NEWS

ဟွေ့ဟွားစက်ရုံမှ အလုပ်သမားနှစ်ဦး ကတောက်ကစဖြစ်ရာမှ အလုပ်ထုတ်ခံရ

CoverLogo
730 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် (၁) က Wai Hua Myanmar (ဟွေ့ဟွား)အထည်ချုပ်စက်ရုံမှ အလုပ်သမားနှစ်ဦး လုပ်ငန်းခွင်အတွင်း နားလည်မှုလွဲပြီး စကား ကတောက်ကစ ဖြစ်ခဲ့တာကြောင့် နှစ်ဦးလုံးကို မန်နေဂျာက အလုပ်က ထုတ်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၉ ရက်မှာ ကုန်အမှတ်တံဆိပ်ဘက်က စစ်ဆေးရး (အောတစ်) ဝင်ဖို့ရှိလို့ ချုပ်စက်က အပ် အကာ တပ်ဖို့နဲ့ ပတ်သက် အလုပ်သမားနှစ်ဦးကြား နားလည်မှုလွဲပြီး စကားကတောက်ကစ ဖြစ်ပွားခဲ့တာလို့ အလုပ်သမားတဦးက ပြောပါတယ်။
“ညီမတို့က အလုပ်ကိစ္စကြောင့် ဖြစ်ခဲ့တာပေါ့နော် ဖြစ်ခဲ့တာကလည်း တဦးအပါ် တဦး နစ်နစ်နာနာ ဖြစ်ခဲ့ တာလည်းမရှိဘူး။ ဒါကို ဖြေရှင်းပေးရမဲ့အစား နှစ်ဦးလုံးကို အလုပ်ထုတ်ခဲ့တာ။ အများဆုံး သတိပေးတယ်ဆို Warning တော်သေးတာပေါ့ ။” မနွေးနွေးအောင်က ပြောပါတယ်။
ဟွေဟွားစက်ရုံရဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူချက်စာချုပ်တွင်လည်း “အလုပ်ခွင်အတွင်း၌ လုပ်ငန်း ထိခိုက်အောင် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ကိုယ်ထိလက်ရောက်ပြုခြင်းမပြုရလို” နောက်ဆက်တွဲ (က) သာမန်ပြစ်မှုအနေနဲ့ ပါရှိပြီး နောက်ဆက်တွဲ (ခ)မှာတော့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားတာ၊ ရုန်းရင်းဆန်ခတ် ဖြစ်စေတာ၊ တစုံတဦးကို အပြင်းအထန် နာကျင်စေဖို့ ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ စကားများရန်ဖြစ် ရိုက်နှက်တာတွေကို ကြီးလေးသော ပြစ်မှုဆိုပြီး သတ်မှတ် အလုပ်ထုတ်မယ်လို့ ရေးသားထားပါတယ်။
“စက်ရုံထဲမှာ အောစူပါတွေ ရန်ဖြစ်တာကြ ၊ ဘာမှ အရေးမယူဘူး။ သူတို့ဘက်ကကြ အချိန်ပိုကို ည ၁၂ အထိခေါ်တယ်။ ဖယ်ရီတော့ ခေါ်မပေးဘူး ။ စစ်ဆေးရေး( အောတစ်) လာခါနီးမှ လုပ်တော့ ၊ အမှားမှား အယွင်းယွင်း တွေရှိတာပေါ့ ။ သူတို့အမှားကြ မသိဘူး။ ဝန်ထမ်းတွေကိုတော့ တခုခုဆို သတိပေးလက်မှတ် Warning ထိုးခိုင်းတယ်။ အလုပ်ထုတ်တယ်။ EC စာချုပ်လည်းမှာလည်း ဝန်ထမ်းတွေကိုယ်တိုင် လက်မှတ် မထိုးခဲ့ရဘူး။ စက်ရုံဘက်ကပဲ ထိုးခဲ့တာ” လို့ အမည်မဖော်လိုတဲ့ ဟွေ့ဟွားစက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။
Wai Hua Myanmar အထည်ချုပ်စက်ရုံက ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီးလမ်းမှာရှိပြီး တရုတ်အမျိုးသားတဦး ပိုင်ဆိုင်ပါတယ်။ စက်ရုံမှာတော့ လုပ်သား ၆၀၀ ဝန်းကျင်းနဲ့ MOHITO ၊ Hgtncalif၊ Hang Ten၊ Cortefiel ၊ Hamure စတဲ့ အမှတ်တံဆိပ်တို့တွေကို ချုပ်လုပ်နေပါတယ်။

Related posts

Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026
Cover
Myanmar Ming Fan အထည်ချုပ် အတင်းအကျပ် အချိန်ပိုခိုင်း၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်း
Jan 28, 2026
Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026