NEWS

ဟွမ်မြောင်အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ပြီး စက်ရုံပိတ်

CoverLogo
634 Views
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးပေါ်က ဟွမ်မြောင် အထည်ချုပ် ( HONG MIAO Garment Co;Ltd)ဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အမြင့်ဆုံးအထိ ကျူးလွန်ခဲ့ပြီးနောက် စက်ရုံကို ပိတ်သိမ်းလိုက်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
 
"ဟွမ်မြောင်စက်ရုံထဲမှာ နယ်ထိန်းတွေခေါ်ထားတယ် ပိုင်ရှင်ကမလာဘူး စက်ရုံပိတ်မယ်ပြောတယ် သူဌေးမလာဘူး HR နဲ့ လွှတ်ထားတယ် ပြီးတော့ နယ်ထိန်းတွေခေါ်ပြီး ခြိမ်းခြောက်တဲ့သဘောပဲ လက်မှတ်ထိုး ပြီးရင် အလုပ်ပိတ်မယ်ဆိုတဲ့ပုံစံမျိုး အလုပ်သမား မထိုးဘူး ဖိအားပေးခြိမ်းခြောက်တာတွေ လုပ်ဖို့ စီစဉ်နေတယ်"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
“ဟွာမြောင် စက်ရုံကတော့ အော်ဒါမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့စက်ရုံ ပိတ်သိမ်းဖို့ စက်တင်ဘာ ၂၆ ရက်မှာ အလုပ်သမားတွေကို နို့တစ်ပေးလိုက် ပါတယ်။ စက်ရုံဖွင့်တာ တနှစ်ကျော်ပဲ ရှိပါသေးတယ်။ သာဓုကန် စက်မှူဇုန် ရဲ့ ဂိုဒေါင်တခုမှာ ခိုးဖွင့်နေရာကနေ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု တွေ ဆက်တိုက် ကျူးလွန် ခဲ့လို့ ဝန်ကြီးဌာနက သိသွားခဲ့တဲ့ စက်ရုံပါ။ စက်ရုံတွင်း စစ်ဆေးမှုတွေကို လုပ်ကိုင်ခဲ့ပေမဲ့ စစ်ဆေးသူတွေနဲ့ လက်ဝါးချင်း ရိုက်ခဲ့ကြတဲ့အတွက် အလုပ်သမားတွေတောင်းဆိုတာ ဘာတခုမှ အကောင်အထည် မဖော်ခဲ့ပါဘူး။ စက်တင်ဘာ ၆ ရက်မှာ အဖွဲ့အစည်း မှတ်ပုံတင်ဖို့ ဖောင်တွေပေးခဲ့ပေမဲ့ အလည ဦးစီးက ပုံစံ ၆ ထုတ်မပေးဘဲ ချောင်ထိုး ထားခဲ့ ပါတယ်။ ဒါ့အပြင် အနည်းဆုံး လုပ်ခလစာ ပြည့်မီအောင်မပေးခဲ့တာကို အရေးယူဖို့ ပျက်ကွက် နေပါတယ်။ တကယ်ပဲ စက်ရုံပိတ်မလား၊ လိမ်ညာပြီး ခနနေ ပြန်ဖွင့်မလား၊ သမဂ္ဂ ဖွဲ့စည်းတာကို ဖျက်ချင်တာ လား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရပါမယ်”လို့ အလုပ်သမားတွေကိုကူညီပေးသူက ပြောဆိုထား ပါတယ်။
 
စက်ရုံအတွင်း ချိုးဖောက်မှုတွေကို အများအပြားရှိနေတာကြောင့် အလုပ်သမားတွေက သမဂ္ဂဖွဲ့ဖို့ ဦးစီးရုံးကို လျှောက်ထားပေမဲ့ လာရောက် စစ်ဆေးတာမရှိသလို ပုံစံ ၆ လည်းမပေးခဲ့ဘဲ သမဂ္ဂဖွဲ့တဲ့ အလုပ်သမား ၄၈ဦး ရဲ့ စာရင်းကို အလုပ်သမားဦးစီးရုံးကနေ အလုပ်ရှင်က သိခဲ့ပြီး အဲဒီအလုပ်သမားတတွေ အော်ဒါမရှိတဲ့ အကြောင်း ပြချက်နဲ့ အလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။
 
“ရှေ့ကထုတ်တဲ့ ၉ ယောက်ကလည်း သမဂ္ဂ လူတွေ။ ဒီလူစာရင်းကို အလုသမားဦးစီးက လုပ်ငန်းရှင်ကို ပေးလို့ လုပ်ငန်းရှင်က ဒီလူစာရင်းအတိုင်း ဖြုတ်သွားတာ။ လိုင်း၂ ကို အော်ဒါမရှိဘူး ဆိုပြီး မပေးဘူး။ လိုင်း၂ က လူတွေ ကို အခြားလိုင်း ၃ တို့ လိုင်း ၄တို့ကို လွှတ်တယ်။ လွှတ်တော့လည်း အဲ့ဒီလိုင်းက ဆုကြေးတွေကိုလည်း လိုင်း ပြောင်း လာတဲ့ လိုင်း၂ က လူတွေကို မပေးဘူး။ လိုင်း ၃ ကို လွှတ်လိုက်ရင် လိုင်း ၃ က တခြား အလုပ်သမားတွေရ သလိုရရမှာ တစ်သိန်းလောက်ကွာပြီးနည်းပေးလို့မရဘူးဆိုတာကိုလည်း တိုင်းစာပို့တယ်။ ချိုးဖောက်တာ အများကြီး ။ အဓိကကတော့ သမဂ္ဂမှာပါတဲ့ ၁ ကနေ ၄၈အထိ ၄၈ယောက်လုံး အကုန်ဖြုတ်ချပစ်လိုက်တာက အဆိုးရွားဆုံးသော ချိုးဖောက်မှုပဲ" လို့ အဲ့ဒီအလုပ်သမားတွေကိူ ကူညီပေးနေသူက ပြောပါတယ်။
 
စက်တင်ဘာ၂၀ ရက်မှာ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်ပြီး အခြားသောချိုးဖောက်မှုတွေကို ဆက်လက် ညှိနှိုင်းမယ်လို့ ဆိုခဲ့ပေမဲ့ သမဂ္ဂအဖွဲ့၀င် ခေါင်းဆောင် ၉ ဦးကိုတော့ ပြန်လည်ခန့်အပ်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။
 
HONG MIAO Garment Co;Ltd စက်ရုံဟာ FieldCore ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံ ဖြစ်ပြီး အငြင်းပွားမှုတွေညှိနှိုင်းပြီး စက်တင်ဘာ၂၁ ရက် စက်ရုံအတွင်း ၀င်ရောက်လုပ်ကိုင်ရာ လုပ်ငန်းခွင်အတွင်း ကို ရေတွေဝင်ရောက်နေတာကြောင့် အန္တရာယ်များတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောဆိုပါတယ်။
 
စက်ရုံတွင်း သုံးစွဲရတဲ့ ရေကလည်း သန့်ရှင်းကြည်လင်မှုမရှိဘဲ့ မဲညစ်တဲ့ရေကို သုံးစွဲနေရသလို လုပ်ငန်းခွင် အတွင်း ပန်ကာတပ်ဆင်ထားတာ မရှိတာကြောင့် အလုပ်သမားတွေက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်မှာတော့ အော်ဒါမရှိဘူးဆိုပြီး စက်ရုံပိတ်ဖို့ နို့တစ်စာထုတ်လိုက်တယ်လို့ အလုပ်သမား အရေးကူညီနေသူတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026