NEWS

ဟွမ်မြောင်အထည်ချုပ် စက်ရုံအလုပ်သမားများ ၇ညအိပ် ၈ရက် တောင်းဆိုခဲ့ပေမဲ့ ပြေလည်မှုမရ

CoverLogo
557 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးက ဟွမ်မြောင် အထည်ချုပ် ( HONG MIAO Garment Co;Ltd)က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အမြင့်ဆုံးအထိ ကျူးလွန်ခဲ့ပြီးမှ စက်ရုံပိတ်လိုက်တာကြောင့် စက်ရုံအတွင်း ၇ ည အိပ်စောင့်ဆိုင်းခဲ့ပေမဲ့ ပြေလည်မှုမရဘဲ အိမ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။


"၇ ညအိပ် ၈ ရက်ထိ တောင်းဆိုခဲ့ရတာ သဘောတူညီချက်မှမရဘူး။ အလုပ်သမားတွေက သူတို့ ထိုင်တဲ့ ခုံလေး တွေ ကို သိမ်းလိုက်တယ်။  စက်ရုံထဲမှာ ရေတွေဝင်တော့ ရေထဲဂျက်စက္ကူတွေနဲ့ ရေစိုတွေဆိုတော့ ဖျားနာလာ တယ်။ ဒီမနက် ညှိနှိူင်းခဲ့တယ်။ ၃ နာရီ နီးပါးကြာ ညှိနှိူင်းမှူအပြီးထိ  သဘောတူညီချက် ဘာမှ မရရှိဘဲ၊ အလုပ်သမားတွေက သူတို့ ပေးသလောက်နဲ့ အိမ်ပြန်ရတယ်" လို့ အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။ 


HONG MIAO Garment စက်ရုံက စက်တင်ဘာလရဲ့ လုပ်ခလစာကို အောက်တိုဘာ ၅ ရက်နေ့မှာ ပေးမယ်ဆိုပြီး စက်ရုံပိတ်တဲ့အတွက် လုပ်သက် ၆ လမပြည့်တဲ့ သူတွေကိုလည်း နစ်နာကြေးပေးဖို့။ ကိုယ်၀န်ဆောင် သမားတွေ လည်း ဖူလုံရေးကြေး မရှိတဲ့အတွက် နစ်နာကြေးပေးဖို့နဲ့ ပုတ်ပျက်သမားတွေ အရင်ပေးတဲ့အတိုင်းပေးဖို့ အပြင် စက်ရုံပိတ်တာနဲ့ လစာ တခါတည်းလိုချင်တဲ့အတွက် စက်ရုံအတွင်း၇ ညအိပ် ၈ရက်ကြာအထိ တောင်းဆိုမှု  ပြုလုပ် ခဲ့တာလို့ သိရပါတယ်။


ညှိနှိုင်းမှုကို ညအိပ်စောင့်ဆိုင်းနေတဲ့ အလုပ်သမားနှစ်ဦးကို စက်ရုံဘက်က ခိုးမှုနဲ့ အမှုဖွင့်ခဲ့ပြီးနောက် အမှု ရုတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ 


တောင်းဆိုမှုတွေကို ညှိနှိုင်းရာမှာ မြို့နယ်အလုပ်သမားဦးစီးဌာနတွေက တာဝန်ရှိသူတွေ အပြင် ထွေအုပ်လို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေပါဝင်ခဲ့ပေမဲ့ အလုပ်သမားတွေ ရပါခွင့် ဥပဒေမှာ သတ်မှတ်ထားတဲ့ နို့တစ်ကြေး နစ်နာကြေးတွေကို OT မပါ နောက်ဆုံးထုတ်လစာနဲ့ ပေးချေရမဲ့အစား နို့တစ်ကြေးကို အခြေခံလစာနဲ့သာပေးဖို့ အလရ ဦးစီးမှူးက အလုပ်ရှင်အလိုကျ ပြောကြားခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံပိတ်သိမ်းမှုမပြုလုပ်မီ အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့  အလုပ်သမားဦးစီးရုံးသို့လျှောက်ထားပေမဲ့ လာရောက် စစ်ဆေးခြင်းမရှိသလို ပုံစံခြောက်လည်းမပေးခဲ့ဘဲ သမဂ္ဂဖွဲ့စည်းတဲ့ အလုပ်သမားစာရင်းကို  ဦးစီးရုံးကနေ အလုပ်ရှင်ကသိရှိခဲ့ပြီး သမဂ္ဂအဖွဲ့ဝင်အလုပ်သမား ၄၈ ဦးကို အော်ဒါမရှိတဲ့အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့ပါတယ်။ 


အဲဒီ သမဂ္ဂဖြိုခွင်း အလုပ်ထုတ်ခံရမှုတွေအပြင် အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကုန်အမှတ်တံဆိပ် နဲ့ ILO ကို တိုင်ကြားမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး  အလုပ်သမားတွေ ရရှိဖို့ကျန်တဲ့ ငွေကြေးကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် တောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ 
 #MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026