀၀၀ နဲ့ ၁၆၀၀၀ ဖြစ်ပေါက်နေတယ်လို့ သိရပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026